ဗေဒင်

အရမ်းမှန်လို့ ထပ်ခါထပ်ခါတင်ဖြစ်တဲ့… . ( ၇ ) ရက်သားသမီးများအကြောင်းနှင့်စိတ်နေစိတ်ထားများ…👍👍

( ၇ ) ရက်သားသမီးများအကြောင်းနှင့်စိတ်နေစိတ်ထားများ…

တနင်္ဂ​နွေ သားသမီးများ အ​ကြောင်း

အရမ်းကြီး​ချောတဲ့ထဲမပါ​ပေမဲ့ ရုပ်​မဆိုးကြပါဘူး နှုတ်​ခမ်းအလှပိုင်​​ရှင်​တွေလဲဖြစ်​တယ်​…

အိပ်​တယ်​ဆိုတာ သူ့တို့ရဲ့ အကြီးမားဆုံးဝါသနာပါ …အ​စောကြီးထရတာလဲ ​သေ​အောင်​မုန်းတယ်​….

သီချင်း​တွေဟာ သူတို့အတွက်​ အ​ကောင်းဆုံး သူငယ်​ချင်း​တွေပါ…

စိတ်​ညစ်​စရာရှိရင်​ ဘယ်​သူ့ကိုမှ မ​ပြောပဲ တစ်​​ယောက်​ထဲသာဝမ်းနည်း​နေတတ်​ပါတယ်​…

တစ်​​ယောက်​ထဲ​အေး​ဆေး​နေရတာကို နှစ်​သက်​တဲ့ သူ​တွေပါ…

အ​ကောင်းဆုံးဆိုတဲ့အရာ​တွေကိုသာ ​ရွေးချယ်​တတ်​သူ​တွေပါ….​ငွေ​ကြေးမှာလဲ လက်​အရမ်းဖွာတယ်​….

အမြဲတမ်းလူကြီးတစ်​​ယောက်​လို ရင့်​ကျက်​ချင်​​ယောင်​​ဆောင်​​တတ်​​ပေမဲ့ က​လေးစိတ်​က​တော့ လုံးဝမ​ပျောက်​​သေးပါဘူး…

ချစ်​သူအ​ပေါ်အရမ်းအချစ်​ကြီးသလို တစ်​​ယောက်​ဆို တစ်​​ယောက်​ပဲ ချစ်​တတ်​ပါတယ်​….

စိတ်​ဆိုးလဲ ခဏဆိုတဲ့ သူ​တွေပါ…စိတ်​ထဲမှာခုသွားရင်​​တော့ ဟန်​​ဆောင်​ပြုံး​တောင်​ မပြုံးပြတတ်​ပါဘူး….

သစ္စာတရားကို တန်​ဖိုးထားတဲ့သူ​တွေမို့ သူကိုယ်​တိုင်​လဲသစ္စာရှိသလို သူ့ကို သစ္စာ​ဖောက်​ရင်​လဲ အရမ်းမုန်းတတ်​တဲ့သူ​တွေပါ။

မှန်​ရဲ့လား ​ဗျ …. မှန်​ရင်​ Shareလိုက်​​တော့ တနင်္ဂ​နွေ သားသမီး​တွေ#JTZ

တနင်္လာ သားသမီး​တွေအ​ကြောင်း

တနလာင်္သားသမီး​တွေက ​သွေး​အေးတဲ့အပြုံးကိုပိုင်​ဆိုင်​ထားသူ​တွေပါ…

အအိပ်​နဲ့အစားဆိုနှစ်​ခါမ​ပြောရဘူး လာထားဆိုတဲ့အအိမ်​မက်​အစားမက်​သူ​လေး​တွေပါ….

အရစ်​သန်​သူ​လေး​တွေဆိုလည်းမမှားပါဘူး မမူးပဲနဲ့ကိုရစ်​တာပါ မူးရင်​​တောင်​အဲ့​လောက်​မရစ်​ဘူး…

ကိုယ့်​ခံစားချက်​ထက်​တပါးသူခံစားချက်​ကိုကြည့်​​ပေးတတ်​တဲ့သူ​တွေပါ….

ဒါ​ကြောင့်​လဲ ခဏခဏနာကျင်​ရပါတယ်​…အ​ပေါင်း​ဖော်​လည်းမက်​ပါတယ်​ မိဘချစ်​သူမှမဟုတ်​ဘူး ….

သူငယ်​ချင်း​တွေကလျစ်​လျူရှုထားရင်​​တောင်​ အရမ်းဝမ်းနည်းတတ်​ကြတာပါ….

သီချင်း​တွေကိုအရမ်းနှစ်​သက်​ကြပါတယ်​….

ဘာလို့လဲဆိုသူတို့စိတ်​ညစ်​ချိန်​ဖြစ်​ဖြစ်​ ​ပျော်​ရွှင်​ချိန်​ဖြစ်​ဖြစ်​ အနားမှာ အမြဲရှိ​ပေးတဲ့ အ​ကောင်းဆုံးသူငယ်​ချင်း​တွေမို့ပါ…

အချစ်​နဲ့ပတ်​သက်​ရင်​နည်းနည်း​တော့ စိတ်​ကစားလွယ်​တယ်​….က​လေးဆန်​တဲ့အချစ်​မျိုးကိုပိုင်​ဆိုင်​ထားတာပါ…

ဂရုစိုက်​ခံရတာကိုနှစ်​သက်​သ​လောက်​ သူတို့ကို ဆရာကြီးလုပ်​ရင်​​တော့ အရမ်းမုန်းပါတယ်​….

စိတ်​ဆိုးခဲပါတယ်​ ဒါ​ပေမဲ့ သူတို့စိတ်​ဆိုးပြီဆိုရင်​​တော့ တကယ့်​ကို​ဒေါသထွက်​လို့ပဲဖြစ်​လိမ့်​မယ်​…

ချော့လိုက်​ပါခဏ​လေးနဲ့စိတ်​​ပြေတဲ့သူ​တွေ​ပါ။

မှန်​ရဲ့လား ​ဗျ….မှန်​ရင်​ Shareလိုက်​​တော့ တနင်္လာသားသမီး​တွေ #JTZ

အင်္ဂါသားသမီး​များအ​ကြောင်း

အင်္ဂါသားသမီး​လေး​တွေဟာ အမြင်​မှာ မထူးဆန်းဘူးထင်​ရ​ပေမဲ့ တကယ်​​​တော့ အများနှင့်​မတူတဲ့အချက်​​တွေကို ပိုင်​ဆိုင်​ထားသူ​တွေပါ…

သူတို့ဟာ အ​နေ​အေးတယ်​….အရှက်​အ​ကြောက်​ကြီးတယ်​…စိတ်​ရင်း​ကောင်း​သ​လောက်​ အားနာလည်းကြီးတတ်​ကြတယ်​….

စိတ်​ဓာတ်​ ​လေး​တွေက မာ​ကျောတယ်​ဆို​ပေမဲ့. အားငယ်​​နေပြန်​ရင်​ လည်းနှစ်​​ယောက်​မရှိဘူး….

လူစိမ်း​တွေနဲ့ဆို မာနကြီးသလိုလို ​နေတတ်​ကြ​ပေမဲ့ သူတို့နဲ့ ရင်းနှီးတဲ့သူ​တွေနဲ့ကြ​တော့ ….

က​လေး​လေးတစ်​​ယောက်​လို အမြဲ​ပျော်​ရွှင်​​နေတတ်​ကြတယ်​….ရိုးသားကြတယ်​….

များ​သောအားဖြင့်စကားနည်းတယ်​…လူအများကြီး​ရှေ့မှာဆို စကားသိပ်​မ​ပြော​ပေမဲ့…

သူတို့ရင်းနှီးတဲ့သူ​တွေနဲ့ဆို ​ဖောင်​ဖွဲ့​အောင်​​ပြော​နေတတ်​တဲ့သူမျိုး….ရိုးရိုး​လေး​နေရတာကို သ​ဘောကျတယ်​….

ဒါပေမဲ့ ​ခေတ်​နဲ့​လျော်​ည်ီ​အောင်​လည်း ဝတ်​တတ်​စားတတ်​​နေတတ်​ထိုင်​တတ်​ကြတယ်​….

အချစ်​​ရေးမှာ ကံ​ကောင်းကြတယ်​…ချစ်​သူခင်​သူလည်း ​ပေါတယ်​……

ချစ်​သူရဲ့ အလိုလိုက်​ခြင်းကိုလည်း ခံရတတ်​တယ်​..တကယ်​ချစ်တဲ့သူနဲ့ပဲ လက်​ထပ်​ရလိမ့်​မယ်​…..

ရည်းစားမများဘူးဆို​ပေမဲ့ နှစ်​​​ယောက်​ သုံး​ယောက်​ ထားပြီးမှ အချစ်​စစ်​ကို ​တွေ့လိမ့်​မယ်​…

သူတို့ကို ခင်​တဲ့သူ ပေါကြတယ်​…အထူးသဖြင့်​ သူတို့​လေး​တွေရဲ့ ရိုးသားခြင်းကို သ​ဘောကျပြီး မိတ်​​ဆွေ​ပေါတာ ဖြစ်​တယ်​….

အနုပညာကို နှစ်​သက်​တယ်​…အရမ်းကြီး​တော့ မရူးသွပ်​ဘူး…ဘယ်​အရာကိုဖြစ်​ဖြစ်​ အရမ်းကြီး အစွဲအလန်းမထားဘူး…

ဒါ့​ကြောင့်​ သိပ်​ပြီး မခံစားရတတ်​ဘူး…အထူးသဖြင့်​ သူတို့​လေး​တွေက အလုပ်​လုပ်​ရမှာ ပျင်းတတ်​ကြတယ်​…..

ဒါ​ပေမဲ့ သူတို့ စိတ်​ရှိတဲ့အချိန်​ဆိုလည်း မငြီးမငြူ လုပ်​တတ်​ကြတယ်​ ….အအိပ်​မက်​တယ်​ …

အစားမကြီးဘူးဆို​ပေမဲ့ အသင့်​အတင့်​စားတတ်​တဲ့သူမျိုး….သူတို့​လေး​တွေဟာ အရမ်းရိုးသားကြတဲ့အတွက်​ ချစ်​စရာ​ကောင်းကြတယ်​…

မိသားစုမှာ သူတို့​လေး​တွေက အ​ရေး​ပေးခံရတယ်​…အထူးခြား​ဆုံးက​တော့ သူများ​တွေထက်​ရိုးသားတာ…

အဲ့​ကြောင့်​…လူချစ်​လူခင်​​ပေါကြတယ်​….။

မှန်​ရဲ့လား ​ဗျ ….မှန်​ရင်​ Shareလိုက်​​တော့ အင်္ဂါသားသမီး​တွေ #JTZ

ဗုဒ္ဓဟူး သားသမီးများအ​ကြောင်း

လူချစ်​လူခင်​​ပေါသလို လူမုန်းလဲများပါတယ်​….သူ့ရဲ့အမှန်​တရားကိုလက်​ကိုင်​ထားတတ်​တဲ့အကျင့်​​ကြောင့်​ပါ…

ဘယ်​​လောက်​ပဲစိတ်​ညစ်​စိတ်​ညစ်​ ​ပျော်​​အောင်​​နေတတ်​ကြတယ်​….

မှန်​လိုလူ​​တွေကိုယ့်​အ​ပေါ်​ကောင်းရင်​​ကောင်းမယ်​ ဆိုးရင်​ ပြန်​ဆိုးမယ်​…

ပြတ်​သားစိတ်​အပြည့်​ရှိတဲ့သူ​တွေပါ….အားနည်းချက်​က​အ​ပြောဆိုမတတ်​တာပါ..

ပြောချင်​တာရှိရင်​ စိတ်​ထဲမထားပဲချက်​ချင်း​ပြောချလိုက်​ပြီး​ နောက်​မှပြန်​​တွေးပြီး အားနာတတ်​တဲ့သူ​တွေပါ….

လုပ်​ချင်​ပြီ​ဟေ့ဆို အဲ့လုပ်​ကို ဘယ်​သူတားတားဖြစ်​အောင်​လုပ်​တတ်​တယ်​…

အရမ်းကြိုက်​တဲ့ သီချင်းဆို တပ်​ခါတပ်​ခါနား​ထောင်​တတ်​ကြတယ်​….

အရွဲ့တိုက်​ဖို့ဆိုထိပ်​ဆုံးကသွားမရွဲ့နဲ့ ဆယ်​ဆပြန်​ရွဲ့​ပေးလိုက်​​လိမ့်​မယ်​…

သူတို့ပြုံးလိုက်​တဲ့အခါတိုင်း က​လေး​လေးတစ်​​ယောက်​လို ဖြူစင်​ပြီး ချစ်​ဖို့​ကောင်းကြတယ်​…

မှန်​ရဲ့လား ​ဗျ …..မှန်​ရင်​ Shareလိုက်​​တော့ ဗုဒ္ဓဟူးသားသမီး​တွေ #JTZ

ကြာသပ​တေး သားသမီးများ အ​ကြောင်း

ကြာသပတေး သားသမီးများသည် စိတ်ရင်စေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။လူတိုင်းကိုခင်မင်တတ်သည်။

အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။

လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။

မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။

တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။

ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။

စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့်သူများဖြစ်သည်။

ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။

သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။

သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။

ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။

အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။

ဒုက္ခကြုံလျှင်ဖြစ်စေ၊ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။

မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။

လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်။

လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။

ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။

ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။

မှန်​ရဲ့လား ​ဗျ ….မှန်​ရင်​ Shareလိုက်​​တော့ ကြာသပ​တေးသားသမီး​တွေ #JTZ

သောကြာသားသမီးများအကြောင်း

အပြောအရမ်းကောင်းပီးနှုတ်ချိုတာ သောကြာ….

အဓိကမျက်လုံးရယ် နှုတ်ခမ်းရယ်ဆွဲဆောင်မှု့ရှိကြတယ်…

စိတ်ခံစားမှု့အရမ်းလွယ်တတ်ပေမဲ့ ဟန်ဆောင်ကောင်းတဲ့သူတွေပါ…

အချစ်လည်းအရမ်းကြီးသလိုအမြတ်လည်းအရမ်းကြီးတတ်ကြတယ်….

ဒေါသကြီးပီဆိုဘာကိုမှမမြင်တတ်ပဲလုပ်ချင်ရာတဇွတ်ထိုးလုပ်ပီးမှ နောင်တရနေတတ်တာ….

လောဘကြီးတဲ့အထဲမှာ မပါဘူး….ရှိတာနဲ့ရောင့်ရဲတတ်သူတွေ….

စကားများရန်ဖြစ်ရမှာကိုမကြိုက်ဘူး….အကြောက်ဆုံးက သူများအပေါ် အကြွေးတင်နေတာ…

အရာရာကို စဉ်းစားချင့်ချိန်ပီးမှ လုပ်တတ်ကြတယ်….

လုပ်ရင်လည်းဘယ်တော့မှနောက်မဆုတ်ဇွဲရှိကြတယ်….

မိဘအပေါ် အရမ်းသိတတ်ကြပီး မျက်နှာရိပ်မျက်နှာကဲ အရမ်းသိသူတွေ…

သူတို့ရဲ့ရိုးရာကစကားသိပ်များတတ်တာပါ…

သူငယ်ချင်းတွေအထဲသူတို့မပါရင်ပွဲမစီပွကြီးတွေပေါ့…

သူတို့အများဆုံး crush တာ အင်္ဂါ/တနင်္ဂနွေ….

မိတ်ဘက်အိမ်ထောင်ဘက်ဟာလည်း Tue&Sun….

သူတို့နဲ့မတည့်တာ စနေ/ကြာသာပတေး…

သူတို့control လုပ်နိုင်တာ တနင်္ဂနွေ….

အနုပညာနဲ့အလှအပမှာ အများနဲ့မတူ တမူထူးခြားသူတွေပါ….

အများနဲ့မတူ ဆန်းသစ်တဲ့ အတွေးများရှိသော သူတွေ….

ချစ်သူကိုအရစ်သန်တာ သောကြာပါ….

ထပ်တလဲလဲပြောတတ်တာလည်း သူတို့ပဲ…

စိတ်ကောက်တတ်တာလည်း သူတို့ပဲ….စိတ်ပြေလွယ်တာလည်းသူတိုပဲ…

အစွဲအလမ်းကြီးပီး သနားတတ်တာလည်း သူတို့ပဲ…

နောက်ကြောဓါးနဲ့အထိုးခံရတာအများဆုံး သောကြာ…

ခင်ပီဆိုကိုယ့်အကြောင်းတခုမကျန်ပြောတတ်တာ သေကြာ….

ပွင့်လင်းဖော်ရွေတာလည်း သောကြာ….

Qစယား လုံးဝ ရှင်းတာ ​သောကြာ….

ကိုယ့်အပေါ်၁ကျပ်ဖိုးကောင်းရင် ၁၀၀ဖိုးလောက်ပြန်ကောင်းတာ သောကြာ….

အနစ်နာခံပေးဆပ်နိုင်ဆုံးသော သူတို့….

ဟင်ဆိုရင် လှည့်မကြည့်တော့တာ သောကြာ….

သူတို့အပေါ်မကောင်းရင်တော့ ဘယ်လောက်ချစ်​ချစ် စွန့်လွှတ်ပီး ပြန်မလှည့်ကြည့်တတ်တော့ပါဘူး….

မှန်​ရဲ့လား ​ဗျ ….မှန်​ရင်​ Shareလိုက်​​တော့ ​သောကြာသားသမီး​တွေ#JTZ

စ​နေ သားသမီးများအ​ကြောင်း

အရမ်းကြီးမ​ချောကြ​ပေမဲ့ ပြုံးလိုက်​တဲ့ချိန်​တိုင်း ချစ်​ဖို့​ကောင်းကြတာ စ​နေ​တွေပါ…

တစ်​​ယောက်​ထဲ​နေရင်​ဆရာကြီးလို မျက်​နှာထားနဲ့ ​ပေါင်းကြည့်​​တော့မှ င​ပေါ​လေးမှန်းသိရတာ စ​နေ​တွေပါ….

တခါတ​လေလည်း က​လေးအရမ်းဆန်​ကြတာ စ​နေ​တွေပါပဲ….

တစ်​ဖက်​သားကိုအရမ်းကူညီချင်​စိတ်​ရှိကြတယ်​ စ​နေ​တွေပါ….

အပျင်းကလဲကြီးတယ်​ အပျင်းအရမ်းကြီးတဲ့ ငပျင်း​လေး​တွေလည်း ဖြစ်​ကြတယ်​…

သူတို့ အရမ်းကြိုက်​တဲ့ သီချင်း​လေး​တွေဆို ထပ်​ခါထပ်​ခါ ပြန်​နား​ထောင်​လိမ့်​ရှိကြတယ်​ စ​နေ​တွေပါ….

သူတို့လုပ်​မဲ့အလုပ်​ကို အ​ရှေ့က​နေ ဒါလုပ်​ဒါလုပ်​​ပြောလိုက်​ရင်​ မကြိုက်​ကြဘူး စ​နေ​တွေပါပဲ….

အချစ်​​ရေးမှာ ကံမ​ကောင်းကြဘူး …သစ္စာခဏခဏ​ဖောက်​ခံရ တတ်​ကြတယ်​….

တစ်​​ယောက်​ဆို တစ်​​ယောက်​ပဲချစ်​တယ်​ …ချစ်​သူ​ပေါ် သစ္စာရှိတဲ့သူ​တွေပါ….

သူ့တို့ဘက်​ကစ​တောင်းပန်​​လေ့မရှိကြဘူး ​…တောင်းပန်​ရင်​​တော့ သူ့တို့အရမ်းတန်​ဖိုးထားတဲ့ လူမို့ပါ…

မှန်​ရဲ့လားဗျ …..။မှန်​ရင်​ Share လိုက်​​တော့ စ​နေသားသမီး​တွေ #JTZ

Crd.

unicode

မှန်​ရဲ့လားဗျ …..။မှန်​ရင်​ Share လိုက်​​တော့ စ​နေသားသမီး​တွေ