ဗဟုသုတ

သင်ရဲ့ စိတ်လိပ်ပြာက ဘယ်လောက်တောင် လှသလဲ…..

သင်ရဲ့ စိတ်လိပ်ပြာက ဘယ်လောက်တောင် လှသလဲ…..

၁။

နံပါတ် (၁) ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ မိသားစုကို အလွန်ကာကွယ်ပေးတတ်သူဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ သင်က သူတို့အတွက် ဘယ်အချိန်မဆို အကူအညီပေးဖို့ရှိနေတယ်ဆိုတာကိုလည်း သူတို့ သိကြတယ်။ မမျှတမှုနဲ့ မတရားမှုတွေကို မုန်းပြီး အဲ့ဒါတွေ ဖြစ်နေပြီဆိုရင်လည်း ရပ်တန့်တားဆီးပစ်ဖို့ ဘာမဆိုလုပ်မယ့်သူမျိုးဖြစ်တယ်။

အကောင်းဆုံးတွေဖြစ်မယ်လို့ ယုံကြည်ချက်ရှိတဲ့အရာတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်ပြီး အမြဲတမ်း အရင်ဆုံး ရှေ့ကထွက်လာတဲ့ သူဖြစ်တယ်။ လက်တွေ့ကျတယ်၊ ရိုးသားတယ်၊ ကိုယ့်အနားမှာရှိတဲ့ လူတွေကိုလည်း ကိုယ့်လိုပဲဖြစ်စေချင်တယ်။
ဒါပေမယ့် သင့်က သင့်ကို အသုံးချဖို့ပဲ အလိုရှိတဲ့ လူတစ်ချို့ရဲ့ အမြတ်ထုတ်တာခံနေရတာကို မမြင်တတ်ဘူး။ ကိုယ့်ဘက်က ဘယ်လိုမျိုးပေးဆပ်လိုက်ရသလဲဆိုတာကို သေသေချာချာ စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။

၂။

သင်ရဲ့ အတွင်းစည်းမှာ ဘယ်တော့မှ မငြိမ်းသွားနိုင်တဲ့ မီးတောက်တစ်ခု တောက်လောင်နေတယ်။ သင်က စိတ်ဆန္ဒ ခိုင်မာပြင်းပြပြီး ဘ၀ရဲ့ ဘယ်ရှုထောင့်မျိုးမှာဆို စိတ်ဓာတ်ခွန်အား တက်ကြွတဲ့သူဖြစ်တယ်။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုလည်း အဲ့ဒါကို ရဖို့ လုပ်ရမယ့်အရာတွေကို အစဉ်တိုင်း မဆိုင်းမတွလုပ်တတ်တဲ့သူဖြစ်တယ်။

အောင်မြင်မှုတွေကိုလည်း ရရှိနေတဲ့တိုင် မရပ်တန့်လိုက်ဘဲ ဆက်သွားနေတတ်တယ်။ သင့်ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး ဘယ်သူ့ကမှ လာပြောလို့မရဘူး။တစ်ခါတစ်ရံမှာတော့ ဖြစ်လာဖို့ စောင့်ရမယ့် အရာတွေအတွက် သင့်မှာ သည်းခံနိုင်စွမ်းတွေ ပျောက်ဆုံးနေတတ်ပြီးအကျိုးအကြောင်းတွေ ဆင်ခြင်တဲ့နေရာမှာ အားနည်းသွားတတ်တယ်။ ကိုယ့်အကျိုးအတွက်ကိုယ် လုပ်တဲ့အရာတွေမှာ အလုပ်ဖြစ်နိုင်ပေမယ့် ဒါက အမြဲတမ်းမှာတော့ ဒုက္ခဖြစ်နိုင်တဲ့အတွက် သတိထားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

၃။

နံပါတ် (၃) လိပ်ပြာကို ရွေးချယ်ခဲ့ရင်တော့ သင့်က အလွန် အာရုံခံစားမှုကောင်းပြီး ပြုစုဂရုစိုက်တတ်တဲ့ စိတ်ဝိညာဉ်ရှိသူဖြစ်တယ်။ တစ်ခါတစ်ရံမှာတော့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်စတဲ့သူတွေက အသိမှတ်မပြုဘူး၊ နားလည်မှုမရှိဘူးဆိုတဲ့ ခံစားမှုတွေ ၀င်နေတတ်တယ်။ ပင်ကို အရည်အချင်းတွေ အများကြီးရှိပေမယ့် အဲ့ဒါတွေက ကောင်းကောင်းမပြည့်ဝဘူးလို့ ခံစားရပြီး အမြဲတမ်းမှာ သိပ်အသုံးချလေ့မရှိဘူး။ကိုယ် ပတ်ဝန်းကျင်အပေါ် သိပ်အလေးအနက်ထား ဂရုစိုက်ပြီး မတရားမှုတွေ ဖြစ်နေတာ မြင်ရတဲ့အခါ ရင်ထဲမှာ ငိုနေတတ်တယ်။
ဒီလိုမျိုး အကျင့်စရိုက်ရှိတာကြောင့် သင့်အနားက လူတွေက တစ်ခါတစ်ရံမှာ စိုးရိမ်မှုတွေရှိနေတတ်ကြတယ်။ အမြဲတမ်း သင့်အနားမှဆို အနေအထိုင် ဆင်ခြင်ရတယ်၊ သတိကြီးကြီးနဲ့ နေနေရတယ်။ အခြေအနေနဲ့လိုက်ပြီး သင်က တင်းကျပ်တတ်ကြောင့်လည်း ပါတယ်။ စိတ်စေတနာကောင်းတာ၊ ဆတ်ဆတ်ထိမခံနိုင်တာလေးစားဖို့ကောင်းတဲ့ အချက်တွေဖြစ်ပေမယ့် မကြိုက်ဘူးဆိုရင် ဘယ်လောက်ခင်ခင် မညှာတတ်တော့ဘူး။

၎။

သင်က တကယ်ကို စိတ်ကူးယဉ်ဆန်တဲ့ သူတစ်ယောက်ပါပဲ။ မှတ်မိနိုင်တဲ့ အချိန်ကစပြီး သင့်မှာ စိတ်ကူးအိပ်မက်အကြီးကြီးတွေရှိခဲ့တယ်။ တစ်ခါတစ်ရံမှာ လွင့်မျောနေတတ်တာကြောင့် ဖြစ်သင့်ဖြစ်ထိုက်တာ၊ ပြီးမြောက်ရမယ့် အလုပ်တာဝန်တွေမှာ ပေါ့လျော့နေတတ်တယ်။ ကိုယ့်ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြတတ်တာကြောင့် တစ်ချို့လူတွေကဆို သင့်ကို လေထဲ အိမ်ဆောက်နေတဲ့သူ၊ ပျင်းရိ ညံ့ဖျင်းတဲ့သူလို့ မြင်နေနိုင်တယ်။
သင့်က သင်စိတ်တိုင်းကျမဖြစ်ရင် ဘာမဆို ငြင်းပယ်တဲ့သူဖြစ်တယ်။ ကိုယ့်ဘာကို နှစ်သက်သလဲ ကိုယ်ပဲ သိသလို ရဖို့ ဘယ်လို လုပ်ရမလဲဆိုတာအပေါ် အကောင်းဆုံး လုပ်ဆောင်တယ်။ စိတ်ကူးအိပ်မက်တွေဟာ တကယ် ပြည့်ပြည့်၀၀ အားထုတ်မယ်ဆို အမှန်တကယ် ဖြစ်လာနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်နဲ့ ကိုယ်နေရာ ပတ်ဝန်ကျင်းမှာ ယုံကြည်ချက်ထားပြီး နေထိုင် လုပ်ကိုင်နေတဲ့သူဖြစ်တယ်။