မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားက ဆံပင္ကို ေကာက္လိုက္ေျဖာင့္လိုက္လုပ္ၾကတာမ်ားပါတယ္။
တခ်ိဳ႕က ဆံပင္ေရလႈိင္းပုံေလးေတြလုပ္တာကို ႀကိဳက္ၾကတယ္။တခ်ိဳ႕က် ေျဖာင့္စင္းေနတဲ့ ဆံပင္ကို ႀကိဳက္ၾကပါတယ္။
ဒါေပမယ့္ ေကာက္တာပဲျဖစ္ျဖစ္ ေျဖာင့္တာပဲျဖစ္ျဖစ္ ဆံပင္ကို စက္နဲ႔ဆြဲၿပီးလုပ္ရတာမလို႔ ဆံေကသာကို အနည္းနဲ႔ အမ်ားေတာ့ ပ်က္ဆီးေစမွာပါ။
အဲ့လိုမ်ိဳးေတြ မျဖစ္ရေအာင္ ဆံေကသာကို ေျဖာင့္စင္းခ်င္သူမ်ားအတြက္ သဘာဝအတိုင္းေပါင္းတင္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။
ေပါင္းတင္တာဆိုတဲ့အတြက္ ေခါင္းေလွ်ာ္သလို ေလွ်ာ္လို႔မရပါဘူး။ဆံေကသာမွာ ႏွံေအာင္လိမ္းထားၿပီးမွ အခ်ိန္တစ္ခုထားၿပီး ေလွ်ာ္ရမွာပါ
ပထမဆုံး ဘာေတြလိုအပ္လဲဆိုတာ ေျပာျပပါမယ္။
လိုအပ္တဲ့ ပစၥည္း ေလးေတြကေတာ့
– ၾကက္ဥ
– ရွားေစာင္းလက္ပက္
– သံလြင္ဆီ
– ပ်ားရည္
ဆံပင္အတိုအရွည္ေပၚမူတည္ၿပီး ခ်င့္ခ်ိန္ၿပီးေရာစပ္ဖို႔ေတာ့လိုပါတယ္။ ပထမဆုံး ၾကက္ဥကို လိူသေလာက္ ေဖာက္ၿပီးထည့္လိုက္ပါ။
ၿပီးရင္ ရွားေစာင္းလက္ပက္ကို အထဲက အႏွစ္ေတြ ထူတ္ၿပီးေတာ့ ၾကက္ဥနဲ႔ေရာေမႊပါ။ၿပီးရင္ သံလြင္ဆီရယ္ ပ်ားရည္ရယ္ကိုပါထပ္ထည့္ၿပီး ႏွံ႔ေအာင္ေမႊေပးပါ။
ေရာၿပီးသြားၿပီဆိုရင္ ဆံေကသာကို လိမ္းလို႔ရပါၿပီ။ေသခ်ာႏွံ႔ေအာင္လိမ္းၿပီး ေျဖးေျဖးခ်င္းလိမ္းေပးပါ။ၿပီးရင္ နာရီဝက္ေလာက္ ေပါင္းခံထားၿပီးေတာ့
ေရနဲ႔ေဆးခ်ၿပီး ေလွ်ာ္လိုက္တာနဲ႔ ေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာကို ရရွိလာမွာပဲျဖစ္ပါတယ္။ဆံေကသာေပ်ာ့ေပ်ာင္းေစ႐ုံမဟုတ္ပဲနဲ႔ ဆံပင္ႏွစ္ခြျဖစ္တာကိုပါ
ေပ်ာက္ကင္းေစႏိုင္ပါတယ္။တစ္ခုထပ္ထည့္လို႔ရတာက ဆံပင္ကြၽတ္တတ္တဲ့ သူဆို သံပုရာရည္ပါထပ္ထည့္ၿပီး အသုံးျပဳလို႔ရပါတယ္။
credit myanmar platform
unicode version
မိန်းကလေးတွေတော်တော်များများက ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်လုပ်ကြတာများပါတယ်။
တချို့က ဆံပင်ရေလှိုင်းပုံလေးတွေလုပ်တာကို ကြိုက်ကြတယ်။တချို့ကျ ဖြောင့်စင်းနေတဲ့ ဆံပင်ကို ကြိုက်ကြပါတယ်။
ဒါပေမယ့် ကောက်တာပဲဖြစ်ဖြစ် ဖြောင့်တာပဲဖြစ်ဖြစ် ဆံပင်ကို စက်နဲ့ဆွဲပြီးလုပ်ရတာမလို့ ဆံကေသာကို အနည်းနဲ့ အများတော့ ပျက်ဆီးစေမှာပါ။
အဲ့လိုမျိုးတွေ မဖြစ်ရအောင် ဆံကေသာကို ဖြောင့်စင်းချင်သူများအတွက် သဘာဝအတိုင်းပေါင်းတင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပေါင်းတင်တာဆိုတဲ့အတွက် ခေါင်းလျှော်သလို လျှော်လို့မရပါဘူး။ဆံကေသာမှာ နှံအောင်လိမ်းထားပြီးမှ အချိန်တစ်ခုထားပြီး လျှော်ရမှာပါ
ပထမဆုံး ဘာတွေလိုအပ်လဲဆိုတာ ပြောပြပါမယ်။
လိုအပ်တဲ့ ပစ္စည်း လေးတွေကတော့
– ကြက်ဥ
– ရှားစောင်းလက်ပက်
– သံလွင်ဆီ
– ပျားရည်
ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး ချင့်ချိန်ပြီးရောစပ်ဖို့တော့လိုပါတယ်။ ပထမဆုံး ကြက်ဥကို လိူသလောက် ဖောက်ပြီးထည့်လိုက်ပါ။
ပြီးရင် ရှားစောင်းလက်ပက်ကို အထဲက အနှစ်တွေ ထူတ်ပြီးတော့ ကြက်ဥနဲ့ရောမွှေပါ။ပြီးရင် သံလွင်ဆီရယ် ပျားရည်ရယ်ကိုပါထပ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။
ရောပြီးသွားပြီဆိုရင် ဆံကေသာကို လိမ်းလို့ရပါပြီ။သေချာနှံ့အောင်လိမ်းပြီး ဖြေးဖြေးချင်းလိမ်းပေးပါ။ပြီးရင် နာရီဝက်လောက် ပေါင်းခံထားပြီးတော့
ရေနဲ့ဆေးချပြီး လျှော်လိုက်တာနဲ့ ပျော့ပျောင်းတဲ့ ဆံကေသာကို ရရှိလာမှာပဲဖြစ်ပါတယ်။ဆံကေသာပျော့ပျောင်းစေရုံမဟုတ်ပဲနဲ့ ဆံပင်နှစ်ခွဖြစ်တာကိုပါ
ပျောက်ကင်းစေနိုင်ပါတယ်။တစ်ခုထပ်ထည့်လို့ရတာက ဆံပင်ကျွတ်တတ်တဲ့ သူဆို သံပုရာရည်ပါထပ်ထည့်ပြီး အသုံးပြုလို့ရပါတယ်။
credit myanmar platform