အလွပေရးရာ
ငွေကုန်သက်သာပြီး သဘာဝအတိုင်း ဆံပင်သန်စေ၊နက်စေမယ့် နည်းလမ်း….
Credit
unicode
မင်္ဂလာပါ မိတ်ဆွေ တို့ရေ…ဆံပင်တွေဟာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာလို့ ဆိုရလောက်အောင် အရေးပါပါ တယ်။
ဆံပင်လေး သပ်သပ်ရပ်ရပ် ဖီးစတိုင်ကျကျ ညှပ်ထားတဲ့ အခါ မိမိကိုယ်ကို ယုံကြည်မှု တိုးစေသလို မြင်ရသူတွေ အတွက်လည်း ဆွဲဆောင်မှု အပြည့်ရှိ စေတာပါ …။
ဒါပေမယ့် တစ်ချို့လူတွေမှာတော့ ဆံပင်ကျွတ်တာတွေ ဆံပင်မသန် တာတွေကြောင့် စိတ်ညစ်နေကြရပါတယ်။ အဆိုပါ လူတွေ အတွက် အရမ်းကောင်းတဲ့
ဆံပင်သန်ဆေးကောင်းလေး တစ်လက် ပေးချင်ပါတယ်နော် …။
ရှားစောင်းလက်ပက် သုံးချပ်လောက် ရှာပြီးဘေး အစွန် းနှစ်ဘက် လှီးဖြတ်ပြီး အနေတော် အတုံးလေးတွေ တုံးထားပါ။ အုန်းဆီ စစ်စစ်(၁၀)သား ကို
မီးဖိုပေါ်တင် အပူပေးပြီး စောစောကတုံးထားတဲ့ ရှားစောင်းလက်ပတ် တုံးတွေ ထည့်ပြီး မွှေပါ …။
ရှားစောင်း လက်ပတ် ခပ်ဝါဝါအရော င်သို့ပြောင်း လာပြီ ဆိုရင်ဇကာနဲ့စစ် ဆီပဲ ယူထားပါ။ ကြက်သွန်ဥနီ အနေတော်(၂)လုံး ကိုထောင်း (သို့) Blender နဲ့ ကြိတ်ပြီး
ရေစစ်အသေး ဒါမှ မ ဟုတ် ပိတ်ဖြူစနဲ့ အရည်ညှစ်ချကာ ခုနက အအေးခံထားတဲ့ ဆီထဲကြက်သွန်ဥနီအရည်လောင်း ထည့်ပါ။
မချိုးခင် ဦးရေပြားကို နှိပ်နှယ်ရင်းခပ် ရွှဲရွှဲ လိမ်းပေးပါ။ မိနစ်(၂၀)လောက်ခဏ ထားပြီးခေါင်းလျှော် ချလိုက် ပါ …။
ဆံပင်ခြောက်တာနဲ့ကိုယ့် ဆံပင်က ဆံသားပျော့ အိအိအရသာလေး ကိုက ထူးခြားနေ ပါလိမ့်မယ်။ နှစ်ကြိမ် သုံးကြိမ်လောက် လုပ်ကြည့်ရုံနဲ့
ဆံပင်ထူထူ သိပ်သိပ်ပြန်ဖြစ် လာပြီး ဆံပင်ကျွတ်တာ၊ နှစ်ခွဖြစ်တာ၊ ထိပ်ပြောင်တာ၊ ဆံပင်ဖြူနေရာ ကနေ ပြန်ပီး နက်လာတာကို သိသိသာသာ တွေ့ရပါလိမ့်မယ် …။
ပရိသတ်ကြီး တို့လည်း ဆံပင်ကျွတ်တာ မသန်ပဲ ပါးနေတာတွေကြောင့် စိတ်ညစ်နေတယ် ဆိုရင် အထက်ပါ နည်းလမ်းလေးကို စမ်းသပ်လုပ်ဆောင်ကြည့်ကြ ပါ။
အကျိုးထူးစေ မှာပါနော် …။ ။
Credit