အလွပေရးရာ
သင့်အသားအရေကို ချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်ပေါင်းတင်နည်း (၄) မျိုး
(၂) နွားနို့
(၃) ပျားရည်
(၄) သင်္ဘောသီး
Em Em
Credit
unicode
အသားအရေကို ဖြူဝင်းပြီး ကြည်လင်နေတာကို ကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ်။
အဲဒါက ဘာလဲဆိုတော့ ရှားစောင်းလက်ပပ်ကို နည်းလမ်းမှန်မှန် သုံးပေးရင် သင့်အသားအရေကို အလျင်မြန်ဆုံး ဖြူဝင်းသွားစေ နိုင်တယ် ဆိုတာပါပဲ။
ဒီတော့ အသားအရေကို အချိန်တိုအတွင်း ဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ် ပေါင်းတင်နည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်နော်
(၁) ရှားစောင်းလက်ပပ်နဲ့ သကြား
-ရှားစောင်းလက်ပပ် လက်ဖက်ရည်ဇွန်း ၂ဇွန်း
-သကြားညို လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပါဝင်ပစ္စည်းများကို သေသေချာချာ သမသွားအောင် ရောမွှေပြီး ရလာတဲ့အနှစ်ကို လိမ်းလိုက်ပါ။ ပြီးရင်တော့ စက်ဝိုင်း ပုံသဏ္ဍာန်နဲ့ ညင်သာစွာ ပွတ်လိမ်းပေးပါ။၁၀ မိနစ်ခန့် အကြာမှာတော့ ရေအေးလေးနဲ့ ဆေးလိုက်ရုံပါပဲ။
(၂) နွားနို့
နွားနို့နဲ့ ရှားစောင်းလက်ပပ် အနှစ်ကို ဆတူရောကာ သေသေချာချာ မွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းကာ နာရီဝက်အကြာမှာရေနွေးလေးနဲ့ ဆေးကြော ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးဟာ အသားအရေကို အမြန်ဆုံး ဖြူဝင်းလာစေမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်။
(၃) ပျားရည်
ပျားရည်နဲ့ ရှားစောင်းလက်ပပ် အနှစ်ကို ဆတူ ရောစပ်လိုက်ပါ။ ပြီးရင်တော့ အရေပြားပေါ်မှာ လိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေဆေးလိုက်ရုံပါပဲ။
ဒီနည်းလမ်းလေးဟာ အသားအရေကို ဖြူဝင်းလာစေရုံသာမက ရေဓာတ်ကိုပါ ဖြည့်ပေးနိုင်တဲ့အတွက် အရမ်းကို အသုံးဝင်ပါတယ်။
(၄) သင်္ဘောသီး
သင်္ဘောသီးဟာ အသားအရေကို ဖြူဝင်းစေတဲ့ အစွမ်းထက် သဘာဝ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် အနှစ်နဲ့ ကြိတ်ချေထားတဲ့သင်္ဘောသီး မှည့်တို့ကို ဆတူရောစပ်ပြီး လိမ်းပေးလိုက်ပါ။နာရီဝက် အကြာမှာတော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးဟာ ဘယ်လို အသားအရေမျိုးနဲ့မဆိုတည့်တဲ့အတွက် Sensitive Skin တွေလည်း အသုံးပြု ပေးနိုင်ပါတယ်နော်။ ။
Em Em
Credit