အေထြအေထြဗဟုသုတ
unicode
အမျိုးသမီးများတွင်ရှိသောထင်ရှားသောမှဲ့(၇)မျိုး
ရတနာဆံကျစ်လို့ခေါ်တဲ့မှဲ့ရယ်…
ရတနာဆီမီးထွန်းဆိုတဲ့မှဲ့ရယ်မျက်ရည်ခံမှဲ့ရယ်….
ဘယ်ဘက်မျက်ရည်ခံမှဲ့(ညာရယ်)နှုတ်တဆိတ်ဆိုတဲ့မှဲ့ရယ်….
ရွှေပိတုန်းစုပ်ဆိုတဲ့မှဲ့ရယ်စံပယ်တင်(ညာဘက်)မှဲ့ရယ်ဆိုပြီးအမျိုးသမီးတွေအတွက်အထင်ကရမှဲ့(၇)မျိုးရှိတယ်….။
အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို၇တနာရွှေအိုးလို့ခေါ်တယ်….
အဲဒီမှဲ့ရှိတဲ့အမျိုးသမီးတွေဟာ များသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ရှိတယ်….နာမည်ဂုဏ်သတင်းကျော်ကြားတတ်တယ်….
နောက်ပြီးသူတို့တွေဟာအလုပ်ဌာနတွေမှာအကြီးအကဲခေါင်းဆောင်ဖြစ်လေ့ရှိတယ်….သူတို့တွေဟာဆင်းရဲရင်လဲ ခနပဲဆင်းရဲတွင်းတဲကျနေရင်လည်းခနပဲ ….
မုချကြီးပွားချမ်းသာမယ့်သူတွေဖြစ်တယ်….အဲဒီလို၇တနာရွှေအိုးမှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီပတ္တမြားစိန်နှစ်သက်ရာ တစ်ခုခုကိုလက်သူကြွယ်မှာ ဝတ်ဆင်ထားရင်ထူးထူးခြားခြားကံမြင့်မားမယ်…
နောက်တစ်ခုက နဖူးရဲ့ဘယ်ဘက်မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်….
အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာကြတယ်….အိမ်ထောင်ဘက်ကောင်းနဲ့ဆုံတွေ့နိုင်ကြတယ်….
နောက်ပြီး သားကောင်းသမီးကောင်တွေထွန်းကားကြတယ်….ပြောရရင်တော့ မိဘထက်မြတ်တဲ့သားသမီးတွေ နောက်ထင်ပေါ်ကျော်ကြားတဲ့သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်….
ဘာသာရေးဆိုရင်လည်း အရမ်းစိတ်ဝင်စားလေ့ရှိတယ်….တစိုက်မတ်မတ်လုပ်လေ့ရှိတယ်….ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ်တောင်ရနိုင်တယ်လို့ဆိုတယ်….
နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုမျက်ရည်ခံမှဲ့လို့ခေါ်တယ်….
ဘယ်လောက်ပဲ ငွေကြေးတွေစည်းစိမ်ဥစ္စာတွေပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်….သောကများမယ်….ငယ်စဉ်ကလေးဘဝကတည်းက ကြန်းတမ်းတဲ့ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ဖြတ်သန်းရတတ်တယ်…..
နောက်ပြီး အိမ်ထောင်ဆက်လဲများတတ်တယ်….သူတို့တွေဟာ အနက်ရောင်ဆိုရင်လုံးဝမ၀တ်သင့်ဘူး ရှောင်သင့်တယ်…..ကျောက်စိမ်းကိုလည်းမဝတ်သင့်ဘူး….စိန်ဥဿဖယာပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာဝတ်ထားသင့်တယ်….
နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် မျက်ရည်ခံကြီးလို့ခေါ်တယ်…..
သူတို့ရဲ့ဘဝတစ်လျှောက်ဆုံးရှုံးမှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်….မမျှော်လင့်ပဲ ခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်တတ်တယ်….
အဲဒီမျက်ရည်ခံမှဲ့ကြီးရှိတဲ့အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရားအထူးကောင်းမွန်အောင်နေထိုင်ရမယ်….ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ်ဆောင်ရွက်ရမယ်…..
အကျင့်သီလကို အကောင်းဆုံးဖြစ်အောင်နေထိုင်ရမယ်….မွေးနေ့တိုင်း ပန်းဆီမီးရေချမ်းကပ်လှူပူဇော်သင့်တယ်….စိန် ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်…..
နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ်လို့ခေါ်တယ်….ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုနှုတ်တဆိတ်လို့ခေါ်တယ်….
အဲဒီ မှဲ့ပိုင်ရှင်တွေဟာ စကားပြောအတော်ပြေပြစ်ကြတယ်…ချိုသာကြတယ်….စကားပြောပရိယာယ်ကြွယ်ဝတယ်မူယာမာယာများတတ်ကြတယ်…အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတယ်….
အဲဒီမှဲ့ပိုင်ရှင်များဟာ စိန်ရယ်မြရယ်ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်….အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကိုကပ်လှူပေးရင်ကံဇာတာပိုပြီးမြင့်မားစေတယ်….
နောက်မှဲ့တစ်မျိုးကရွှေပိတုန်းစုပ်လို့ခေါ်တယ်….ညာဘက်ပါးပြင်ပါးစပ်နားတွင် ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတဲ့ မှဲ့ပေါ့…..ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်……
မာယာပရိယာယ်ကြွယ်ဝပြီးတော့ လူချစ်လူခင်အားကြီးများတယ်….စန်းပွင့်တယ်….အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကိုခံစားရတယ်….အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်….ပုလဲတစ်မျိုးကိုတော့ လုံးဝရှောင်ထားသင့်တယ်….
နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ခေါ်တယ်….ဘယ်ဘက်ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှားမှဲ့ တစ်လုံးတည်းထင်းထင်းကြီးရှိနေတဲ့မှဲ့ကိုခေါ်တယ်….သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ် လူတစ်ဦးကိုအလွယ်တကူနှစ်သက်တတ်တယ်….
ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင်စွဲလန်းအောင်အမျိုးမျိုးဆောင်ရွက်လေ့ရှိတယ်….သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွကြုံရလေ့ရှိတယ်….
သူတို့တွေအတွက် အကောင်းဆုံးအဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာကို ရွှေနဲ့လုပ်ပြီးဆောင်ထားသင့်တယ်….အဖြူရောင်ကျောက်မျက်ရတနာမျိုးစုံနဲ့သင့်မြတ်တယ်။ခရစ်တစ်