၁၃၈၂ ကို ႏွစ္ကူးခ်ိန္ မေရာက္ေသးသည့္တိုင္ေအာင္ ထုံးစံအတိုင္း ၿပီးခဲ့တဲ့ တေပါင္းလျပည့္ေန႔ကေနကစၿပီး
ႏွစ္သစ္ရဲ႕ အာနိသင္ေတြ စတင္ဝင္ေရာက္လာၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ တေပါင္းလျပည့္ေန႔က စၿပီး
ေရွ႕လာမယ့္ ၁၃၈၂ ခုႏွစ္ တစ္ႏွစ္လုံးမွာ ေအာက္ပါ နာမည္ရွင္ေတြဟာ အထူး ဂ႐ုစိုက္ရမယ့္ နာမည္ေတြ ျဖစ္လာပါတယ္
ထို႔အတူ ဒီကာလေတြမွာ ဆိုးအားအမ်ားႏိုင္ဆုံးကေတာ့ ေသာၾကာ + အဂၤါ + စေန နာမည္တြဲပဲ ျဖစ္ပါတယ္
ဥပမာ သူဇာထြန္း၊ ထြန္းေဇာ္သိန္း၊ သန္းထြန္းေဇာ္ စသည္ျဖင့္ ေသာၾကာ + အဂၤါ + စေန ေတြ တြဲစပ္ မွည့္ေခၚထားတဲ့
အမည္ရွင္ေတြအဖို႔ ဒီကာလေတြသည္ အခ်က္ေပးေခါင္းေလာင္းသံ ျမည္ေနသည့္ အထူးဂ႐ုျပဳ ေနထိုင္ရမည့္ ကာလပဲ ျဖစ္ပါတယ္
ကြၽန္ေတာ္ လူေတြကို မႏွစ္သက္ဖြယ္၊ အေၾကာက္တရားျဖစ္ေစဖြယ္ေတြ မေရးလိုပါ။ သို႔ေသာ္ မေရးရင္လည္း မသိႏိုင္ပါ။
ဒီအမည္ရွင္ေတြ ဂ႐ုစိုက္ေနထိုင္ ျဖတ္သန္းရမယ့္ ကာလျဖစ္လို႔ပါပဲ။ ထို႔အတူ အရမ္းကာေရာ
အစိုးရိမ္ႀကီးၿပီးေတာ့လည္း မေနထိုင္သင့္ပါ။(၇) ႏွစ္တစ္ခါ အလွည့္က် ဆိုးတစ္ခါ
ေကာင္းတစ္လွည့္ ျဖတ္သန္းေနၾကရမယ့္ အခ်ိန္ကာလေလးေတြပါ
ၿပီးခဲ့တဲ့ တေပါင္းလျပည့္ေက်ာ္ၿပီးေနာက္ပိုင္း တေလာက ျပင္ဦးလြင္ဘက္မွာ ယာဥ္မေတာ္တဆမႈနဲ႔
အသက္ဆုံးရႈံးသြားတဲ့ ကေလးငယ္ေလးတစ္ေယာက္ရဲ႕ နာမည္ကို ဖတ္လိုက္ရလို႔လည္း ဒီပို႔စ္ကို မေရးေပးဘဲ
မေနရဲေတာ့တာပါ။ ကေလးေလး အမည္ေလးက သြန္း….ထြန္း နဲ႔ တူပါတယ္။ ေသာၾကာနံ..သြန္းပညတ္ျဖင့္ အစျပဳၿပီး
စေနနံျဖင့္ အဆုံးသတ္ထားေသာ အမည္ရွင္ေလးဆိုတာ ေတြ႕လိုက္ရပါတယ္
ဒီတစ္ႏွစ္ကေတာ့ ဒီအမည္ရွင္ေလးေတြ အထူးသတိျပဳေနထိုင္ၾကဖို႔ လိုအပ္ပါတယ္ေနာ္
ငယ္ေသးတဲ့ကေလးေတြဆိုရင္လည္း မိဘေတြက ခါတိုင္းထက္ပိုၿပီးေတာ့ ဂ႐ုစိုက္ေပးၾကသင့္ပါတယ္
လုပ္ေပးသင့္တာေလးေတြလည္း ကြၽန္ေတာ္ဆက္လက္ တင္ျပေပးသြားဦးမွာပါ။ ေနာက္တစ္ခုဆက္ေျပာခ်င္တာက
မၾကာခဏ ကြၽန္ေတာ္ ျပန္ေျဖေပးေနရ တားျမစ္ေနရသည့္ သြန္းပညတ္ပါ
ဒီပညတ္မ်ိဳး မမွည့္သင့္ေၾကာင္း ကြၽန္ေတာ္ ဘယ္လိုပဲ ရွင္းျပေနသည့္ ျဖစ္ေစ အခ်ိဳ႕မိဘေတြသည္ ေခါင္းအလြန္မာၿပီး
လွတာေလးပဲ မက္ေမာေနတတ္ၾကပါတယ္။ျဖစ္ႏိုင္သမွ် ျဖစ္ခ်င္တာနဲ႔ ျဖစ္သင့္တာႏွစ္ခုမွာ
ျဖစ္သင့္တာကိုသာ ေ႐ြးခ်ယ္ေစလိုပါခင္ဗ်ား။ အားလုံးပဲ အစစအရာရာ အဆင္ေျပၿပီး မေကာင္းက်ိဳးမ်ားလည္း ေျပေလ်ာ့ ၾကပါေစ
ေလးစားလ်က္ – ဆရာစိုးမိုးထြန္း (ေခၚ) ဆရာေဝသာလီေမာင္ဖုန္း
unicode
၁၃၈၂ ကို နှစ်ကူးချိန် မရောက်သေးသည့်တိုင်အောင် ထုံးစံအတိုင်း ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ကနေကစပြီး
နှစ်သစ်ရဲ့ အာနိသင်တွေ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် တပေါင်းလပြည့်နေ့က စပြီး
ရှေ့လာမယ့် ၁၃၈၂ ခုနှစ် တစ်နှစ်လုံးမှာ အောက်ပါ နာမည်ရှင်တွေဟာ အထူး ဂရုစိုက်ရမယ့် နာမည်တွေ ဖြစ်လာပါတယ်
ထို့အတူ ဒီကာလတွေမှာ ဆိုးအားအများနိုင်ဆုံးကတော့ သောကြာ + အင်္ဂါ + စနေ နာမည်တွဲပဲ ဖြစ်ပါတယ်
ဥပမာ သူဇာထွန်း၊ ထွန်းဇော်သိန်း၊ သန်းထွန်းဇော် စသည်ဖြင့် သောကြာ + အင်္ဂါ + စနေ တွေ တွဲစပ် မှည့်ခေါ်ထားတဲ့
အမည်ရှင်တွေအဖို့ ဒီကာလတွေသည် အချက်ပေးခေါင်းလောင်းသံ မြည်နေသည့် အထူးဂရုပြု နေထိုင်ရမည့် ကာလပဲ ဖြစ်ပါတယ်
ကျွန်တော် လူတွေကို မနှစ်သက်ဖွယ်၊ အကြောက်တရားဖြစ်စေဖွယ်တွေ မရေးလိုပါ။ သို့သော် မရေးရင်လည်း မသိနိုင်ပါ
ဒီအမည်ရှင်တွေ ဂရုစိုက်နေထိုင် ဖြတ်သန်းရမယ့် ကာလဖြစ်လို့ပါပဲ။ ထို့အတူ အရမ်းကာရော
အစိုးရိမ်ကြီးပြီးတော့လည်း မနေထိုင်သင့်ပါ။(၇) နှစ်တစ်ခါ အလှည့်ကျ ဆိုးတစ်ခါ
ကောင်းတစ်လှည့် ဖြတ်သန်းနေကြရမယ့် အချိန်ကာလလေးတွေပါ
ပြီးခဲ့တဲ့ တပေါင်းလပြည့်ကျော်ပြီးနောက်ပိုင်း တလောက ပြင်ဦးလွင်ဘက်မှာ ယာဉ်မတော်တဆမှုနဲ့
အသက်ဆုံးရှုံးသွားတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ နာမည်ကို ဖတ်လိုက်ရလို့လည်း ဒီပို့စ်ကို မရေးပေးဘဲ
မနေရဲတော့တာပါ။ ကလေးလေး အမည်လေးက သွန်း….ထွန်း နဲ့ တူပါတယ်။ သောကြာနံ..သွန်းပညတ်ဖြင့် အစပြုပြီး
စနေနံဖြင့် အဆုံးသတ်ထားသော အမည်ရှင်လေးဆိုတာ တွေ့လိုက်ရပါတယ်
ဒီတစ်နှစ်ကတော့ ဒီအမည်ရှင်လေးတွေ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်နော်
ငယ်သေးတဲ့ကလေးတွေဆိုရင်လည်း မိဘတွေက ခါတိုင်းထက်ပိုပြီးတော့ ဂရုစိုက်ပေးကြသင့်ပါတယ်
လုပ်ပေးသင့်တာလေးတွေလည်း ကျွန်တော်ဆက်လက် တင်ပြပေးသွားဦးမှာပါ။ နောက်တစ်ခုဆက်ပြောချင်တာက
မကြာခဏ ကျွန်တော် ပြန်ဖြေပေးနေရ တားမြစ်နေရသည့် သွန်းပညတ်ပါ
ဒီပညတ်မျိုး မမှည့်သင့်ကြောင်း ကျွန်တော် ဘယ်လိုပဲ ရှင်းပြနေသည့် ဖြစ်စေ အချို့မိဘတွေသည် ခေါင်းအလွန်မာပြီး
လှတာလေးပဲ မက်မောနေတတ်ကြပါတယ်။ဖြစ်နိုင်သမျှ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုမှာ
ဖြစ်သင့်တာကိုသာ ရွေးချယ်စေလိုပါခင်ဗျား။ အားလုံးပဲ အစစအရာရာ အဆင်ပြေပြီး မကောင်းကျိုးများလည်း ပြေလျော့ ကြပါစေ
လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း