နာကျင်မှုလုံးဝမရှိဘဲ ဆူးနှုတ်ယူနည်း
အသုံးဝင်တဲ့ နည်းလမ်းလေးတွေမို့လို့ သိမ်းထားစေချင်ပါတယ်။ ကလေးငယ်တွေ အများဆုံးဖြစ်တတ်ပေမယ့် လူကြီးတွေလဲ တကယ်တမ်း အဆူးဝင်ရင် နေမထိထိုင်မသာဖြစ်တတ်ပါတယ်။
အရေပြားထဲကို သစ်သားစ၊ သတ္တုစ၊ ဖန်ကွဲစ စတာတွေ စူးဝင်သွားတဲ့အခါ အရမ်းနာကျင်တာ ကိုက်ခဲတာဖြစ်စေနိုင်ပြီး ရောဂါပိုးဝင်ရောက်ကာ ပြည်တည်နိုင်တဲ့အတွက် စူးဝင်သွားတဲ့ အဆူးကို ဖယ်ထုတ်ပစ်ဖို့လိုပါတယ်။
လူတော်တော်များများက အပ်၊ လက်သည်းညှပ်၊ ဇာဂနာတို့နဲ့ တူးဆွပြီး အဆူးကို ထုတ်လေ့ရှိပါတယ်။
ဒီနည်းက အရမ်းကို နာကျင်စေပြီး ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် မသုံးသင့်ပါဘူး။ ဒါဆို ဘယ်လိုလုပ်ရမလဲ ????
အရမ်းကို ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်ရအောင် …………
၁။ မီးတိပ်ဖြင့် ဆူးထုတ်နည်း >>> ဒီနည်းလမ်းလေးကတော့ လွယ်ကူပေမယ့် နက်နက်နဲနဲဝင်သွားတဲ့ ဆူးအတွက်တော့ သုံးမရပါ။
ပြုလုပ်ပုံ
အဆူးဝင်နေတဲ့ နေရာကို ရေနွေး ဒါမှမဟုတ် ဆပ်ပြာနဲ့ ဆေးပါ။ ဆေးပြီး ဆူးဝင်တဲ့နေရာကို အခြောက်ခံပါ။ ပြီးတာနဲ့ အဲ့နေရာကို မီးတိပ်စနဲ့ ကပ်ပေးပါ။
ကပ်ထားတဲ့ မီးတိပ်စနေရာကို သင့်လက်ဖျားလေးနဲ့ ငါးကြိမ်လောက် အသာအယာပွတ်ပေးပါ။
(၃)မိနစ်ခန့်စောင့်ပြီး တိပ်စကို ခပ်ဆတ်ဆတ်လေး ဆွဲခွာလိုက်ပါ။ တိပ်နဲ့အတူ ဆူးထွက်လာပါလိမ့်မယ်။ ပြီးရင် အနာကို ရေနွေး (သို့) အရက်ပြန်နဲ့ ပြန်ဆေးပေးပါ။
၂။ ရှာလကာရည်ဖြင့် ဆူးထုတ်နည်း
ပြုလုပ်ပုံ
ခွက်တစ်ခွက်ထဲကို ရှာလကာရည် အနည်းငယ်လောင်းထည့်ပြီး အဆူးစူးတဲ့နေရာကို ရှာလကာရှည်နဲ့ (၁၅ – ၂၀)မိနစ်ခန့် စိမ်ထားပါ။
ရှာလကာရည်ထဲမှာ အက်စက်ဓာတ်ပါတာမို့ အရေပြားပေါ်သို့ အဆူးစထွက်လာမှု ရှိ/မရှိကို စောင့်ကြည့်ပါ။
ထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။ ထွက်မလာသေးရင် ဆက်စိမ်ထားပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။
၃။ ဆားခါးဖြင့် ဆူးထုတ်နည်း >>> နက်နက်နဲနဲဝင်သွားတဲ့ ဆူးအတွက် အရမ်းအသုံးဝင်ပါတယ်။
ပြုလုပ်ပုံ
ဆားခါးက အရေပြားဆဲလ်တွေထဲက အရည်တွေကို ထွက်လာစေတဲ့အတွက် ဆူးက အရေပြားပေါ်သို့ ကြွတတ်လာစေပါတယ်။
ဒါကြောင့် ပတ်တီးစတစ်ခုပေါ်မှာ ဆားခါးအနည်းငယ်ကို ပုံလိုက်ပါ။ အဲ့ဒီပတ်တီးစကို ဆူးရှိတဲ့နေရာပေါ် စည်းပေးပါ။
အချိန် (၆)နာရီလောက် စည်းထားပြီးမှ ပတ်တီးစကို ဖယ်ရှာပေးပါ။ ဆူးစကို မြင်ရင် ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။
၄။ အာလူးဖြင့် ဆူးထုတ်နည်း
ပြုလုပ်ပုံ
အာလူးကို ခပ်ထူထူလေး လှီးဖြတ်ပြီး ဆူးရှိတဲ့နေရာပေါ်သို့တင်ထားပါ။ တင်ထားတဲ့ အာလူးအပိုင်းလေးကို အသာအယာဖိပေးပါ။
အနည်းငယ်ကြာတဲ့အခါ အဆူးက အာလူးထဲ ဖောက်ဝင်လာပါလိမ့်မယ်။ ဆူးနဲ့အတူ အာလူးအပိုင်းလေးကို ဖယ်ရှားလိုက်ပါ။
၅။ ဌက်ပျောသီးအခွံဖြင့် ဆူးထုတ်နည်း
ပြုလုပ်ပုံ
ဌက်ပျောသီးအခွံမှာပါဝင်တဲ့ အင်ဇိုင်းတွေက အရေပြားကို ပျော့ပျောင်းစေတဲ့အပြင် အစိုဓာတ်ကိုပါ ထိန်းနိုင်စွမ်းနဲ့ ပိုးသတ်စေတဲ့ ဂုဏ်သတ္တိတွေကြောင့်
ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပြီးသားလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဌက်ပျောသီးအခွံကို အနေတော်ပိုင်းဖြတ်ပြီး အဆူးဝင်နေတဲ့နေရာပေါ်ကို အုပ်ပြီး ပတ်တီးစည်းပေးပါ။
တစ်ည (သို့) (၈)နာရီကြာတဲ့အခါ ထွက်လာတဲ့ ဆူးစကို ဇာဂနာနဲ့ ဆွဲနှုတ်လိုက်ပါ။
၆။ မုန့်ဖုတ်ဆော်ဒါဖြင့် ဆူးထုတ်နည်း >>> အလွန်သေးငယ်တဲ့ ဆူးရော နက်နက်ဝင်သွားတဲ့ ဆူးအတွက်ရော အသုံးဝင်ပါတယ်။
ပြုလုပ်ပုံ
လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာကို ရေနည်းနည်းနဲ့ ပျစ်အောင်ဖျော်ပါ။ အဲ့နောက် ဆော်ဒါရည်ပျစ်ပျစ်ကို ပတ်တီးပေါ်တင်ပြီး ဆူးနေရာကို စည်းပေးပါ။
(၂၄)နာရီလောက်ကြာတဲ့အခါ ပတ်တီးစကို ဖြည်လိုက်ပါ။ ဆူးစထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။
ထွက်မလာသေးရင် နောက်ထပ်ဆော်ဒါရည်ပျစ်ပျစ်နဲ့ ထပ်စည်းပေးပါ။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။
၇။ ပေါင်မုန့်+ နို့ဖြင့် ဆူးထုတ်နည်း >>> ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်များစွာထဲက အသုံးပြုတဲ့နည်းလေးပါ။
ပြုလုပ်ပုံ
ပေါင်မုန့်ကို နို့ထဲစိမ်ပေးပါ။ နို့စိမ်ထားတဲ့ ပေါင်မုန့်ကို ဆူးပေါ်သို့ တင်ပြီး ပတ်တီးစည်းပေးပါ။ တစ်ည (သို့) (၈)နာရီကြာတဲ့အခါ ပေါင်မုန့်ကိုဖယ်ရှားလိုက်ပါ။
ပေါင်မုန့်နဲ့အတူ ဆူးစ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ဆူးစထွက်ပြီးနောက် ရေနွေးနဲ့ ပြန်ဆေးပေးပါ။
သတိပြုရန်
ဇာဂနာကို အသုံးမပြုခင် ပိုးသန့်စင်အောင် အရက်ပြန်နဲ့ ပွတ်ပေးပါ။ ဆူးစကို ဖယ်ရှားနိုင်ပြီးနောက် အနာကျက်တဲ့အထိ အရက်ပြန်နဲ့သန့်စင်ပေးပါ။
ဆူးထွက်လာတဲ့နေရာကို ညစ်ပတ်အောင်မလုပ်ပါနဲ့။ ဆူးစတွေ ပြတ်ထွက်ပြီး အရေပြားထဲ ကျန်ရစ်နိုင်တာကြောင့် ဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။
စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ
နာက်င္မႈလုံးဝမရွိဘဲ ဆူးႏႈတ္ယူနည္း
အသုံးဝင္တဲ့ နည္းလမ္းေလးေတြမို႔လို႔ သိမ္းထားေစခ်င္ပါတယ္။ ကေလးငယ္ေတြ အမ်ားဆုံးျဖစ္တတ္ေပမယ့္ လူႀကီးေတြလဲ တကယ္တမ္း အဆူးဝင္ရင္ ေနမထိထိုင္မသာျဖစ္တတ္ပါတယ္။
အေရျပားထဲကို သစ္သားစ၊ သတၱဳစ၊ ဖန္ကြဲစ စတာေတြ စူးဝင္သြားတဲ့အခါ အရမ္းနာက်င္တာ ကိုက္ခဲတာျဖစ္ေစနိုင္ၿပီး ေရာဂါပိုးဝင္ေရာက္ကာ ျပည္တည္နိုင္တဲ့အတြက္ စူးဝင္သြားတဲ့ အဆူးကို ဖယ္ထုတ္ပစ္ဖို႔လိုပါတယ္။
လူေတာ္ေတာ္မ်ားမ်ားက အပ္၊ လက္သည္းညႇပ္၊ ဇာဂနာတို႔နဲ႔ တူးဆြၿပီး အဆူးကို ထုတ္ေလ့ရွိပါတယ္။
ဒီနည္းက အရမ္းကို နာက်င္ေစၿပီး ေရာဂါပိုးအလြယ္တကူဝင္ေရာက္နိုင္တဲ့အတြက္ မသုံးသင့္ပါဘူး။ ဒါဆို ဘယ္လိုလုပ္ရမလဲ ????
အရမ္းကို ရိုးရွင္းၿပီး လြယ္ကူတဲ့ နည္းလမ္းေလးေတြနဲ႔ ေျဖရွင္းၾကည့္ရေအာင္ …………
၁။ မီးတိပ္ျဖင့္ ဆူးထုတ္နည္း >>> ဒီနည္းလမ္းေလးကေတာ့ လြယ္ကူေပမယ့္ နက္နက္နဲနဲဝင္သြားတဲ့ ဆူးအတြက္ေတာ့ သုံးမရပါ။
ျပဳလုပ္ပုံ
အဆူးဝင္ေနတဲ့ ေနရာကို ေရေႏြး ဒါမွမဟုတ္ ဆပ္ျပာနဲ႔ ေဆးပါ။ ေဆးၿပီး ဆူးဝင္တဲ့ေနရာကို အေျခာက္ခံပါ။ ၿပီးတာနဲ႔ အဲ့ေနရာကို မီးတိပ္စနဲ႔ ကပ္ေပးပါ။
ကပ္ထားတဲ့ မီးတိပ္စေနရာကို သင့္လက္ဖ်ားေလးနဲ႔ ငါးႀကိမ္ေလာက္ အသာအယာပြတ္ေပးပါ။
(၃)မိနစ္ခန႔္ေစာင့္ၿပီး တိပ္စကို ခပ္ဆတ္ဆတ္ေလး ဆြဲခြာလိုက္ပါ။ တိပ္နဲ႔အတူ ဆူးထြက္လာပါလိမ့္မယ္။ ၿပီးရင္ အနာကို ေရေႏြး (သို႔) အရက္ျပန္နဲ႔ ျပန္ေဆးေပးပါ။
၂။ ရွာလကာရည္ျဖင့္ ဆူးထုတ္နည္း
ျပဳလုပ္ပုံ
ခြက္တစ္ခြက္ထဲကို ရွာလကာရည္ အနည္းငယ္ေလာင္းထည့္ၿပီး အဆူးစူးတဲ့ေနရာကို ရွာလကာရွည္နဲ႔ (၁၅ – ၂၀)မိနစ္ခန႔္ စိမ္ထားပါ။
ရွာလကာရည္ထဲမွာ အက္စက္ဓာတ္ပါတာမို႔ အေရျပားေပၚသို႔ အဆူးစထြက္လာမႈ ရွိ/မရွိကို ေစာင့္ၾကည့္ပါ။
ထြက္လာပါက ဇာဂနာနဲ႔ ဆြဲထုတ္ပါ။ ထြက္မလာေသးရင္ ဆက္စိမ္ထားပါ။ ဆူးစထြက္ၿပီးေနာက္ ေရေႏြးနဲ႔ ျပန္ေဆးေပးပါ။
၃။ ဆားခါးျဖင့္ ဆူးထုတ္နည္း >>> နက္နက္နဲနဲဝင္သြားတဲ့ ဆူးအတြက္ အရမ္းအသုံးဝင္ပါတယ္။
ျပဳလုပ္ပုံ
ဆားခါးက အေရျပားဆဲလ္ေတြထဲက အရည္ေတြကို ထြက္လာေစတဲ့အတြက္ ဆူးက အေရျပားေပၚသို႔ ႂကြတတ္လာေစပါတယ္။
ဒါေၾကာင့္ ပတ္တီးစတစ္ခုေပၚမွာ ဆားခါးအနည္းငယ္ကို ပုံလိုက္ပါ။ အဲ့ဒီပတ္တီးစကို ဆူးရွိတဲ့ေနရာေပၚ စည္းေပးပါ။
အခ်ိန္ (၆)နာရီေလာက္ စည္းထားၿပီးမွ ပတ္တီးစကို ဖယ္ရွာေပးပါ။ ဆူးစကို ျမင္ရင္ ဇာဂနာနဲ႔ ဆြဲႏုတ္လိုက္ပါ။ ဆူးစထြက္ၿပီးေနာက္ ေရေႏြးနဲ႔ ျပန္ေဆးေပးပါ။
၄။ အာလူးျဖင့္ ဆူးထုတ္နည္း
ျပဳလုပ္ပုံ
အာလူးကို ခပ္ထူထူေလး လွီးျဖတ္ၿပီး ဆူးရွိတဲ့ေနရာေပၚသို႔တင္ထားပါ။ တင္ထားတဲ့ အာလူးအပိုင္းေလးကို အသာအယာဖိေပးပါ။
အနည္းငယ္ၾကာတဲ့အခါ အဆူးက အာလူးထဲ ေဖာက္ဝင္လာပါလိမ့္မယ္။ ဆူးနဲ႔အတူ အာလူးအပိုင္းေလးကို ဖယ္ရွားလိုက္ပါ။
၅။ ဌက္ေပ်ာသီးအခြံျဖင့္ ဆူးထုတ္နည္း
ျပဳလုပ္ပုံ
ဌက္ေပ်ာသီးအခြံမွာပါဝင္တဲ့ အင္ဇိုင္းေတြက အေရျပားကို ေပ်ာ့ေပ်ာင္းေစတဲ့အျပင္ အစိုဓာတ္ကိုပါ ထိန္းနိုင္စြမ္းနဲ႔ ပိုးသတ္ေစတဲ့ ဂုဏ္သတၱိေတြေၾကာင့္
ေရာဂါပိုးမဝင္ေရာက္နိုင္ေအာင္ ကာကြယ္ေပးၿပီးသားလဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဌက္ေပ်ာသီးအခြံကို အေနေတာ္ပိုင္းျဖတ္ၿပီး အဆူးဝင္ေနတဲ့ေနရာေပၚကို အုပ္ၿပီး ပတ္တီးစည္းေပးပါ။
တစ္ည (သို႔) (၈)နာရီၾကာတဲ့အခါ ထြက္လာတဲ့ ဆူးစကို ဇာဂနာနဲ႔ ဆြဲႏႈတ္လိုက္ပါ။
၆။ မုန႔္ဖုတ္ေဆာ္ဒါျဖင့္ ဆူးထုတ္နည္း >>> အလြန္ေသးငယ္တဲ့ ဆူးေရာ နက္နက္ဝင္သြားတဲ့ ဆူးအတြက္ေရာ အသုံးဝင္ပါတယ္။
ျပဳလုပ္ပုံ
လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံစာကို ေရနည္းနည္းနဲ႔ ပ်စ္ေအာင္ေဖ်ာ္ပါ။ အဲ့ေနာက္ ေဆာ္ဒါရည္ပ်စ္ပ်စ္ကို ပတ္တီးေပၚတင္ၿပီး ဆူးေနရာကို စည္းေပးပါ။
(၂၄)နာရီေလာက္ၾကာတဲ့အခါ ပတ္တီးစကို ျဖည္လိုက္ပါ။ ဆူးစထြက္လာပါက ဇာဂနာနဲ႔ ဆြဲထုတ္ပါ။
ထြက္မလာေသးရင္ ေနာက္ထပ္ေဆာ္ဒါရည္ပ်စ္ပ်စ္နဲ႔ ထပ္စည္းေပးပါ။ ဆူးစထြက္ၿပီးေနာက္ ေရေႏြးနဲ႔ ျပန္ေဆးေပးပါ။
၇။ ေပါင္မုန႔္+ နို႔ျဖင့္ ဆူးထုတ္နည္း >>> ဒီနည္းလမ္းက လြန္ခဲ့တဲ့ ႏွစ္မ်ားစြာထဲက အသုံးျပဳတဲ့နည္းေလးပါ။
ျပဳလုပ္ပုံ
ေပါင္မုန႔္ကို နို႔ထဲစိမ္ေပးပါ။ နို႔စိမ္ထားတဲ့ ေပါင္မုန႔္ကို ဆူးေပၚသို႔ တင္ၿပီး ပတ္တီးစည္းေပးပါ။ တစ္ည (သို႔) (၈)နာရီၾကာတဲ့အခါ ေပါင္မုန႔္ကိုဖယ္ရွားလိုက္ပါ။
ေပါင္မုန႔္နဲ႔အတူ ဆူးစ ထြက္လာတာကို ေတြ႕ရပါလိမ့္မယ္။ ဆူးစထြက္ၿပီးေနာက္ ေရေႏြးနဲ႔ ျပန္ေဆးေပးပါ။
သတိျပဳရန္
ဇာဂနာကို အသုံးမျပဳခင္ ပိုးသန႔္စင္ေအာင္ အရက္ျပန္နဲ႔ ပြတ္ေပးပါ။ ဆူးစကို ဖယ္ရွားနိုင္ၿပီးေနာက္ အနာက်က္တဲ့အထိ အရက္ျပန္နဲ႔သန႔္စင္ေပးပါ။
ဆူးထြက္လာတဲ့ေနရာကို ညစ္ပတ္ေအာင္မလုပ္ပါနဲ႔။ ဆူးစေတြ ျပတ္ထြက္ၿပီး အေရျပားထဲ က်န္ရစ္နိုင္တာေၾကာင့္ ဖယ္ရွားရခက္ခဲသြားနိုင္ပါတယ္။
စိုက္ပ်ိဳးေရးႏွင့္ အေထြေထြဗဟုသုတ