အဖြူရောင် အနုပညာရှင်ဟုဆိုသူ ဒေါ်နွဲ့နွဲ့စန်း၏ ကြော်ငြာရုပ်ပုံ ဖယ်ရှားခံရ
စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်ပေးသည့် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့သည့် သက်ကြီးသရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ပါဝင်ထားသည့် ကြော်ငြာရုပ်ပုံ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။
အဆိုပါ ကြော်ငြာမှာ Strategy First ကျောင်း၏ Waso Learn Mobile Application ကြော်ငြာဖြစ်ပြီး ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ဖြေကြားထားသည့် ဒေါ်နွဲ့နွဲ့စန်း၏ အင်တာဗျူးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် တခြားသော အနုပညာရှင်များနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံထဲမှ ၎င်း၏ပုံအား ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။
Waso Learn Mobile Application ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်တို့ ပြောခွင့် မရှိပါဘူး။ အသေးစိတ်ကို Page ကနေပဲ ကြေညာပေးပါမယ်” ဟု ပြောကြောင်း ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်နွဲ့နွဲ့စန်းက ၎င်းမှာ အဖြူရောင် အနုပညာရှင်တဦး ဖြစ်ကြောင်း၊ အနုပညာရှင်သည် အနုပညာရှင် နေရာတွင် နေရမည် ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူအား မမကြူဟု ခေါ်ဝေါ်ကာ ကျေးဇူးတင်စကား ပြောခဲ့ခြင်းများ စသည်ဖြင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းကလည်း” ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူ တို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူးကို ကျေးဇူးလည်းတင်တယ်။ ကြည်နူးတယ်။ ကျေနပ်ပါတယ်။
ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို ခံစားထားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင်သက်ကြီးပူဇော်ပွဲကို ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်ကွယ်။”လို့ ပြောပါတယ်။
အဆိုပါ ပြောစကားများအပေါ် ပြည်သူလူထုနှင့် အနုပညာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့ကြသလို မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များလည်း ဝေဖန်ခံခဲ့ရသည်။
ဒါ့အပြင် စစ်ကောင်စီထံက ထောက်ပံကြေးလက်ခံရရှိခဲ့တဲ့ သက်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ပုလဲက “နိုင်ငံတော်ဝန်ကြီးချုပ်က ဒီလိုမျိုး ပံ့ပိုးပေးမယ်ဆိုတာ လုံးဝမထင်ထားဘူး။ မျှော်လည်း မျှော်လင့်မထားဘူး ပေါ့နော်။
အိမ်ကို တပ်မတော်အရာရှိနဲ့အဖွဲ့ ရောက်လာပြီး ထောက်ပံ့ကြေး ကျပ်ငွေ ၁၀ သိန်း၊ ဆန်တစ်အိတ်၊ ဆီနဲ့ ကြက်ဥအလုံး ၅၀ လာပြီး ထောက်ပံ့တော့ အံ့ဩဝမ်းသာ ဝမ်းနည်းကြီးဖြစ်သွားတယ်။”လို့ ပြောတဲ့ အကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒေါ်နွဲ့နွဲ့စန်း ကဲ့သို့ပင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်မှု မရှိသော ဖြူဖြူထွေး၊ စိုင်းစိုင်းခမ်းလှိုင်၊ နေခြည်ဦး စသည့် နာမည်ကြီး သရုပ်ဆောင်များကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းမှုများကြောင့် ကုမ္ပဏီများက ၎င်းတို့၏ ကုန်ပစ္စည်းကြော်ငြာများတွင် ထည့်သွင်းကြော်ငြာတော့မည် မဟုတ်ကြောင်း၊
ပြည်သူများ မကြိုက်နှစ်သက်သည့် အနုပညာရှင်များနှင့် လက်တွဲ အလုပ်လုပ်သွားမည် မဟုတ်ကြောင်း စသည်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြရသည်။
ZAWGYI VERSION
အျဖဴေရာင္ အႏုပညာရွင္ဟုဆိုသူ ေဒၚႏြဲ႕ႏြဲ႕စန္း၏ ေၾကာ္ျငာ႐ုပ္ပုံ ဖယ္ရွားခံရ
စစ္ေကာင္စီခန႔္ ျပန္ၾကားေရးဝန္ႀကီးဌာနက ျပဳလုပ္ေပးသည့္ ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲကို တက္ေရာက္ခဲ့သည့္ သက္ႀကီးသ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္း ပါဝင္ထားသည့္ ေၾကာ္ျငာ႐ုပ္ပုံ ဖယ္ရွားခံလိုက္ရေၾကာင္း သိရသည္။
အဆိုပါ ေၾကာ္ျငာမွာ Strategy First ေက်ာင္း၏ Waso Learn Mobile Application ေၾကာ္ျငာျဖစ္ၿပီး ယမန္ေန႔က စစ္ေကာင္စီ လက္ေအာက္ခံ သတင္းစာတြင္ ေျဖၾကားထားသည့္ ေဒၚႏြဲ႕ႏြဲ႕စန္း၏ အင္တာဗ်ဴးအေပၚ ေဝဖန္မႈမ်ား ျမင့္တက္ခဲ့ၿပီးေနာက္ တျခားေသာ အႏုပညာရွင္မ်ားႏွင့္အတူ ရိုက္ကူးထားသည့္ ဓာတ္ပုံထဲမွ ၎၏ပုံအား ဖယ္ရွားခံလိုက္ရျခင္း ျဖစ္သည္။
Waso Learn Mobile Application ကို ဆက္သြယ္ေမးျမန္းခဲ့ရာ “က်ေနာ္တို႔ ေျပာခြင့္ မရွိပါဘူး။
အေသးစိတ္ကို Page ကေနပဲ ေၾကညာေပးပါမယ္” ဟု ေျပာေၾကာင္း ဧရာဝတီ သတင္းမွာ ေဖာ္ျပထားပါတယ္။
ေဒၚႏြဲ႕ႏြဲ႕စန္းက ၎မွာ အျဖဴေရာင္ အႏုပညာရွင္တဦး ျဖစ္ေၾကာင္း၊ အႏုပညာရွင္သည္ အႏုပညာရွင္ ေနရာတြင္ ေနရမည္ ျဖစ္ေၾကာင္း၊ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ ဇနီးျဖစ္သူအား မမၾကဴဟု ေခၚေဝၚကာ ေက်းဇူးတင္စကား ေျပာခဲ့ျခင္းမ်ား စသည္ျဖင့္ အင္တာဗ်ဴးတြင္ ေျပာဆိုထားသည္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္းကလည္း” ဒီေန႔မွာ ဝန္ႀကီးခ်ဳပ္ႀကီးနဲ႔ မမၾကဴ တို႔က ေငြက်ပ္သိန္း ၁၀၀ လႉတဲ့အတြက္ အထူးကို ေက်းဇူးလည္းတင္တယ္။ ၾကည္ႏူးတယ္။ ေက်နပ္ပါတယ္။
ကၽြန္မ ဝမ္းသာျခင္းသုံးမ်ိဳးကို ခံစားထားရတာကို ဝန္ႀကီးခ်ဳပ္ႀကီးနဲ႔ ေတြ႕တဲ့အခါမွာ ေျပာပါမယ္။ အခုလို အႏုပညာရွင္သက္ႀကီးပူေဇာ္ပြဲကို ေထာက္ပံ့မႈေပးတဲ့အေပၚ အတိုင္းမသိ ေက်းဇူးတင္ရပါတယ္ကြယ္။”လို႔ ေျပာပါတယ္။
အဆိုပါ ေျပာစကားမ်ားအေပၚ ျပည္သူလူထုႏွင့္ အႏုပညာအသိုင္းအဝိုင္းက ေဝဖန္ေျပာဆိုခဲ့ၾကသလို ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲသို႔ တက္ေရာက္ခဲ့ၾကသည့္ အႏုပညာရွင္မ်ားလည္း ေဝဖန္ခံခဲ့ရသည္။
ဒါ့အျပင္ စစ္ေကာင္စီထံက ေထာက္ပံေၾကးလက္ခံရရွိခဲ့တဲ့ သက္ႀကီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚပုလဲက “နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဒီလိုမ်ိဳး ပံ့ပိုးေပးမယ္ဆိုတာ လုံးဝမထင္ထားဘူး။
ေမၽွာ္လည္း ေမၽွာ္လင့္မထားဘူး ေပါ့ေနာ္။ အိမ္ကို တပ္မေတာ္အရာရွိနဲ႔အဖြဲ႕ ေရာက္လာၿပီး ေထာက္ပံ့ေၾကး က်ပ္ေငြ ၁၀ သိန္း၊ ဆန္တစ္အိတ္၊ ဆီနဲ႔ ၾကက္ဥအလုံး ၅၀ လာၿပီး ေထာက္ပံ့ေတာ့ အံ့ဩဝမ္းသာ ဝမ္းနည္းႀကီးျဖစ္သြားတယ္။”လို႔ ေျပာတဲ့ အေၾကာင္း စစ္ေကာင္စီအာေဘာ္ သတင္းစာေတြမွာ ေဖာ္ျပပါတယ္။
ေဒၚႏြဲ႕ႏြဲ႕စန္း ကဲ့သို႔ပင္ စစ္အာဏာရွင္ကို ဆန႔္က်င္ေနသည့္ ျပည္သူမ်ားႏွင့္အတူ ရပ္တည္မႈ မရွိေသာ ျဖဴျဖဴေထြး၊ စိုင္းစိုင္းခမ္းလွိုင္၊ ေနျခည္ဦး စသည့္ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ားကိုလည္း သပိတ္ေမွာက္ရန္ တိုက္တြန္းမႈမ်ားေၾကာင့္ ကုမၸဏီမ်ားက ၎တို႔၏ ကုန္ပစၥည္းေၾကာ္ျငာမ်ားတြင္ ထည့္သြင္းေၾကာ္ျငာေတာ့မည္ မဟုတ္ေၾကာင္း၊ ျပည္သူမ်ား မႀကိဳက္ႏွစ္သက္သည့္ အႏုပညာရွင္မ်ားႏွင့္ လက္တြဲ အလုပ္လုပ္သြားမည္ မဟုတ္ေၾကာင္း စသည္ျဖင့္ ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ၾကရသည္။