ေရစက္ပါလို႔ပဲ ျဖစ္ျဖစ္ ၀ဋ္ေႂကြးပါလိုပဲျဖစ္ျဖစ္ ဘ၀မွာ လူေတာ္ေတာ္မ်ားမ်ားနဲ႔ ေတြ႕ဆုံခဲ့ရဖူးတယ္
အဲ့ဒီလူေတြ အမ်ားႀကီးထဲကမွ ဘ၀တစ္ေလၽွာက္လုံး ေမ့မထားသင့္တဲ့ လူသုံးဦးရွိတယ္
၁ ။ ကိုယ့္ကို ဒုကၡတြင္းထဲ တြန္းပို႔ခဲ့သူ
ဒီလူေတြက မ်ားေသာအားျဖင့္ ကိုယ့္မိတ္ေဆြျဖစ္ေနတတ္တယ္ ။မိတ္ေဆြတုေတြေပါ့ အေျပာခ်ိဳခ်ိဳေလးနဲ႔အလိုက္သင့္ေလးေနေျမႇာက္ပင့္စားေသာက္ၿပီး ေနာက္ဆုံး ကိုယ္ပဲ ဒုကၡျဖစ္ က်န္ရစ္ခဲ့တယ္ေလ
၂ ။ ကိုယ့္ကို ကူညီခ်င္ေယာင္ေဆာင္တဲ့လူ
ေရနစ္သူကို ဝါးကူထိုးတဲ့လူေတြေပါ့ မသိရင္ ဝါးလုံး ကမ္းေပးသလိုလိုနဲ႔ အနားနားေရာက္တိုင္း ထိုးခ်တဲ့လူေတြေလအမ်ားအျမင္ေတာ့ ကူညီေနၾကတာေပါ့ တကယ္တမ္းက်ေတာ့ ကူညီနိုင္တဲ့ အေျခအေနရွိပါလ်က္နဲ႔ ကူညီခ်င္ေယာင္ေဆာင္တတ္ၾကတဲ့ သူေလ ။ တကယ့္အျဖစ္မွန္ကို ခံရတဲ့ ကိုယ္ကိုယ္တိုင္ပဲ သိပါတယ္
၃ ။ ကိုယ္ဒုကၡျဖစ္ေနသည့္တိုင္ အနားမွာဆက္ၿပီး ရွိေနေပးသူ
ဒီလိုလူက ဘ၀မွာ အရမ္းအေရးပါတယ္ ၿပီးေတာ့ အရမ္းလဲ ရွားတယ္ အကယ္၍ၾကဳံေတြ႕ခဲ့သည္ရွိေသာ္ တန္ဖိုးထားေပးပါ ။အစစ္အမွန္နဲ႔ အတုအေယာင္ကို ခြဲျခားေပးတဲ့ ဒုကၡဆိုတဲ့ အရာ ကိုယ့္အနားေရာက္ေလာက္တဲ့အခါ ကိုယ့္ေဘးနားက်န္ခဲ့တဲ့သူကို မရွိသေလာက္ကို ရွားသြားလိမ့္မယ္ ။ တစ္ေယာက္က်န္ခဲ့ရင္ အဲ့ဒီတစ္ေယာက္ကို တန္ဖိုးထားေပးပါ
ဒီလိုလူသုံးဦးကို ဘ၀တစ္ေလၽွာက္ အျမဲတမ္းအမွတ္ရေနပါ အၿငိဳးေတြ အာဃာတေတြ နဲ႔ သတိရေနသင့္တာ မဟုတ္ဘူး ေပးခဲ့တဲ့ သင္ခန္းစာေတြကို အျမဲ အမွတ္ရေနေအာင္ သတိရေနခိုင္းတာ
အကယ္၍ ေနာင္တစ္ႀကိမ္မ်ား ဆုံခဲ့ ၾကဳံခဲ့ရင္ သတိထား ဆင္ျခင္ နိုင္ပါေစၿပီးေတာ့ကိုယ္နိမ့္က်ေနအခ်ိန္ ကိုယ့္လက္ကို ဆြဲရဲတဲ့လူကို ကိုယ္အျမင့္ေရာက္သြား႐ုံနဲ႔ လက္တြဲျဖဳတ္ပစ္လိုက္တာမ်ိဳးဘယ္ေတာ့မွ မလုပ္နဲ႔ ေနာင္တရလိမ့္မယ္
မိန္းမသားတို႔အတြက္
သၽွင္ယြန္း
unicode
ရေစက်ပါလို့ပဲ ဖြစ်ဖြစ် ဝဋ်ကြွေးပါလိုပဲဖြစ်ဖြစ် ဘဝမှာ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ရဖူးတယ်
အဲ့ဒီလူတွေ အများကြီးထဲကမှ ဘဝတစ်လျှောက်လုံး မေ့မထားသင့်တဲ့ လူသုံးဦးရှိတယ်
၁ ။ ကိုယ့်ကို ဒုက္ခတွင်းထဲ တွန်းပို့ခဲ့သူ
ဒီလူတွေက များသောအားဖြင့် ကိုယ့်မိတ်ဆွေဖြစ်နေတတ်တယ် ။မိတ်ဆွေတုတွေပေါ့ အပြောချိုချိုလေးနဲ့အလိုက်သင့်လေးနေမြှောက်ပင့်စားသောက်ပြီး နောက်ဆုံး ကိုယ်ပဲ ဒုက္ခဖြစ် ကျန်ရစ်ခဲ့တယ်လေ
၂ ။ ကိုယ့်ကို ကူညီချင်ယောင်ဆောင်တဲ့လူ
ရေနစ်သူကို ဝါးကူထိုးတဲ့လူတွေပေါ့ မသိရင် ဝါးလုံး ကမ်းပေးသလိုလိုနဲ့ အနားနားရောက်တိုင်း ထိုးချတဲ့လူတွေလေအများအမြင်တော့ ကူညီနေကြတာပေါ့ တကယ်တမ်းကျတော့ ကူညီနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ ကူညီချင်ယောင်ဆောင်တတ်ကြတဲ့ သူလေ ။ တကယ့်အဖြစ်မှန်ကို ခံရတဲ့ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ်
၃ ။ ကိုယ်ဒုက္ခဖြစ်နေသည့်တိုင် အနားမှာဆက်ပြီး ရှိနေပေးသူ
ဒီလိုလူက ဘဝမှာ အရမ်းအရေးပါတယ် ပြီးတော့ အရမ်းလဲ ရှားတယ် အကယ်၍ကြုံတွေ့ခဲ့သည်ရှိသော် တန်ဖိုးထားပေးပါ ။အစစ်အမှန်နဲ့ အတုအယောင်ကို ခွဲခြားပေးတဲ့ ဒုက္ခဆိုတဲ့ အရာ ကိုယ့်အနားရောက်လောက်တဲ့အခါ ကိုယ့်ဘေးနားကျန်ခဲ့တဲ့သူကို မရှိသလောက်ကို ရှားသွားလိမ့်မယ် ။ တစ်ယောက်ကျန်ခဲ့ရင် အဲ့ဒီတစ်ယောက်ကို တန်ဖိုးထားပေးပါ
ဒီလိုလူသုံးဦးကို ဘဝတစ်လျှောက် အမြဲတမ်းအမှတ်ရနေပါ အငြိုးတွေ အာဃာတတွေ နဲ့ သတိရနေသင့်တာ မဟုတ်ဘူး ပေးခဲ့တဲ့ သင်ခန်းစာတွေကို အမြဲ အမှတ်ရနေအောင် သတိရနေခိုင်းတာ
အကယ်၍ နောင်တစ်ကြိမ်များ ဆုံခဲ့ ကြုံခဲ့ရင် သတိထား ဆင်ခြင် နိုင်ပါစေပြီးတော့ကိုယ်နိမ့်ကျနေအချိန် ကိုယ့်လက်ကို ဆွဲရဲတဲ့လူကို ကိုယ်အမြင့်ရောက်သွားရုံနဲ့ လက်တွဲဖြုတ်ပစ်လိုက်တာမျိုးဘယ်တော့မှ မလုပ်နဲ့ နောင်တရလိမ့်မယ်
မိန်းမသားတို့အတွက်
သျှင်ယွန်း