အနုပညာ

ကိုပေါက် ရေးသား အကြံပြုထားတာအရမ်းကိုကောင်းမွန်လွန်းလို့ ဖတ်ကြည့်ပါ

ကိုပေါက်ကတော့ နှစ်တွေအတော်ကြာတဲ့အထိ သရုပ်ဆောင်အဖြစ်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာလည်း ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးတင်ဆက်နေသူလည်း ဖြစ်ပါတယ်။

အရေးကြုံတဲ့အခါတိုင်း မြန်မာပြည်သူပြည်သားများနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ အတူတူပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုတော့ အချိန်ရရင် ရသလို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

လတ်တလောအခြေအနေတွေ ပြင်းထန်နေတာကြောင့် ပြည်သူတွေစိုးရိမ်ကာ အချင်းချင်းသွေးကွဲနေရမယ့်အချိန်မဟုတ်ဘဲ အရေးတော်ပုံအောင်နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားသင့်ကြောင်းကို အခုလိုပဲ ရေးသားဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ” “ထရံကာ၊ဓနိမိုးအိမ်ဆောက်နေတာမဟုတ်ဘူး”

🇲🇲CRPHနဲ့ဒေါက်တာဆာဆာ၊ဦးကျော်မိုးထွန်း တို့သံတမန်လုပ်ဆောင်ချက်တွေကို နှေးတယ်၊စာပဲထုတ်နေကြတော့၊တခါးပိတ်စည်းအဝေးပြီးရင် တံခါးဟစိဟစိ တွေထပ်လုပ်မယ်ဆိုပြီး ဟဟပေးနေတဲ့သူတွေကို မေတ္တာရပ်ခံချင်ပါတယ်🙏🙏🙏

ဒီအချိန်က တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောရမယ့်အချိန်မဟုတ်ပါဘူး X တွေ Y တွေ Zတွေ ဆိုပြီးသွေးခွဲရမယ့်အချိန်မဟုတ်ဘူး စဉ်းစားကြည့်ပါ CRPH ရဲ့အသက်ဟာဆိုရင် ရက်သားပဲရှိပါသေးတယ်။ဒီရက်သားလေးရဲ့လုပ်ဆောင်ချက်က ခရီးပေါက်ပြီးအားကောင်းတယ်ဆိုတာ သိထားရပါမယ်။

ဓနိမိုး ထရံကာအိမ်တစ်လုံးကို ဆောက်မယ်ဆိုရင်တောင် တစ်ပတ် နှစ်ပတ်တော့အချိန်ယူဆောက်ရပါတယ်။အခုတည်ဆောက်နေတာက ထရံအိမ်မဟုတ်ဘူး လူသန်း၅၀ကျော်ကို လုံလုံခြုံခြုံအေးအေးချမ်းချမ်းနေလို့ရမယ့် ခံတပ်ကြီးဆောက်နေတာပါ ချက်ခြင်းတော့ဘယ်ရမလည်းဗျာ စိတ်ရှည်သည်းခံရမှာပေါ့။

 

မလောကြပါနဲ့ ဒေါသရှေ့မထားပါနဲ့ စနစ်တကျပြင်ဆင်ပြီး စနစ်တကျတော်လှန်ရမယ့်အခြေအနေမှာ လူကြီးတွေက ကလေးတွေကို အကြံပေးပါဝန်းရံပေးပါ ကာကွယ်ပေးပါ ထောက်ပံ့ပေးပါ မြှောက်ပေးနေတာမဟုတ်ဘူးကလေး တွေကို တွေဝေစေမယ့်စကားအစား ခွန်အားဖြစ်မယ့်စကားတွေပြောပေးပါ သွေးမကွဲကြပါနဲ့ သွေးမခွဲကြပါနဲ့။

ကျွန်တော်တို့တွေရဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံအတွက်လိုအပ်တဲ့ အုပ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခွင့်ရတယ်ဆိုတော်ပါပြီ ဒီလောက်ပါပဲအရေးကြီးတာ လူငယ်တွေရဲ့အနာဂတ်ကောင်းဖို့အတွက်လုပ်နေကြတာပဲမဟုတ်ဘူးလား။

ကျွန်တော့ရဲ့အခုလက်ရှိအခြေအနေအရ ကျွန်တော်တို့အသက်အရွယ်အရ အတွေအကြုံတွေ ချပြကြမယ်။အကြံပြုကြမယ်။အသက်မပေးရဘဲ ဆက်လက်တိုက်ပွဲဝင်လို့ရမယ့်နည်းတွေ ပြောပြကြမယ် ဒါတွေလုပ်ပေးရမှာလေ မဟုတ်ဘူးလား။မတွေဝေကြပါနဲ့ ဒီတ်ိုက်ပွဲက ခေတ်သစ်ဘုရင်နောင်ဖောင်ဖျက်တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။

 

နောက်ပြန်လှည့်လို့မရဘူး အခုအချိန်ကအသက်ပေးတိုက်စရာမလိုတော့ပါဘူး အင်အားကိုချွေတာပြီး ခံစစ်သုံးရမယ် အကြမ်းဖက်ပြီးတုံ့ပြန်ဖို့မစဉ်းစားပါနဲ့ အကြမ်းဖက်ဖို့ မစည်းရုံးပါနဲ့ အကြမ်းဖက်ဖို့မြှောက်မပေးပါနဲ့ ကိုယ့်ဖက်က အကျအဆုံးနည်းပြီး သူတို့တွေယုန်တောင်ပြေးခွေးမြောက်လိုက် ပုံမ်ျိုးဖြစ်အောင် လှုပ်ရှားပါ

သူတို့တွေကို ပင်ပန်းအောင် ဆီကုန်အောင် စိတ်ပျက်အောင်လုပ်တဲ့လမ်းစဉ်ကိုစဉ်းစားပါ #အရေးတကြီးမှာချင်တာက သေနတ်တွေရလာခဲ့ ရင် ချက်ချင်း ရဲလက်အပ်ပါ 🌺🌺🌺 အောင်ပွဲရဲ့အလံက လက်တစ်ကမ်းမှာရောက်နေပါပြီ မကြာမီအောင်ပွဲခံဖို့အတွက် ပွဲသိမ်းခရာသံစောင့်ဖို့ပဲလိုပါတော့တယ်။

အားမကုန်စေနဲ့ အားတင်းထား #အရေးတော်ပုံအောင်ရမည် (တော်လှန်ရေးအတွက်ကျဆုံးသွားသော သူရဲကောင်းများကိုအမြဲဦးညွှတ်လျှက်) ကိုပေါက်(၉.၃.၂၀၂၁) ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ် အားလုံးလည်း ဒီအချိန်မှာ စိတ်ဝမ်းမကွဲကြဘဲ လိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် စည်းလုံးညီညွတ်မှုဖြင့် အတူကြိုးစားကြရအောင်ပါနော်။crd

Zawgyi

ကိုေပါက္ကေတာ့ ႏွစ္ေတြအေတာ္ၾကာတဲ့အထိ သ႐ုပ္ေဆာင္အျဖစ္နဲ႔ ဗီဒီယိုဇာတ္ကားမ်ားတြင္ ပါဝင္႐ိုက္ကူးခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း ဒါ႐ိုက္တာအျဖစ္နဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို ဖန္တီးတင္ဆက္ေနသူလည္း ျဖစ္ပါတယ္။

အေရးႀကဳံတဲ့အခါတိုင္း ျမန္မာျပည္သူျပည္သားမ်ားနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ အတူတူပူးေပါင္းေဆာင္႐ြက္ခဲ့တာလည္း ျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေပမယ့္လည္း အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကိုေတာ့ အခ်ိန္ရရင္ ရသလို သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။

လတ္တေလာအေျခအေနေတြ ျပင္းထန္ေနတာေၾကာင့္ ျပည္သူေတြစိုးရိမ္ကာ အခ်င္းခ်င္းေသြးကြဲေနရမယ့္အခ်ိန္မဟုတ္ဘဲ အေရးေတာ္ပုံေအာင္ႏိုင္ဖို႔အတြက္ တတ္ႏိုင္တဲ့ဘက္ကေန ႀကိဳးစားသင့္ေၾကာင္းကို အခုလိုပဲ ေရးသားေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။ ” “ထရံကာ၊ဓနိမိုးအိမ္ေဆာက္ေနတာမဟုတ္ဘူး”

🇲🇲CRPHနဲ႔ေဒါက္တာဆာဆာ၊ဦးေက်ာ္မိုးထြန္း တို႔သံတမန္လုပ္ေဆာင္ခ်က္ေတြကို ေႏွးတယ္၊စာပဲထုတ္ေနၾကေတာ့၊တခါးပိတ္စည္းအေဝးၿပီးရင္ တံခါးဟစိဟစိ ေတြထပ္လုပ္မယ္ဆိုၿပီး ဟဟေပးေနတဲ့သူေတြကို ေမတၱာရပ္ခံခ်င္ပါတယ္🙏🙏🙏

ဒီအခ်ိန္က တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေျပာရမယ့္အခ်ိန္မဟုတ္ပါဘူး X ေတြ Y ေတြ Zေတြ ဆိုၿပီးေသြးခြဲရမယ့္အခ်ိန္မဟုတ္ဘူး စဥ္းစားၾကည့္ပါ CRPH ရဲ႕အသက္ဟာဆိုရင္ ရက္သားပဲရွိပါေသးတယ္။ဒီရက္သားေလးရဲ႕လုပ္ေဆာင္ခ်က္က ခရီးေပါက္ၿပီးအားေကာင္းတယ္ဆိုတာ သိထားရပါမယ္။

ဓနိမိုး ထရံကာအိမ္တစ္လုံးကို ေဆာက္မယ္ဆိုရင္ေတာင္ တစ္ပတ္ ႏွစ္ပတ္ေတာ့အခ်ိန္ယူေဆာက္ရပါတယ္။အခုတည္ေဆာက္ေနတာက ထရံအိမ္မဟုတ္ဘူး လူသန္း၅၀ေက်ာ္ကို လုံလုံၿခဳံၿခဳံေအးေအးခ်မ္းခ်မ္းေနလို႔ရမယ့္ ခံတပ္ႀကီးေဆာက္ေနတာပါ ခ်က္ျခင္းေတာ့ဘယ္ရမလည္းဗ်ာ စိတ္ရွည္သည္းခံရမွာေပါ့။

မေလာၾကပါနဲ႔ ေဒါသေရွ႕မထားပါနဲ႔ စနစ္တက်ျပင္ဆင္ၿပီး စနစ္တက်ေတာ္လွန္ရမယ့္အေျခအေနမွာ လူႀကီးေတြက ကေလးေတြကို အႀကံေပးပါဝန္းရံေပးပါ ကာကြယ္ေပးပါ ေထာက္ပံ့ေပးပါ ေျမႇာက္ေပးေနတာမဟုတ္ဘူးကေလး ေတြကို ေတြေဝေစမယ့္စကားအစား ခြန္အားျဖစ္မယ့္စကားေတြေျပာေပးပါ ေသြးမကြဲၾကပါနဲ႔ ေသြးမခြဲၾကပါနဲ႔။

ကြၽန္ေတာ္တို႔ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြက ႏိုင္ငံအတြက္လိုအပ္တဲ့ အုပ္တစ္ခ်ပ္ သဲတစ္ပြင့္ျဖစ္ခြင့္ရတယ္ဆိုေတာ္ပါၿပီ ဒီေလာက္ပါပဲအေရးႀကီးတာ လူငယ္ေတြရဲ႕အနာဂတ္ေကာင္းဖို႔အတြက္လုပ္ေနၾကတာပဲမဟုတ္ဘူးလား။

ကြၽန္ေတာ့ရဲ႕အခုလက္ရွိအေျခအေနအရ ကြၽန္ေတာ္တို႔အသက္အ႐ြယ္အရ အေတြအႀကဳံေတြ ခ်ျပၾကမယ္။အႀကံျပဳၾကမယ္။အသက္မေပးရဘဲ ဆက္လက္တိုက္ပြဲဝင္လို႔ရမယ့္နည္းေတြ ေျပာျပၾကမယ္ ဒါေတြလုပ္ေပးရမွာေလ မဟုတ္ဘူးလား။မေတြေဝၾကပါနဲ႔ ဒီတ္ိုက္ပြဲက ေခတ္သစ္ဘုရင္ေနာင္ေဖာင္ဖ်က္တိုက္တဲ့ တိုက္ပြဲျဖစ္တယ္။

ေနာက္ျပန္လွည့္လို႔မရဘူး အခုအခ်ိန္ကအသက္ေပးတိုက္စရာမလိုေတာ့ပါဘူး အင္အားကိုေခြၽတာၿပီး ခံစစ္သုံးရမယ္ အၾကမ္းဖက္ၿပီးတုံ႔ျပန္ဖို႔မစဥ္းစားပါနဲ႔ အၾကမ္းဖက္ဖို႔ မစည္း႐ုံးပါနဲ႔ အၾကမ္းဖက္ဖို႔ေျမႇာက္မေပးပါနဲ႔ ကိုယ့္ဖက္က အက်အဆုံးနည္းၿပီး သူတို႔ေတြယုန္ေတာင္ေျပးေခြးေျမာက္လိုက္ ပုံမ္်ိဳးျဖစ္ေအာင္ လႈပ္ရွားပါ

သူတို႔ေတြကို ပင္ပန္းေအာင္ ဆီကုန္ေအာင္ စိတ္ပ်က္ေအာင္လုပ္တဲ့လမ္းစဥ္ကိုစဥ္းစားပါ #အေရးတႀကီးမွာခ်င္တာက ေသနတ္ေတြရလာခဲ့ ရင္ ခ်က္ခ်င္း ရဲလက္အပ္ပါ 🌺🌺🌺 ေအာင္ပြဲရဲ႕အလံက လက္တစ္ကမ္းမွာေရာက္ေနပါၿပီ မၾကာမီေအာင္ပြဲခံဖို႔အတြက္ ပြဲသိမ္းခရာသံေစာင့္ဖို႔ပဲလိုပါေတာ့တယ္။

အားမကုန္ေစနဲ႔ အားတင္းထား #အေရးေတာ္ပုံေအာင္ရမည္ (ေတာ္လွန္ေရးအတြက္က်ဆုံးသြားေသာ သူရဲေကာင္းမ်ားကိုအၿမဲဦးၫႊတ္လွ်က္) ကိုေပါက္(၉.၃.၂၀၂၁) ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္ အားလုံးလည္း ဒီအခ်ိန္မွာ စိတ္ဝမ္းမကြဲၾကဘဲ လိုခ်င္တဲ့ပန္းတိုင္ကို အျမန္ဆုံးေရာက္ေအာင္ စည္းလုံးညီၫြတ္မႈျဖင့္ အတူႀကိဳးစားၾကရေအာင္ပါေနာ္။crd