Credit
unicode
ပိုင်တံခွန်ကတော့ လူထုလှုပ်ရှား မှုတွေမှာလည်း ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။
လူငယ်ပီပီ ရှေ့ဆုံးကနေပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေကပါ လေးစားနေကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံး ချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့် ပိုင်တံခွန်ဟာ နည်းမျိုးစုံခြိမ်းခြောက်ခံရမှုတွေရှိနေတာမို့ မိသားစုနဲ့ခွဲခွာကာတိမ်းရှောင်နေရပါတယ်။
ဒါပေမယ့်သူကတော့ နောက်မဆုတ်ဘဲဒီနေ့ဒီချိန်ထိ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။အခုလည်း သူရဲ့ဘဏ်အကောင့်ထဲမှာ
ငွေသား သိန်း (၇)သောင်းရှိကြောင်း ဝေဖန်စွတ်စွဲမှုတွေထွက်လာတာနဲ့ပတ်သက်ပြီး စွတ်စွဲလာသူကို ခုလို ပညာသားပါပါ ရေးသားကာသူရဲ့အကောင့်လေးမှာ
ပြန်လည်ဖြေရှင်း ခဲ့ပါတယ်။
“ကျနော့် ဘဏ်ထဲ မှာ အရင်ကဖြစ်ဖြစ် အခုဖြစ်ဖြစ် သိန်း ၇ သောင်း တကယ်ရှိရင် တပြား တချပ်မကျန် မရှိတဲ့ လူတွေကို လှူပါမယ်တကယ်လို့ ဘဏ်ထဲမှာ
သိန်းတရာတောင်မရှိရင် သိန်း ၇ သောင်း ရှိပါတယ်ဆိုပြီး ကြေငြာထားတဲ့ သူတောင်းစားက ဘဏ်ထဲ သိန်း ၇ သောင်း ပြန်ဖြည့်ပေးရပါမယ်”
ဆိုတဲ့စာလေးကိုရေးသားပြန်ရှင်းထားရာ ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit