ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ
အလှအပကို တစ်ယောက်နဲ့တစ်ယောက် စံံချိန်သတ်မှတ် ထားတာချင်းမတူညီပါဘူး ခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေတော်တော် များများက လှတယ်လို့ သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်လေးတွေပါ.။သင်ဟာ ဒီအချက်တွေထဲက ရချက်နဲ့အထက် ကိုက်ညီနေရင်တော့ တကယ်ကို လှပချောမောတဲ့ သူတစ်ယောက်ပါ..။
(၁) သင့်မှာ မျက်ခုံးမွှေးဆွဲ စရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခါတလေ ရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာ မလိုပါဘူး..။
(၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ် လည်းရှိပါတယ်။ မျက်တောင်တွေက ကော့ညွတ်မနေ သည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ်..။
(၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေသူပါ..။
(၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ နှင်းဆီပန်းလေးလိုပဲ ခပ်ထူထူလေးနဲ့ ဆွဲဆောင်မှု အပြည့်ရှိနေမှာပါ။ လူတွေကသင့်ကို နှုတ်ခမ်း လှတယ်လို့ ပြောတာကို ခဏခဏ ကြားရမှာပါ..။
(၅) သင့်ရဲ့ သွားလေးတွေဟာ ဖြူဖွေးပြီး ညီညာနေ ပါလိမ့်မယ်။ သွားထပ်လေး ပါတာလည်းဖြစ်နိုင်ပါတယ်..။
(၆) သင့်မှာ ပြုံးလိုက်တိုင်း ခွက်သွားတဲ့ ပါးချိုင့်လေးတွေရှိပြီး သင့်အပြုံးလေးတွေက အရမ်းကို ချိုမြိန်နေမှာပါ..။
(၇) သင့်ရဲ့ အသားအရေဟာ အထူးတလည် လိမ်းခြယ်နေစရာမ လိုလောက်အောင် ဝင်းဝါပြီး ဘာမှလိမ်းမ ထားရင်တောင် လှနေတဲ့ အသားအရေမျိုးပါ..။
(၈) သင့်ရဲ့ ခန္ဓာကိုယ်ဟာ မပိန်သည့် တိုင်အောင် အဆီပိုတွေ ရှိမနေသလို၊ ဝလည်းမနေပဲ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါတယ်..။
(၉) သင့်ရဲ့ ခြေချောင်း၊ လက်ချောင်းလေးတွေဟာ ဖူးဖူးလေးတွေနဲ့ လှပနေမှာပါ ။ လက်သည်းကို အများကြီးပြင် ဆင်ပေးစရာ မလိုသလို၊ ခြေချောင်း လက်ချောင်းလေးတွေကအစ အရမ်းလှ မှာပါ..။
(၁၀) သင့်ရဲ့ ဆံပင်ဟာ သဘာဝ အတိုင်းထူ ထဲပြီး သန်စွမ်းတဲ့ ဆံကေသာပါ။ အထူးတလည် ပုံသွင်းနေစရာ မလိုလောက်အောင် လှနေပြီးသားပါ..။
Em Em
Credit:Aunty May
ဒီ(၁၀)ခ်က္ထဲက (၅)ခ်က္ေလာက္နဲ႔ကိုက္ညီေနရင္ သင္ဟာတကယ္ေခ်ာတဲ့ေကာင္မေလးပါ
အလွအပကို တစ္ေယာက္နဲ႔တစ္ေယာက္ စံံခ်ိန္သတ္မွတ္ ထားတာခ်င္းမတူညီပါဘူး ခုေဖာ္ျပေပးမွာကေတာ့ ႏိုင္ငံတကာက လူေတြေတာ္ေတာ္ မ်ားမ်ားက လွတယ္လို႔ သတ္မွတ္ထားတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ စံခ်ိန္ေလးေတြပါ.။သင္ဟာ ဒီအခ်က္ေတြထဲက ရခ်က္နဲ႔အထက္ ကိုက္ညီေနရင္ေတာ့ တကယ္ကို လွပေခ်ာေမာတဲ့ သူတစ္ေယာက္ပါ..။
(၁) သင့္မွာ မ်က္ခုံးေမႊးဆြဲ စရာမလိုေလာက္ေအာင္ လွပၿပီးထူထဲတဲ့ မ်က္ခုံးေမႊးေတြကို ပိုင္ဆိုင္ထားပါတယ္။ တစ္ခါတေလ ရိတ္ရတာကလြဲၿပီး အထူးတလည္ျပင္ဆင္ေပးစရာ မလိုပါဘူး..။
(၂) သင့္ရဲ႕ မ်က္လုံးေလးဟာ လုံးဝေစြေစာင္းမေနသလို၊ မ်က္ရစ္ လည္းရွိပါတယ္။ မ်က္ေတာင္ေတြက ေကာ့ၫြတ္မေန သည့္တိုင္ အၾကည့္ေတြက အရမး္ဆြဲေဆာင္မႈရွိပါတယ္..။
(၃) သင့္ရဲ႕ ႏွာတံေလးဟာ မခြၽန္ရင္ေတာင္မွ ျပားေနတာမ်ိဳး၊ ပြေနတာမ်ိဳးမဟုတ္ပဲ ႏွာတံစင္းစင္းေလးနဲ႔ ၾကည့္ေကာငး္ေနသူပါ..။
(၄) သင့္ရဲ႕ ႏႈတ္ခမ္းေလးဟာ ႏွင္းဆီပန္းေလးလိုပဲ ခပ္ထူထူေလးနဲ႔ ဆြဲေဆာင္မႈ အျပည့္ရွိေနမွာပါ။ လူေတြကသင့္ကို ႏႈတ္ခမ္း လွတယ္လို႔ ေျပာတာကို ခဏခဏ ၾကားရမွာပါ..။
(၅) သင့္ရဲ႕ သြားေလးေတြဟာ ျဖဴေဖြးၿပီး ညီညာေန ပါလိမ့္မယ္။ သြားထပ္ေလး ပါတာလည္းျဖစ္ႏိုင္ပါတယ္..။
(၆) သင့္မွာ ၿပဳံးလိုက္တိုင္း ခြက္သြားတဲ့ ပါးခ်ိဳင့္ေလးေတြရွိၿပီး သင့္အၿပဳံးေလးေတြက အရမ္းကို ခ်ိဳၿမိ္န္ေနမွာပါ..။
(၇) သင့္ရဲ႕ အသားအေရဟာ အထူးတလည္ လိမး္ျခယ္ေနစရာမ လိုေလာက္ေအာင္ ဝင္းဝါၿပီး ဘာမွလိမး္မ ထားရင္ေတာင္ လွေနတဲ့ အသားအေရမ်ိဳးပါ..။
(၈) သင့္ရဲ႕ ခႏၶာကိုယ္ဟာ မပိန္သည့္ တိုင္ေအာင္ အဆီပိုေတြ ရွိမေနသလို၊ ဝလည္းမေနပဲ ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္ျဖစ္ပါတယ္..။
(၉) သင့္ရဲ႕ ေျခေခ်ာင္း၊ လက္ေခ်ာင္းေလးေတြဟာ ဖူးဖူးေလးေတြနဲ႔ လွပေနမွာပါ ။ လက္သည္းကို အမ်ားႀကီးျပင္ ဆင္ေပးစရာ မလိုသလို၊ ေျခေခ်ာင္း လက္ေခ်ာင္းေလးေတြကအစ အရမး္လွ မွာပါ..။
(၁၀) သင့္ရဲ႕ ဆံပင္ဟာ သဘာဝ အတိုင္းထူ ထဲၿပီး သန္စြမး္တဲ့ ဆံေကသာပါ။ အထူးတလည္ ပုံသြင္းေနစရာ မလိုေလာက္ေအာင္ လွေနၿပီးသားပါ..။
Em Em
Credit:Aunty May



