cele

ဒဏ်ရာရရှိတဲ့လူနာတွေကိုဆေးကုသပေးနေတဲ့ဆေးရုံနာမည်ကို ဖေ့ဘုတ်မှာမတင်ဖို့ သတိပေးလိုက်တဲ့ အိချောပို







Credit

တစ်ရက်ထက်တစ်ရက် တိုးလာတဲ့ သေဆုံးသူတွေ ဒဏ်ရာရရှိသူ တွေကိုကြည့်ပြီး ပြည်သူတွေဟာနေ့စဉ်တိုင်း စိတ်မကောင်းဖြစ်ကာ ကြေကွဲဝမ်းနည်းရင်း သူတို့ကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှုတွေကြားမှာနေထိုင်နေရပါတယ်

မြန်မာနိုင်ငံရဲ့ နေရာအနှံအပြားမှာ နေ့ရောညပါ ပစ်ခတ်မှု တွေကိုရင်ဆိုင်နေရပေမယ့်လည်း အားလုံးကတော့လက်မလျော့ဘဲရရင်ရသလို လှုပ်ရှားမှုတွေကိုပြုလုပ်နေဆဲပါ

ခုဆိုရင် ညဘက်တွေပါ တစ်ချို့မြို့နယ်တွေမှာ ပြည်သူတွေစုပေါင်းပြီ ညသပိတ် တွေကိုဖန်တီးလာကြတာတွေ့ရပါတယ်။ပြည်သူတွေအားလုံးက အသက်ဆုံးရှုံးမှာကိုမမူဘဲ ဆက်လက်လှုပ်ရှားနေကြတာလည်းဖြစ်သလိုအားလုံးကလည်းအချင်းချင်း သွေမကွဲဘဲ တစ်ယောက်ကိုတစ်ယောက်ကူညီစောင့်ရှောက်ရင်း ရရာနေရာကနေအားဖြည့်ပါဝင်နေကြတာပါ

ဒါ့အပြင်လိုက်နာရမယ့်အချက်တွေကိုလည်းအချင်းချင်း ဝေမျှကြသလို မလုပ်သင့်တဲ့ အချက်တွေကိုလည်းဝေဖန် ထောက်ပြပေးတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုဆိုလည်း အိချောပိုက အရေးကြီးဆုံးအချက်ဖြစ်တဲ့ သတိထားရမယ့် အရာလေးကို Follower တွေများစွာပိုင်ဆိုင်ထားတဲ့ သူရဲ့အကောင့်လေးမှာ လူအများသိရှိနိုင်စေရန် ဝေမျှလာတာတွေ့ရပါတယ်။ ဒဏ်ရာရရှိသူ တွေကို ကုသပေးနေတဲ့

ဆေးရုံဆေးခန်း တွေရဲ့နာမည်တွေကို မဖော်ပြသင့်ကြောင်းနောင်အခါမှာ ဆက်လက်ကုသပေးလို့မရနိုင်တော့မှာစိုးရိမ်မိကြောင်းခု လိုပုံလေး နဲ့တကွဖော်ပြလာပါတယ်။” ကျေးဇူးပြုပြီး လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံနာမည်တွေနဲ့ ဆေးရုံပုံတွေကိုမတင်ကြ မ share ကြပါနဲ့နော်နောက်ဆို ကုသပေးဖို့အခက်ခဲဖြစ်သွားမှာစိုးလို့ပါရှင်”ဆိုတဲ့စာလေးပဲ ဖြစ်ရာ ပရိသတ်တွေလည်းသိရှိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်

Credit