ဗဟုသုတ

အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ တခြားသူ ဘက်ကနေလဲ ကြည့်ပေးပါ

တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ် .. ။ ထမင်းစားရင်း အချိန်က တော်တော်လေးနောက် ကျသွားပြီး မိုးချုပ်သွားတယ်… မျက်မမြင် သူငယ်ချင်း ကမိုးအရမ်းချုပ်နေပြီ ပြန်တော့မယ် လို့ပြောတယ် ။

ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ် မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ် “ကျနော်ဟာ မျက်မမြင်တစ်ယောက်လို့ သိနေပါရဲ့ကျနော့ကို မီးအိမ်တစ်ခုပေးတာ ကျနော့ကိုလှောင်နေတာလား?”

အိမ်ရှင်က ပြန်ပြောတယ် “ကျနော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ… သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ။ ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့…”မျက်မမြင်သူငယ်ချင်း သ ဘောပေါက်နားလည်သွားပါတယ်။နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။

ကျနော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့် ကနေကြည့်ရင် မတူတဲ့အမြင် ရှိကြပါ တယ်။သင့်မှာ သမီးတစ်ယောက် ရှိရင် သားရှင်ဘက်က များများ တင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။

သင့်မှာ သားတစ်ယောက် ရှိရင် သမီးရှင်ဘက်က များများ မတောင်းဖို့ မျှော်လင့် လိမ့်မယ်။သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှု ကိစ္စတွေများတယ်၊ နားလည်မှု မရှိဘူးလို့ ပြစ်တင်မိ လိမ့်မယ်။သင့်မှာ သမီးတစ်ယောက် ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင် တယ်။

သင်လမ်းလျှောက်တဲ့အချိန် ကားမောင်း သူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက် သူတွေကို ကြည့်မရဘူး။ သင်အလုပ်သ မားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်း တယ်လို့ယူဆတယ်။ သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ် သမားတွေက ခိုကပ်တယ် တာဝန်ယူချင် စိတ်မရှိဘူးလို့ ယူဆတယ် ။

သင်ဝယ်ယူ သူဖြစ်တဲ့အချိန် ဈေးရောင်းသူက အမြတ်ကြီးစား လွန်းတယ်လို့သတ် မှတ်တယ်။ သင်ဈေးရောင်းသူဖြစ်တဲ့ အချိန် ဝယ်ယူသူက ဈေးဆစ်တတ် လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်းကိုယ့်နေရာ ကနေဘဲမကြည့်ဘဲ တခြားသူဘက် ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။တခြားသူရဲ့ ဒုက္ခကို နားလည်ပေး နိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲ ကိုနားလည်ပေးနိုင်တာ ကြင်နာခြင်း တစ်မျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထား ကြီးခြင်း တစ်မျိုးပါ။

Credit….p&p

Unicode