ဗဟုသုတ

ရှင်းပြချင်စိတ်ကိုထိန်းပါ

ဘယ်သူ့ကိုမှရှင်းပြချင်တဲ့ ဆန္ဒတွေမများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။ မိမိတို့တတွေ တစ်ဦးနဲ့

တစ်ဦး နားလည်မှုလွဲနေကြတဲ့အခါတွေမှာ မိမိတို့အနေနဲ့တစ်ဖက်လူကို မိမိသည်မှန်ကြောင်း မိမိကိုစာနာသင့်ကြောင်း မိမိသာ တော်ကြောင်းတွေ စသည်ဖြင့်ပြောချင်

နေမိပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ ပထမဦးဆုံးစဥ်းစားစေချင်တာက တစ်ဖက်လူကလည်း မိမိကိုသူမှန်ကြောင်း သူအပေါ်စာနာသင့်ကြောင်း သူသာတော်ကြောင်းတွေ ပြောချင်နေမယ်ဆို

တာပေါ့။

(6)ဆိုတဲ့သချ်ာဂဏန်းဟာ တစ်ဖက်ကကြည့်ရင် (9)ဖြစ်နေရော။ ဒါကိုတစ်ဖက်ထဲကကြည့်ပြီး ဖင်ပိတ်ငြင်းနေလို့မရဘူး။ ရှုထောင့်၊ဘယ်ရှုထောင့်က အမှန်ဆုံးလဲ။ ငါ

ကြည့်တဲ့ရှုထောင့်ကအမှန်ဆုံးပဲ။ သူများရှုထောင့်က ငါ့လောက်မှန်မှာမဟုတ်ဘူး။ ငါအမှန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုး

ထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါပဲ။

အားလုံးကြားဖူးကြတဲ့ ပုံပြင်လေးရှိတယ်လေ။ မျက်ကန်းခြောက်ယောက်နဲ့ ဆင်တစ်ကောင်အကြောင်းကိုလေ။ ကိုယ်စမ်းမိရာကိုယ်မိရာကို ကိုယ်သိထားတာလေးနဲ့

ဘာနဲ့တူကြောင်းပြောကြတယ်လေ။

နားရွက်စမ်းမိသူက ဆင်ဟာယပ်တောင်နဲ့တူတယ်၊ နှာမောင်းစမ်းမိသူကမြွေနဲ့တူတယ်၊ ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊ ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့တူ

တယ်၊ အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊ အစွယ်စမ်းမိသူက လှံနဲ့တူတယ်စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။

တကယ်တမ်းက ဘယ်တစ်ယောက်ရဲ့ရှုထောင့်ကမှ ဆင်တစ်ကောင်ကို ပုံဖော်နိုင်တာမဟုတ်ဘူး။ မှန်တာလည်းမဟုတ်ပါဘူး။ မှားနေပါတယ်လို့လဲ ပြောလို့မရဘူး။

တကယ်တော့မပြည့်စုံတာ။ ဘာမပြည့်စုံတာလဲဆိုရင်အသိပညာ။

ကိုယ်ထင်မြင်တာကိုပဲအမှန်ဆိုပြီး မိမိအနိုင်ရဖို့ဆိုတဲ့စိတ်နဲ့ တစ်ဖက်ပိတ်ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီးအဖြေရှာဖို့ မစဥ်းစားကြဘူးလေ။

ဆင်တစ်ကောင်ဟာဘယ်လိုရှိမှန်း သိချင်တာထက် ငါ့ကမှန်တယ်ဆိုတာ အပြိုင်ငြင်းကြတာပဲ။ တကယ်တမ်းဆင်ဟာ ဘယ်လိုဆိုတာသိအောင် လုပ်နိုင်တဲ့နည်းရှိပါ

တယ်။ အနီးအနားက ဆင်မြင်ဖူးသူတစ်ယောက်ကိုမေးကြည့်ရုံနဲ့ မှန်ကန်တဲ့အဖြေကိုရနိုင်ပါတယ်။

ခုတော့မျက်ကန်းခြောက်ယောက်ဟာ ခုပြောသလိုမလုပ်ကြပဲ “ငါပဲအမှန်” ဆိုတဲ့စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကိုဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာ

ကြဘူးလေ။

လူတွေကမျက်မမြင်တွေနဲ့တူပါတယ်။ ဘယ်နေရာမှာပဲဆိုဆို ဘယ်ကိစ္စရပ်ကိုပဲဆိုဆို ဘယ်သူ့အပေါ်ပဲဆိုဆို ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက်၊ ကိုယ်ယူဆ

နိုင်သလောက်ကိုပဲ အမှန်လို့ဆုံးဖြတ်တယ်။

ဒါကြောင့်ဘယ်သူကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေမများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။ အရာရာတိုင်း

မရှင်းပြချင်ပါနဲ့။ လက်ခံနိုင်စွမ်းရှိမရှိ တစ်ဖက်လူကိုလေ့လာသုံးသပ်ကြည့် ပြီးမှလုပ်သင့်ပါတယ်။



Credit

Unicode

ဘယ်သူ့ကိုမှရှင်းပြချင်တဲ့ ဆန္ဒတွေမများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။

မိမိတို့တတွေ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲနေကြတဲ့အခါတွေမှာ မိမိတို့အနေနဲ့တစ်ဖက်လူကို မိမိသည်မှန်ကြောင်း မိမိကိုစာနာသင့်ကြောင်း မိမိသာ တော်ကြောင်း

တွေ စသည်ဖြင့်ပြောချင်နေမိပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ ပထမဦးဆုံးစဉ်းစားစေချင်တာက တစ်ဖက်လူကလည်း မိမိကိုသူမှန်ကြောင်း သူအပေါ်စာနာသင့်ကြောင်း သူသာတော်ကြောင်းတွေ ပြောချင်နေမယ်ဆို

တာပေါ့။

(6)ဆိုတဲ့သချ်ာဂဏန်းဟာ တစ်ဖက်ကကြည့်ရင် (9)ဖြစ်နေရော။ ဒါကိုတစ်ဖက်ထဲကကြည့်ပြီး ဖင်ပိတ်ငြင်းနေလို့မရဘူး။

ရှုထောင့်၊ဘယ်ရှုထောင့်က အမှန်ဆုံးလဲ။ ငါကြည့်တဲ့ရှုထောင့်ကအမှန်ဆုံးပဲ။ သူများရှုထောင့်က ငါ့လောက်မှန်မှာမဟုတ်ဘူး။ ငါအမှန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့

သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုးထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါပဲ။

အားလုံးကြားဖူးကြတဲ့ ပုံပြင်လေးရှိတယ်လေ။ မျက်ကန်းခြောက်ယောက်နဲ့ ဆင်တစ်ကောင်အကြောင်းကိုလေ။ ကိုယ်စမ်းမိရာကိုယ်မိရာကို ကိုယ်သိထားတာလေးနဲ့

ဘာနဲ့တူကြောင်းပြောကြတယ်လေ။

နားရွက်စမ်းမိသူက ဆင်ဟာယပ်တောင်နဲ့တူတယ်၊ နှာမောင်းစမ်းမိသူကမြွေနဲ့တူတယ်၊ ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊ ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့တူ

တယ်၊ အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊ အစွယ်စမ်းမိသူက လှံနဲ့တူတယ်စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။

တကယ်တမ်းက ဘယ်တစ်ယောက်ရဲ့ရှုထောင့်ကမှ ဆင်တစ်ကောင်ကို ပုံဖော်နိုင်တာမဟုတ်ဘူး။ မှန်တာလည်းမဟုတ်ပါဘူး။ မှားနေပါတယ်လို့လဲ ပြောလို့မရဘူး။

တကယ်တော့မပြည့်စုံတာ။ ဘာမပြည့်စုံတာလဲဆိုရင်အသိပညာ။

ကိုယ်ထင်မြင်တာကိုပဲအမှန်ဆိုပြီး မိမိအနိုင်ရဖို့ဆိုတဲ့စိတ်နဲ့ တစ်ဖက်ပိတ်ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီးအဖြေရှာဖို့ မစဉ်းစားကြဘူးလေ။

ဆင်တစ်ကောင်ဟာဘယ်လိုရှိမှန်း သိချင်တာထက် ငါ့ကမှန်တယ်ဆိုတာ အပြိုင်ငြင်းကြတာပဲ။ တကယ်တမ်းဆင်ဟာ ဘယ်လိုဆိုတာသိအောင် လုပ်နိုင်တဲ့နည်းရှိပါ

တယ်။ အနီးအနားက ဆင်မြင်ဖူးသူတစ်ယောက်ကိုမေးကြည့်ရုံနဲ့ မှန်ကန်တဲ့အဖြေကိုရနိုင်ပါတယ်။

ခုတော့မျက်ကန်းခြောက်ယောက်ဟာ ခုပြောသလိုမလုပ်ကြပဲ “ငါပဲအမှန်” ဆိုတဲ့စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကိုဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာ

ကြဘူးလေ။

လူတွေကမျက်မမြင်တွေနဲ့တူပါတယ်။ ဘယ်နေရာမှာပဲဆိုဆို ဘယ်ကိစ္စရပ်ကိုပဲဆိုဆို ဘယ်သူ့အပေါ်ပဲဆိုဆို ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက်၊ ကိုယ်ယူဆ

နိုင်သလောက်ကိုပဲ အမှန်လို့ဆုံးဖြတ်တယ်။

ဒါကြောင့်ဘယ်သူကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေမများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။ အရာရာတိုင်း

မရှင်းပြချင်ပါနဲ့။ လက်ခံနိုင်စွမ်းရှိမရှိ တစ်ဖက်လူကိုလေ့လာသုံးသပ်ကြည့် ပြီးမှလုပ်သင့်ပါတယ်။

တခါတလေမှာ ကိုယ်ရှင်းပြလိုက်မှ ပိုရှုပ်သွားတာတွေရှိပါတယ်။ ကိုယ်ရှင်းပြမှုညံ့လို့လဲ မဟုတ်နိုင်ပါဘူး။ တဖက်ကလက်မခံလိုတာကြောင့်ဖြစ်တယ်။ ဒါကြောင့်

တစ်ဖက်သားကို ရှင်းပြချင်စိတ်တွေ ဖြစ်နေတယ်ဆိုရင် ဒီစာလေးကိုသတိရပေးပါနော်။ အတွေးလှ(အမ်အေသီရိလက်ာ)

Credit-original writer