ခ်စ္ေနေပမယ့္ ဖြင့္ေျပာမွာမဟုတ္တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ လကၡဏာရပ္မ်ား
ကုိယ့္ကုိ လူတစ္ေယာက္က ႀကိတ္ၿပီး ႀကိဳက္ေနသလားဆုိတာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား မသိႏုိင္ၾကပါဘူး။
အေၾကာင္းကေတာ့ ႀကိတ္ၿပီး ႀကိဳက္တဲ့သူမွာ သင္ မသိေအာင္ လွ်ိဳ႕၀ွက္ထားတာေတြ အမ်ားႀကီးပါ။ ဒီေတာ့ ကုိယ္တုိင္က သတိထားမိမွ သိႏုိင္မွာပါ။
မိန္းကေလးတစ္ေယာက္ကုိ ႀကိတ္ခိုက္ေနတတ္တဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ လကၡဏာေတြကို auntymay က ေဖာ္ျပေပးလုိက္ပါတယ္။
(၁) အနီးအနားမွာ ရွိေနတတ္တယ္
လူတစ္ေယာက္ကုိ အျခားတစ္ေယာက္က သေဘာက်ၿပီဆုိ အဲဒီလူက ကုိယ္သေဘာက်တဲ့လူအနားကို အေၾကာင္းျပ ခ်က္ အမ်ိဳးမ်ိဳးနဲ႔ ခ်ဥ္းကပ္ေနမွာပါ။
သူငယ္ခ်င္းေတြထဲမွာ ကုိယ္နဲ႔အနီးအနား အမ်ားဆုံးရွိေနတတ္တဲ့ ေကာင္ေလးေတြ ဆုိရင္ နည္းနည္းသတိထားၾကည့္လုိက္ပါ … ေအာက္ပါအခ်က္ေတြနဲ႔ ကိုက္ညီရင္ သင့္ကုိ ႀကိဳက္ေနလုိ႔ပါဘဲ။
(၂) အေၾကာင္းစုံ အကုန္သိဖုိ႔ ႀကိဴးစားတယ္
သူဟာ တစ္ျခားသူက သင့္အေၾကာင္းကို ေျပာတဲ့အခါမ်ိဳးမွာ အေၾကာင္းရာ ထပ္တလဲလဲ ျဖစ္ေနလည္း မညည္းမေငြ႕ နားေထာင္ေလ့ရွိပါတယ္။
သင့္ရဲ႕ ပုဂၢိဳလ္ေရးအခ်က္အလတ္ ေတာ္ေတာ္မ်ားမ်ားကုိ သူ သိပါတယ္။ ဒါက သူ႕ဘာသာသူ တသီးတသန္႔ မွတ္သားထားတဲ့ သေဘာပါ။
(၃) လက္ေဆာင္ေတြက ေသးေသးမႊားမႊား ဒါေပမယ့္ အဓိပၸါယ္ရွိတယ္
သူေပးတဲ့ လက္ေဆာင္ေတြဟာ သင့္စိတ္ထဲမွာေတာ့ မေရရာလုိက္တာလုိ႔ ေတြးမိေကာင္း ေတြးမိႏုိင္ပါတယ္။
ဒါေပမယ့္ အဲဒီလက္ေဆာင္ေတြကုိ ေသခ်ာစဥ္းစားၾကည့္ရင္ တစ္စုံတစ္ခုေသာ အဓိပၸါယ္ကုိ ေဆာင္ေနေၾကာင္း သင္ သိသြားပါ လိမ့္မယ္။
(၄) အၿမဲတမ္း ၀န္းရံေထာက္ခံတယ္
သင္ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ သင့္ကို အၿမဲတမ္း ၀န္းရံအားေပးသူဟာ အၿမဲတမ္း သူျဖစ္ေနပါလိမ့္မယ္။
အစကေတာ့ ငါ့ကုိ ခင္လြန္းလုိ႔ဆုိၿပီး သင္စဥ္းစားမိပါလိမ့္မယ္။ ဒါေပမယ့္ ႀကိမ္ဖန္မ်ားစြာ ဒီလုိပုံစံအတုိင္းဆုိရင္ေတာ့ သင္ စဥ္းစားထားတဲ့ အျမင္ကုိ ေျပာင္းလဲသင့္ပါၿပီ။
(၅) အလွအပကုိ တစိမ့္စိမ့္ၾကည့္တယ္
လူတုိင္းဟာ ကုိယ္ခ်စ္တဲ့သူကို တစိမ့္စိမ့္ ၾကည့္ေနရတာကို ေပ်ာ္ရႊင္ၾကပါတယ္။
ဒီအထဲမွာ ႀကိတ္ပုိးေနတဲ့သူဟာ သူရဲ႕ ခုိင္လုံတဲ့အေၾကာင္းျပခ်က္အရ သင့္ကို ဖြင့္ေျပာဖုိ႔ မျဖစ္ႏုိင္တဲ့ အခါမ်ိဳးမွာပုိၿပီး ေငးေနတတ္ပါတယ္။
သူ႕မ်က္လုံးေလး ေတြမွာ ေသခ်ာသတိထားမိရင္ ေဆြးရိပ္သန္းေနတတ္ပါတယ္။
(၆) ၀မ္းနည္းေနခ်ိန္မွာ အနီးအနားရွိသူ
သင့္မွာ ေလာကဓံေတြနဲ႔ ရင္ဆုိင္ရတဲ့အခါ သူ အနားမွာ ရွိေနတတ္ပါတယ္။
အထူးသျဖင့္ အဆုိးေလာကဓံေတြ နဲ႔ ေတြ႕တဲ့အခါတုိင္းမွာေပါ့။ သင့္အနားမွာ အားေပးႏွစ္သိမ့္ဖုိ႔ အၿမဲရွိေနတတ္သူပါ။
(၇) ဒါေပမယ့္ ႐ုိးသားခ်င္ေယာင္ ေဆာင္တယ္
သူ သင့္ကို ခ်စ္ေနတယ္၊ သေဘာက်ေနတယ္ဆုိတာ သင္ကိုယ္တုိင္က ရိပ္မိသိရွိရင္ေတာင္ သူ႕ဘက္က ဘယ္ေတာ့မွ ဖြင့္ေျပာမွာ မဟုတ္ပါဘူး။
သူ႕မွာ သင့္ကုိ ဖြင့္မေျပာျဖစ္ေစႏုိင္ေလာက္တဲ့ အေၾကာင္းျပခ်က္က ခုိင္လုံၿပီးသားမုိ႔ပါ။
ဥပမာ သင့္မွာ ခ်စ္သူ ရွိေနတာမ်ိဳး၊ သူငယ္ခ်င္းရဲ႕ ညီမ ျဖစ္ေနလုိ႔၊ အစ္မျဖစ္ေနလုိ႔ ဆုိတဲ့ သဘာေတြေပါ့။
credit
unicode
ချစ်နေပေမယ့် ဖွင့်ပြောမှာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ လက္ခဏာရပ်များ
ကိုယ့်ကို လူတစ်ယောက်က ကြိတ်ပြီး ကြိုက်နေသလားဆိုတာ အမျိုးသမီးတော်တော်များများ မသိနိုင်ကြပါဘူး။
အကြောင်းကတော့ ကြိတ်ပြီး ကြိုက်တဲ့သူမှာ သင် မသိအောင် လျှို့ဝှက်ထားတာတွေ အများကြီးပါ။ ဒီတော့ ကိုယ်တိုင်က သတိထားမိမှ သိနိုင်မှာပါ။
မိန်းကလေးတစ်ယောက်ကို ကြိတ်ခိုက်နေတတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လက္ခဏာတွေကို auntymay က ဖော်ပြပေးလိုက်ပါတယ်။
(၁) အနီးအနားမှာ ရှိနေတတ်တယ်
လူတစ်ယောက်ကို အခြားတစ်ယောက်က သဘောကျပြီဆို အဲဒီလူက ကိုယ်သဘောကျတဲ့လူအနားကို အကြောင်းပြ ချက် အမျိုးမျိုးနဲ့ ချဉ်းကပ်နေမှာပါ။
သူငယ်ချင်းတွေထဲမှာ ကိုယ်နဲ့အနီးအနား အများဆုံးရှိနေတတ်တဲ့ ကောင်လေးတွေ ဆိုရင် နည်းနည်းသတိထားကြည့်လိုက်ပါ … အောက်ပါအချက်တွေနဲ့ ကိုက်ညီရင် သင့်ကို ကြိုက်နေလို့ပါဘဲ။
(၂) အကြောင်းစုံ အကုန်သိဖို့ ကြိူးစားတယ်
သူဟာ တစ်ခြားသူက သင့်အကြောင်းကို ပြောတဲ့အခါမျိုးမှာ အကြောင်းရာ ထပ်တလဲလဲ ဖြစ်နေလည်း မညည်းမငွေ့ နားထောင်လေ့ရှိပါတယ်။
သင့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလတ် တော်တော်များများကို သူ သိပါတယ်။ ဒါက သူ့ဘာသာသူ တသီးတသန့် မှတ်သားထားတဲ့ သဘောပါ။
(၃) လက်ဆောင်တွေက သေးသေးမွှားမွှား ဒါပေမယ့် အဓိပ္ပါယ်ရှိတယ်
သူပေးတဲ့ လက်ဆောင်တွေဟာ သင့်စိတ်ထဲမှာတော့ မရေရာလိုက်တာလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလက်ဆောင်တွေကို သေချာစဉ်းစားကြည့်ရင် တစ်စုံတစ်ခုသော အဓိပ္ပါယ်ကို ဆောင်နေကြောင်း သင် သိသွားပါ လိမ့်မယ်။
(၄) အမြဲတမ်း ဝန်းရံထောက်ခံတယ်
သင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သင့်ကို အမြဲတမ်း ဝန်းရံအားပေးသူဟာ အမြဲတမ်း သူဖြစ်နေပါလိမ့်မယ်။
အစကတော့ ငါ့ကို ခင်လွန်းလို့ဆိုပြီး သင်စဉ်းစားမိပါလိမ့်မယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ ဒီလိုပုံစံအတိုင်းဆိုရင်တော့ သင် စဉ်းစားထားတဲ့ အမြင်ကို ပြောင်းလဲသင့်ပါပြီ။
(၅) အလှအပကို တစိမ့်စိမ့်ကြည့်တယ်
လူတိုင်းဟာ ကိုယ်ချစ်တဲ့သူကို တစိမ့်စိမ့် ကြည့်နေရတာကို ပျော်ရွှင်ကြပါတယ်။
ဒီအထဲမှာ ကြိတ်ပိုးနေတဲ့သူဟာ သူရဲ့ ခိုင်လုံတဲ့အကြောင်းပြချက်အရ သင့်ကို ဖွင့်ပြောဖို့ မဖြစ်နိုင်တဲ့ အခါမျိုးမှာပိုပြီး ငေးနေတတ်ပါတယ်။
သူ့မျက်လုံးလေး တွေမှာ သေချာသတိထားမိရင် ဆွေးရိပ်သန်းနေတတ်ပါတယ်။
(၆) ဝမ်းနည်းနေချိန်မှာ အနီးအနားရှိသူ
သင့်မှာ လောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူ အနားမှာ ရှိနေတတ်ပါတယ်။
အထူးသဖြင့် အဆိုးလောကဓံတွေ နဲ့ တွေ့တဲ့အခါတိုင်းမှာပေါ့။ သင့်အနားမှာ အားပေးနှစ်သိမ့်ဖို့ အမြဲရှိနေတတ်သူပါ။
(၇) ဒါပေမယ့် ရိုးသားချင်ယောင် ဆောင်တယ်
သူ သင့်ကို ချစ်နေတယ်၊ သဘောကျနေတယ်ဆိုတာ သင်ကိုယ်တိုင်က ရိပ်မိသိရှိရင်တောင် သူ့ဘက်က ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။
သူ့မှာ သင့်ကို ဖွင့်မပြောဖြစ်စေနိုင်လောက်တဲ့ အကြောင်းပြချက်က ခိုင်လုံပြီးသားမို့ပါ။
ဥပမာ သင့်မှာ ချစ်သူ ရှိနေတာမျိုး၊ သူငယ်ချင်းရဲ့ ညီမ ဖြစ်နေလို့၊ အစ်မဖြစ်နေလို့ ဆိုတဲ့ သဘာတွေပေါ့။
credit



