ဗေဒင်

အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင်

အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင်

ကျောက်ချဉ် ဆနွင်း ရန်တွေကင်း

မင်္ဂလာပါ ခင်ဗျား…..

အခုတင်ပေးမည့် အကာအကွယ်လေးဟာ မိမိကိုရန်မူ.. ပြသနာအမျိုးမျိုးရှာပြီး အတိုက်အခိုက်တွေလုပ်နေခြင်းများ…ကံတွေလာဘ်တွေပိတ်နေခြင်းများ…

မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်ပြောင်းလဲနေခြင်းများ…..နေ့စဉ် ဝင်ငွေနဲ့ထွက်ငွေ မျှတမှု မရှိခြင်း…ငွေမစုမိခြင်း….မထင်မှတ်ပဲငွေထွက်ယိုပေါက်များခြင်း….

ခဏခဏ ပိုက်ဆံပြတ်တာတွေကြုံနေရသူမျာ းအောက်ပါ ကျောက်ချဉ် ဆနွင်း အကာကွယ်လေးကိုလုပ်ထားပေးပါ ခင်ဗျား…။

လုပ်မည့်နေ့ အိမ်ခြံဝင်းထဲ အမှိုက်များမရှိစေရပါ။ တနင်္လာနေ့ စ လုပ်ရပါမည်။နံနက်ပိုင်းလုပ်ရပါမည်။ ပထမဦးစွာ ကျောက်ချဉ်တုံးတစ်တုံးကို ကျောက်ပျဉ်မှာ ဆနွင်းမှုန့်နည်းနည်းရောပြီးသွေးယူထားပါ။

ဘုရားသောက်တော်ရေထဲရောပြီး အိမ်ခြံဝင်းတံခါး ပြတင်းပေါက် နေရာအနှံ့အောင်သပြေညွန့်နှင့်ဖြန်းပေးပါ။ အိမ် ခြံအဝင်တံခါး၏ဘေးအစွန်နှစ်ဖက်အောက်တွင် မန်ကျည်းစေ့တစ်စေ့စာရှိတဲ့ကျောက်ချဉ်တုံးတစ်တုံးဆီချထားပေးပါ…။

နောက်ထပ်တစ်တုံး ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာနေရာများမှာထည့်ထားပြီးဆောင်ထားပေးပါ ခင်ဗျား ။

ဤအကာအကွယ်နည်းကို လုပ်ထားခြင်းဖြင့် မိတ်ဆွေများ၏ ရန်တွေကင်းရှင်းသွားပြီး လာဘ်တွေပွင့်လာပါလိမ့်မည်…။

ကိုမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံး ခြေရင်းဦးခိုက်လျက်… ဆရာတင်ထူး09 259021778



မင်္ဂလာပါ ခင်ဗျား…..







