က်မၼာေရး ဗဟုသုတ

ခြေထောက်လေးကို ဖွေးဥပြီး သန့်ပြန့်သွားစေမယ့် အိမ်တွင်းချေးချွတ်နည်း (၅)မျိုး

ခြေထောက်တွေ မဲညစ်ညစ်ဖြစ်နေလို့ ဘာဖိနပ်စီးစီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းနေပါသလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့နော်။

ငွေကုန်ကြေးကျလည်း သက်သာ၊ လွယ်လည်းလွယ်ကူပြီး ထိရောက်တဲ့ ခြေထောက်ချေးချွတ်နည်းလေးတွေကို ဖော်ပြပေးထားပါတယ်။

ပျိုမေတို့ အားလုံးပဲ ဖွေးဥပြီး သန့်ပြန့်တဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့……။

(၁) ဆား

ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ရေချိုးဆပ်ပြာရည် ဖန်ခွက်တစ်ဝက်

ကြိုက်နှစ်သက်ရာ ရနံ့ဆီ ၅ စက်

ပါဝင်ပစ္စည်းအားလုံးကို သေသေချာခာျ ရောမွှေလိုက်ပါ။

ဇလုံထဲကို ရေနွေးထည့်ပြီး ခြေထောက်ကို ၅မိနစ်ခန့် စိမ်ပြီး ရလာတဲ့ အနှစ်လေးနဲ့ ညင်ညင်သာသာ ပွတ်ပြီး နှိပ်နယ်ပေးပါ။

၁၅ မိနစ်ခန့် ပွတ်ပေးပြီးတဲ့နောက်မှာတော့ သန့်စင်တဲ့ ရေနွေးလေးနဲ့ ဆေးကြောကာ Cream တစ်ခုခုလိမ်းပေးလိုက်ပါ။

(၂) ခရမ်းချဉ်သီး

ပင်လယ်စား ဖန်ခွက်၏ ၄ပုံ၁ပုံ

ခရမ်းချဉ်သီးအမှည့် တစ်လုံး

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း

ခရမ်းချဉ်သီးကို ကြေညက်အောင် ချေပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ ရောပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ပြီးသားခြေထောက်မှာ လိမ်းပြီး ၁၀ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပြီး Cream လိမ်းပေးလိုက်ပါ။

(၃) ပျားရည် နဲ့ ရှာလကာ

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သေသေချာချာ ရောမွှေလိုက်ပါ။

ရလာတဲ့အနှစ်ကို မလိမ်းခင်မှာ ရေထောက်ကို ရေနွေးငွေ့ ၅ မိနစ်ခန့် ခံထားလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ အနှစ်လေးကို ညင်သာစွာ ပွတ်ပြီးနှိပ်နယ်ပေးလိုက်ပါ။ ၅ မိနစ်ခန့် အကြာမှာ ရေဆေးပြီး Cream သို့မဟုတ် Lotion လိမ်းပေးပါ။

 

(၄) ပျားရည်နဲ့ဆား

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေလိုက်ပါ။

ရလာတဲ့ အနှစ်ကို မလိမ်းခင်မှာ ခြေထောက်ကို ၅ မိနစ်ခန့် ရေနွေးငွေ့ခံပေးထားပါ။ ပြီးရင်တော့ ရလာတဲ့အနှစ်ကို လိမ်းပေးကာ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ၃ မိနစ်အကြာမှာတော့ ရေနွေးနဲ့ သန့်စင်ပေးပြီး Cream လိမ်းပေးပါ။

(၅) ကော်ဖီမှုန့်

 

ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အုန်းဆီ သို့မဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို သေသေချာချာ ရောမွှေလိုက်ပါ။

ရလာတဲ့အနှစ်ကို သန့်စင်ပြီးခြေထောက်ပေါ်မှာ ညင်ညင်သာသာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၅ မိနစ်ခန့် နှိပ်နယ်ပြီးတဲ့အခါမှာတော့ ရေနွေးလေးနဲ့ ဆေးကြောကာ Cream လိမ်းပေးလိုက်ပါ။

Credit

Zawgyi

ေျခေထာက္ေတြ မဲညစ္ညစ္ျဖစ္ေနလို႔ ဘာဖိနပ္စီးစီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈေလ်ာ့နည္းေနပါသလား။ ဒါဆိုရင္ေတာ့ စိတ္မပူပါနဲ႔ေနာ္။

ေငြကုန္ေၾကးက်လည္း သက္သာ၊ လြယ္လည္းလြယ္ကူၿပီး ထိေရာက္တဲ့ ေျခေထာက္ေခ်းခြၽတ္နည္းေလးေတြကို ေဖာ္ျပေပးထားပါတယ္။

ပ်ိဳေမတို႔ အားလုံးပဲ ေဖြးဥၿပီး သန႔္ျပန႔္တဲ့ ေျခေထာက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစလို႔……။

(၁) ဆား

ဆား လက္ဖက္ရည္ဇြန္း ၃ ဇြန္း

ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ၃ ဇြန္း

ေရခ်ိဳးဆပ္ျပာရည္ ဖန္ခြက္တစ္ဝက္

ႀကိဳက္ႏွစ္သက္ရာ ရနံ႔ဆီ ၅ စက္

ပါဝင္ပစၥည္းအားလုံးကို ေသေသခ်ာခာ် ေရာေမႊလိုက္ပါ။

ဇလုံထဲကို ေရေႏြးထည့္ၿပီး ေျခေထာက္ကို ၅မိနစ္ခန႔္ စိမ္ၿပီး ရလာတဲ့ အႏွစ္ေလးနဲ႔ ညင္ညင္သာသာ ပြတ္ၿပီး ႏွိပ္နယ္ေပးပါ။

၁၅ မိနစ္ခန႔္ ပြတ္ေပးၿပီးတဲ့ေနာက္မွာေတာ့ သန႔္စင္တဲ့ ေရေႏြးေလးနဲ႔ ေဆးေၾကာကာ Cream တစ္ခုခုလိမ္းေပးလိုက္ပါ။

(၂) ခရမ္းခ်ဥ္သီး

ပင္လယ္စား ဖန္ခြက္၏ ၄ပုံ၁ပုံ

ခရမ္းခ်ဥ္သီးအမွည့္ တစ္လုံး

သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္း

ခရမ္းခ်ဥ္သီးကို ေၾကညက္ေအာင္ ေခ်ၿပီး ပါဝင္ပစၥည္းအားလုံးနဲ႔ ေရာေပးလိုက္ပါ။ ရလာတဲ့အႏွစ္ကို သန႔္စင္ၿပီးသားေျခေထာက္မွာ လိမ္းၿပီး ၁၀ မိနစ္ခန႔္ ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာၿပီး Cream လိမ္းေပးလိုက္ပါ။

(၃) ပ်ားရည္ နဲ႔ ရွာလကာ

ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ၃ ဇြန္း

ပန္းသီးရွာလကာ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပါဝင္ပစၥည္းအားလုံးကို ေသေသခ်ာခ်ာ ေရာေမႊလိုက္ပါ။

ရလာတဲ့အႏွစ္ကို မလိမ္းခင္မွာ ေရေထာက္ကို ေရေႏြးေငြ႕ ၅ မိနစ္ခန႔္ ခံထားလိုက္ပါ။ ၿပီးရင္ေတာ့ ရလာတဲ့ အႏွစ္ေလးကို ညင္သာစြာ ပြတ္ၿပီးႏွိပ္နယ္ေပးလိုက္ပါ။ ၅ မိနစ္ခန႔္ အၾကာမွာ ေရေဆးၿပီး Cream သို႔မဟုတ္ Lotion လိမ္းေပးပါ။

(၄) ပ်ားရည္နဲ႔ဆား

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္

ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ၂ ဇြန္း

သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၃ ဇြန္း

ပါဝင္ပစၥည္းအားလုံးကို ေရာေမႊလိုက္ပါ။

ရလာတဲ့ အႏွစ္ကို မလိမ္းခင္မွာ ေျခေထာက္ကို ၅ မိနစ္ခန႔္ ေရေႏြးေငြ႕ခံေပးထားပါ။ ၿပီးရင္ေတာ့ ရလာတဲ့အႏွစ္ကို လိမ္းေပးကာ ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ ၃ မိနစ္အၾကာမွာေတာ့ ေရေႏြးနဲ႔ သန႔္စင္ေပးၿပီး Cream လိမ္းေပးပါ။

(၅) ေကာ္ဖီမႈန႔္

ေကာ္ဖီမႈန႔္ လက္ဖက္ရည္ဇြန္း ၁ဇြန္း

ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ပါဝင္ပစၥည္းအားလုံးကို ေသေသခ်ာခ်ာ ေရာေမႊလိုက္ပါ။

ရလာတဲ့အႏွစ္ကို သန႔္စင္ၿပီးေျခေထာက္ေပၚမွာ ညင္ညင္သာသာ ပြတ္လိမ္းၿပီး ႏွိပ္နယ္ေပးပါ။ ၅ မိနစ္ခန႔္ ႏွိပ္နယ္ၿပီးတဲ့အခါမွာေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာကာ Cream လိမ္းေပးလိုက္ပါ။

Credit