ၾကားသိရသမွ်

ဖားကန္႔ေျမစာပုံၿပိဳက်မႈ ေနာက္ဆံုးရသတင္း

ဖားကန္႔ေျမစာပုံၿပိဳက်မႈ ေနာက္ဆံုးရသတင္း

ေဝွခါမွာ ျဖစ္သြားတဲ့ ဒီမနက္ရဲ႕အျဖစ္အပ်က္က ဘယ္လို ေျပာရမွန္းေတာင္ မသိေတာ့ပါဘူးဗ်ာ ကုမၸဏီဝန္ထမ္းေတြအတြက္ ကံေကာင္းခဲ့ေပမယ့္ အျပင္က ေရမေဆးသမားေတြအတြက္ေတာ့ ကံဆိုးခဲ့ရၾကရွာတယ္။

#ညီေနာင္အေပါင္းေကာင္းရာသုဂတိလားပါေစ

ဖိုတို. ခရက္ဒစ္

ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ေဝွခါေက်း႐ြာ လခူးေခ်ာင္ ​ေျမစာပုံၿပိဳက်မႈေၾကာင့္ ေရမေဆးလုပ္သားအမ်ားစု ထိခိုက္ဒဏ္ရာမ်ား ရရွိထားသူ၁၅ဦးကို အေရးေပၚကယ္ဆယ္ေရးေဆာင္႐ြက္လ်က္ရွိၿပီး ေသဆုံးသူ႐ုပ္အေလာင္း(၉၉)ဦးကို ရွာေဖြဆယ္ယူၿပီးျဖစ္ပါသည္။

ၿမိဳ႕နယ္အတြင္း ဌာနဆိုင္ရာအဖြဲစည္းမ်ားႏွင့္အတူ လူမႈကူညီေရးအသင္းဖြဲ႕မ်ားမီးသတ္တပ္ဖြဲ႕ဝင္မ်ား ဖားကန္႔ၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ဝင္မ်ား ECမ်ား ဥကၠ႒ တပ္ဖြဲ႕မႉးေခါင္းေဆာင္ၿပီး ၅+၅၅ဦးျဖင့္ အေရးေပၚကူညီပူးေပါင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

ဖားကန္႔သတင္း ( 12:00 )

ဇူလိုင္လ ၁ ရက္ေန႔ မနက္ပိုင္းက ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေဝွခါ ေက်း႐ြာအနီး ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္မ်ားတြင္ ေျမၿပိဳမႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ ၁၀၀ နီးပါးေသးဆုံးခဲ့ၿပီး ရွာေဖြေရးအဖြဲ႕က ႐ုပ္အေလာင္းတစ္ခ်ိဳ႕ကိုထပ္မံဆယ္ယူရရွိခဲ့တယ္လို႔ မ်က္ျမင္တစ္ဦးျဖစ္တဲ့ေဝွခါ ႐ြာမွ ကိုဆန္းလူမွေျပာသည္ ။

” ကြၽန္ေတာ့တူေလးတစ္ေယာက္ပိသြားလို႔သြားဆယ္တာ ၊ ကံေလာင္းလို႔သူမေသတာ ၊ ေခါင္းမွာ ဒဏ္ရာနည္းနည္းရသြားတယ္ ၊ ကယ္ဆယ္အဖြဲ႕ေတြေတာ့ဆြံထုတ္ေနတုန္းဘု ကြၽန္ေတာ္ ၁၁နာရီေလာက္က ေရာက္သြားတာ ႐ုပ္အေလာင္း ၁၀၀ နီးပါေလာက္ေတြ႕ေနၿပီဗ် ၊ ေလာေလာဆယ္ေတာ့ ျပင္ကြက္လပ္မွာ စုပုံတန္စီခ်ထားတယ္ဗ် ” ဟုေျပာသည္ ။ ေနာက္ထပ္ေဒသခံေတြရဲ႕ေျပာခ်က္အရေရမေဆးေက်ာက္ရွာသူ၂၀၀ နီးပါးေလာက္ရွိတယ္လို႔ဆိုပါတယ္ ။

Photo Credit

#SiThuMaung

Unicode

ဖားကန့်မြေစာပုံပြိုကျမှု နောက်ဆုံးရသတင်း

ဝှေခါမှာ ဖြစ်သွားတဲ့ ဒီမနက်ရဲ့အဖြစ်အပျက်က ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ ကုမ္ပဏီဝန်ထမ်းတွေအတွက် ကံကောင်းခဲ့ပေမယ့် အပြင်က ရေမဆေးသမားတွေအတွက်တော့ ကံဆိုးခဲ့ရကြရှာတယ်။

#ညီနောင်အပေါင်းကောင်းရာသုဂတိလားပါစေ

ဖိုတို. ခရက်ဒစ်

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာ လခူးချောင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးလုပ်သားအများစု ထိခိုက်ဒဏ်ရာများ ရရှိထားသူ၁၅ဦးကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိပြီး သေဆုံးသူရုပ်အလောင်း(၉၉)ဦးကို ရှာဖွေဆယ်ယူပြီးဖြစ်ပါသည်။

မြို့နယ်အတွင်း ဌာနဆိုင်ရာအဖွဲစည်းများနှင့်အတူ လူမှုကူညီရေးအသင်းဖွဲ့များမီးသတ်တပ်ဖွဲ့ဝင်များ ဖားကန့်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ECများ ဥက္ကဋ္ဌ တပ်ဖွဲ့မှူးခေါင်းဆောင်ပြီး ၅+၅၅ဦးဖြင့် အရေးပေါ်ကူညီပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

ဖားကန့်သတင်း ( 12:00 )

ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ ကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်များတွင် မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ နီးပါးသေးဆုံးခဲ့ပြီး ရှာဖွေရေးအဖွဲ့က ရုပ်အလောင်းတစ်ချို့ကိုထပ်မံဆယ်ယူရရှိခဲ့တယ်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ဝှေခါ ရွာမှ ကိုဆန်းလူမှပြောသည် ။

” ကျွန်တော့တူလေးတစ်ယောက်ပိသွားလို့သွားဆယ်တာ ၊ ကံလောင်းလို့သူမသေတာ ၊ ခေါင်းမှာ ဒဏ်ရာနည်းနည်းရသွားတယ် ၊ ကယ်ဆယ်အဖွဲ့တွေတော့ဆွံထုတ်နေတုန်းဘု ကျွန်တော် ၁၁နာရီလောက်က ရောက်သွားတာ ရုပ်အလောင်း ၁၀၀ နီးပါလောက်တွေ့နေပြီဗျ ၊ လောလောဆယ်တော့ ပြင်ကွက်လပ်မှာ စုပုံတန်စီချထားတယ်ဗျ ” ဟုပြောသည် ။ နောက်ထပ်ဒေသခံတွေရဲ့ပြောချက်အရရေမဆေးကျောက်ရှာသူ၂၀၀ နီးပါးလောက်ရှိတယ်လို့ဆိုပါတယ် ။

Photo Credit

#SiThuMaung