အွန်လိုင်းပေါ်တွင် Liveလွှင့်ပြီး အစားအသောက်အမျိုးမျိုးစားပြသည့် videoများသည် အထူးခေတ်စားလျက်ရှိရာ အချို့မှာ အသားစိမ်းငါးစိမ်းများ အရှင်လတ်လတ်စားပြသည်များက ရှိသေးသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ ခရီးသွား ဘေလာ့ဂါမလေးတစ်ဦးဖြစ်သော မိန်းကလေးသည် လိုင်းပေါ်တွင် ရေဘဝဲဧ။် လက်စားချေခြင်းကို ခံခဲ့ရသော မိန်းကလေးဆိုပြီး နာမည်ကြီးနေသည်။
အကြောင်းမှာ မိန်းမလှလေးသည် အခြားသူများနည်းတူ လိုင်းပေါ်တွင် live လွှင့်ပြီး ရေဘဝဲတစ်ကောင်အား စားပြခဲ့ရာ ရေဘဝဲသည် အရှင်လတ်လတ်ဖြစ်နေခဲ့ပြီး အင်မတန်မှ ကြက်သီးထစရာ ကောင်းလှသည်။
ထို့နောက် ရေဘဝဲမှ လှုပ်ခါလာပြီး မထင်မှတ်ဘဲ မိန်းကလေးဧ။် မျက်နှာလှလှလေးတွင် ရုတ်တရက် ကပ်တွယ်ပစ်ခဲ့ရာ အချိန်တော်ကြာ ခွာမရဖြစ်နေခဲ့ပြီး အရမ်းနာကျင်လွန်းလို့ ငယ်သံပါအောင် အော်ခဲ့ရသည်။
မိန်းမလှလေးသည် လိုင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ထား၍ အဖြစ်အပျက်အားလုံး လူမှုကွန်ယက်တွင် ပျံ့နှံ့သွား၍ ရေပန်းစားခဲ့ရာ အရှက်ကွဲခဲ့ပြီး အချို့က မိန်းကလေးအား ရေဘဝဲကို စားပြတာ မဟုတ်ပဲ ရေဘဝဲကသူမကို စားပြတာလား မသဲကွဲဘူး ဟုဆိုကြသည်။
Hlaing (Love Feeling )
Zawgyi
Live လွှင့်ပြီး ရေဘဝဲအရှင်လတ်လတ်ကို စားပြခဲ့သော မိန်းကလေး မျက်နှာအား ရေဘဝဲကပ်သွား၍ နာကျင်လို့ အော်နေရ
Hlaing (Love Feeling )