ၾကားသိရသမွ်

မုတ်သုန်လေဆုတ်ခွာသွားမည့်အချိန်နဲ့ ဆောင်းသီးနှံစိုက်ကြသူများအတွက် ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ

မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ကယားပြည်နယ် ရှမ်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း ဒေသကြီးတွေမှာမိုးရွာနိုင့ပါတယ်

ကျွဲပွဲ အုတ်တွင်း ဟင်းငုတ်ပင် ထန်းတပင် တောင်ငူ လေမိုးလျှပ်စီးမိုးကြိုး မိုး

၂၀၂၂ စက်တင်ဘာလ ၁၆ရက်နေ့မှ ၂ဝရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါရက်များအတွင်း တနင်္သာရီတိုင်း

မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းရန်ကုန်တိုင်း ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် မိုးကြီးခြင်းကြောင့် ရေကြီးရေလျှံ မှုတွေဖြစ်ပေါ်နိုင်သဖြင့်

မိုးလေဝသဂြိုလ်တုတွေကနေ အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းပြီး အဆင့်မြင့်weather data အချက်အလက်များဝယ်ယူစိစစ်တွက်ချက်ကာအချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားပါမယ်

အရှေဆီမှမုန်တိုင်းများ မုန်တိုင်း၃လုံးအပြိုင်ဖြစ်ပေါ်နေပြီး ထိုင်ဝမ် တရုတ် တောင်ကိုရီးယား ဂျပန်နိုင်ငံတွေအတွက် သတိကြီးစွာထားရမည့် မုန်တိုင်းတွေပဲဖြစ်ပါတယ် မြန်မာနိုင်ငံကိုသက်ရောက်မှုမရှိနိုင်ပါဘူး

ဆားလုပ်ငန်းအတွက်မိုးလေဝသခန့်မှန်းချက်

လူသားတွေရဲ့အစားအစာ စားနပ်ရိက္ခာတွေကို တောင်သူလယ်သမားများ မွေးမြူရေးသမားများက ထုတ်လုပ်ပေးသလိုပဲ စားသောက်ကုန်တွေထဲက ဆားလုပ်ငန်းကလည်းအရေးပါအရာရောက်ပါတယ် ဆားထုတ်လုပ်ရာတွင် ရာသီဥတုက အရေးပါအရာရောက်ပါတယ် ဆားနဲ့မိုးကမတည့်ကြပါဘူး မိုးရွာရင် များစွာပျက်စီးဆုံးရှုံးကြရပါတယ်

ပျက်စီးမှုမရှိအောင် ဘယ်လိုလုပ်ဆောင်ကြရမလည်း မိုးရွာနိုင်တာကိုရက်ကြိုတင်သိရှိကြခြင်းဖြင့် မိုးရွာနိုင်တဲ့ရက်မရောက်ခင် အလျှင်အမြန် ဆားကြုံးထားကြခြင်းဖြင့်ဆုံးရှုံးမှုမှ သက်သာရာရရှိစေပါ

ဒါကြောင့်မို့ စိုက်ပျိုးရေးသမား တောင်သူလယ်သမားများတင်မက ဆားလုပ်ငန်းသမားတွေအတွက်လည်း မင်းဂွတ်သီးလေးကစောင့်ကြည့်ထောက်လှမ်းခန့်မှန်းပေးနေတာအားလုံးအသိပါပဲ

ဆားလုပ်ငန်းကို ရာသီဥတုသာယာရင်သာယာသလို နှစ်စဉ် အောက်တိုဘာလမှမေလအထိ ထုတ်လုပ်ကြပြီး မိုးရာသီတလျှောက်လုံးဆားထုတ်လုပ်နိုင်ခြင်းမရှိပါဘူး မြန်မာနိုင်ငံမှာဆားအများဆုံးထွက်ရှိရာဒေသတွေကတော့

တနင်္သါရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်း မွန်ပြည်နယ် ရေး စက်စဲ ဝဲကလောင် ပင သံဖြူဇရပ် ဧရာဝတီတိုင်း လပွတ္တာ ငပုတော ဒေသတွေပဲဖြစ်ကြပါတယ် အောက်တိုဘာလအတွင်းဆားလုပ်ငန်းများစတင်လုပ်ကိုင်ကြရန် အဆင့်သင့်ပြင်ဆင်ပြီးဖြစ်ကြလိမ့်မယ်လို့ယူဆပါတယ်

၂၀၂၂ နိုဝင်ဘာလမှ ၂၀၂၃ မတ်လအထိ ရာသီဥတုသာယာမှာဖြစ်လို့ ဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်ကြပါတယ်အခုလာမယ့်အောက်တိုဘာလအတွင်းမှာတော့ တောင်တရုတ်ပင်လယ်မှာမုန်တိုင်းများဖြစ်နိုင်ပြီး

အဆိုပါမုန်တိုင်းတွေရဲ့ အရှေ့လေစီးက မုတ္တမပင်လယ်ကွေ့အတွင်း tropical low pressure cell တွေရောက်ရှိလာပြီး အဆိုပါဒေသတွေမိုးရွာနိုင်သဖြင့်ပျက်စီးမှုမရှိအောင်ရက်ကြိုတင်ခန့်မှန်းပေးနိုင်ရန်တာဝန်ကတော့ ဘယ်သူဖြစ်လိမ့်မယ်ထင်ပါသလည်းဝေးးး

အနောက်တောင်မုတ်သုန်လေ ဆုတ်ခွာရန်အစပျိုးခြင်း

အနောက်တောင်မုတ်သုန်လေသည် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် (PANJAB) ပြည်နယ်ကြီးမှစတင်ဆုတ်ခွာဖို့အစပျိုးလာနေပါတယ် စက်တင်ဘာလ ၂ဝရက်နေ့ခန့်မှာ စတင်ဆုတ်ခွာလာနိုင်ပါတယ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်မှ မုတ်သုန်လေဆုတ်ခွာနိုင်တဲ့ရက်သည်

အောက်တိုဘာလထဲရောက်မှသာလျှင် အပြီးဆုတ်ခွာသွားနိုင်တယ်လို့ခန့်မှန်းရပါတယ် အနောက်တောင်မုတ်သုန်လေဆုတ်ခွာသွားလည်း တောင်တရုတ်ပင်လယ် မုန်တိုင်းတွေဖြစ်ပေါ်နိုင်မှုနဲ့

မုန်တိုင်းတွေရဲ့ အရှေစီးမျောလေကြောင့် အောက်တိုဘာလအတွင်း မြန်မာမိုးရွာနိုင်သေးသဖြင့် ဆောင်းသီးနှံစိုက်ကြမည့်သူများ ရိပ်သိမ်းအခြောက်လှမ်းကြမည့်သူများ မင်းဂွတ်သီးလေးရဲ့ ရက်ဝေးရက်နီးခန့်မှန်းချက်တွေကို စောင့်ကြည့်ပြီးစီမံလုပ်ကိုင်ဆောင်ရွက်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်

Zawgyi

















