ဗဟုသုတ

ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များရှင်းထုတ်ရန် လိုအပ်နေကြောင်း သတိပေးလက္ခဏာများ

ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များရှင်းထုတ်ရန် လိုအပ်နေကြောင်း သတိပေးလက္ခဏာများ

သင်ရှူလိုက်တဲ့လေ၊ သင်စားတဲ့အစားအစာနဲ့ သင်သောက်တဲ့ဖျော်ရည်တွေကစပြီး နေရာတကာမှ အဆိပ်အတောက်တွေက ခန္ဓာကိုယ်အတွင်း လျှပ်တစ်ပြက် ဝင်ရောက်လျက်ရှိပါတယ်။ ဒီအဆိပ်အတောက်တွေကို မဖယ်ရှားနိုင်ရင် ခန္ဓာ ကိုယ်ရဲ့ ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ အောက်ပါတွေဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးလက္ခဏာတွေပါ။

အရေပြားပြဿနာ

ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ များနေတဲ့အခါမှာ အရေပြားမှာ ဝက်ခြံပေါက်တာနဲ့ အသားရောင် ညိုညစ်ညစ်ဖြစ်နေတတ်ပါတယ်။

အိပ်မပျော်ခြင်း

ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ များလာတဲ့အခါမှာ အသည်းပျက်စီးမှုဖြစ်လာတာကြောင့် သူနဲ့ ဆက်စပ်နေတဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ဝမ်းဗိုက်ပူခြင်း

ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ များနေတဲ့အခါမှာ ဝမ်းဗိုက်အတွင်းမှာ စုဆောင်းနေတတ်ပြီး ၄င်းကတစ်ဆင့် ဝမ်းဗိုက်အဆီအဖြစ် ပြောင်းလဲသွားပါတယ်။

မကြာခဏ ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တာ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝတာနဲ့ တခြားအကြောင်းအရာတွေကြောင့် ဖြစ်ပေမယ့် မကြာခဏခေါင်းကိုက်ခဲ့ရင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်နေပါပြီ။ ဗဟိုအာရုံကြောစနစ်မှာ အဆိပ်အတောက်တွေစုဆောင်းနေတာကြောင့် ခေါင်းကိုက်ရတာ ဖြစ်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့အစားအစာတွေကြောင့် အချိန်ပြည့်ပင်ပန်းနွမ်းနယ်သလို ခံစားရနိုင်ပါတယ်။ အဲဒီအစားအစာတွေမှာ ပါဝင်တဲ့အဆိပ်အတောက်တွေကြောင့်ပါ။

ခန္ဓာကိုယ်ပူနွေးနေခြင်း

ကိုယ်ပူသလို ခံစားနေရတာက ကိုယ်တွင်းရောဂါပိုးဝင်ရောက်နေတာကြောင့်ပါ။ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာတဲ့အခါမှာ ကိုယ်ထဲကအဆိပ်အတောက်တွေက ချွေးမှတစ်ဆင့် ထွက်ရှိသွားပါတယ်။

အထက်ပါလက္ခဏာတွေထဲက တစ်ခုခုသင့်မှာရှိနေခဲ့ရင် သင်ဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်နေပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးတာ၊ အရက်၊ ဆေးလိပ်ကို ရှောင်ရှားတာ၊ အချိုကဲတဲ့အစားအစာနဲ့ ပြည့်ဝဆီပါဝင်မှုများတဲ့အစားအစာတွေကို လျှော့စားတာတွေက ကိုယ်တွင်းမှ အဆိပ်အတောက်ကိုလျော့နည်းသွားစေနိုင်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်၊ ချွေးနံ့ပျောက်ဆေးနဲ့ အိမ်သုံးသန့်စင်ဆေးရည်တွေကို တတ်နိုင်သမျှ လျှော့သုံးပါ။ စိတ်ဖိစီးမှုများတာကလည်း အဆိပ်အတောက်ကို စုဆောင်းမှုဖြစ်စေတာကြောင့် စိတ်ဖိစီးမှုကင်းနိုင်တဲ့၊ စိတ်ဖြေဖျောက်နိုင်တဲ့နည်းလမ်းတွေကို ရှာဖွေပြီး အသုံးပြုပါ။

ဒေါက်တာခင်မိုးမိုး

(Good Health Journal 582)

ခႏၶာကုိယ္တြင္းမွ အဆိပ္အေတာက္မ်ားရွင္းထုတ္ရန္ လုိအပ္ေနေၾကာင္း သတိေပးလကၡဏာမ်ား

သင္႐ွဴလုိက္တဲ့ေလ၊ သင္စားတဲ့အစားအစာနဲ႔ သင္ေသာက္တဲ့ေဖ်ာ္ရည္ေတြကစၿပီး ေနရာတကာမွ အဆိပ္အေတာက္ေတြက ခႏၶာကုိယ္အတြင္း လွ်ပ္တစ္ျပက္ ၀င္ေရာက္လ်က္ရွိပါတယ္။ ဒီအဆိပ္အေတာက္ေတြကုိ မဖယ္ရွားႏုိင္ရင္ ခႏၶာ ကုိယ္ရဲ႕ က်န္းမာေရးကုိ ဒုကၡေပးႏုိင္ပါတယ္။ ေအာက္ပါေတြဟာ ခႏၶာကုိယ္မွ အဆိပ္အေတာက္ေတြကုိ ဖယ္ရွားဖို႔ လုိအပ္ေနတယ္ဆုိတဲ့ သတိေပးလကၡဏာေတြပါ။

အေရျပားျပႆနာ

ခႏၶာကုိယ္အတြင္း အဆိပ္အေတာက္ေတြ မ်ားေနတဲ့အခါမွာ အေရျပားမွာ ၀က္ၿခံေပါက္တာနဲ႔ အသားေရာင္ ညိဳညစ္ညစ္ျဖစ္ေနတတ္ပါတယ္။

အိပ္မေပ်ာ္ျခင္း

ခႏၶာကုိယ္အတြင္း အဆိပ္အေတာက္ေတြ မ်ားလာတဲ့အခါမွာ အသည္းပ်က္စီးမႈျဖစ္လာတာေၾကာင့္ သူနဲ႔ ဆက္စပ္ေနတဲ့ အိပ္မေပ်ာ္တာေတြ ျဖစ္တတ္ပါတယ္။

၀မ္းဗုိက္ပူျခင္း

ခႏၶာကုိယ္ထဲ အဆိပ္အေတာက္ေတြ မ်ားေနတဲ့အခါမွာ ၀မ္းဗုိက္အတြင္းမွာ စုေဆာင္းေနတတ္ၿပီး ၄င္းကတစ္ဆင့္ ၀မ္းဗုိက္အဆီအျဖစ္ ေျပာင္းလဲသြားပါတယ္။

မၾကာခဏ ေခါင္းကုိက္ျခင္း

ေခါင္းကုိက္တာ စိတ္ဖိစီးမႈမ်ားတာ၊ အိပ္ေရးမ၀တာနဲ႔ တျခားအေၾကာင္းအရာေတြေၾကာင့္ ျဖစ္ေပမယ့္ မၾကာခဏေခါင္းကုိက္ခဲ့ရင္ ကုိယ္တြင္းအဆိပ္အေတာက္ေတြကုိ ဖယ္ရွားဖုိ႔ လုိအပ္ေနပါၿပီ။ ဗဟုိအာ႐ံုေၾကာစနစ္မွာ အဆိပ္အေတာက္ေတြစုေဆာင္းေနတာေၾကာင့္ ေခါင္းကုိက္ရတာ ျဖစ္ပါတယ္။

ပင္ပန္းႏြမ္းနယ္ျခင္း

က်န္းမာေရးနဲ႔ ညီၫြတ္မႈမရွိတ့ဲအစားအစာေတြေၾကာင့္ အခ်ိန္ျပည့္ပင္ပန္းႏြမ္းနယ္သလုိ ခံစားရႏုိင္ပါတယ္။ အဲဒီအစားအစာေတြမွာ ပါ၀င္တဲ့အဆိပ္အေတာက္ေတြေၾကာင့္ပါ။

ခႏၶာကုိယ္ပူေႏြးေနျခင္း

ကုိယ္ပူသလုိ ခံစားေနရတာက ကုိယ္တြင္းေရာဂါပုိး၀င္ေရာက္ေနတာေၾကာင့္ပါ။ ခႏၶာကုိယ္အပူခ်ိန္ျမင့္တက္လာတဲ့အခါမွာ ကုိယ္ထဲကအဆိပ္အေတာက္ေတြက ေခၽြးမွတစ္ဆင့္ ထြက္ရွိသြားပါတယ္။

အထက္ပါလကၡဏာေတြထဲက တစ္ခုခုသင့္မွာရွိေနခဲ့ရင္ သင္ဟာ ကုိယ္တြင္းက အဆိပ္အေတာက္ေတြကုိ ဖယ္ရွားဖုိ႔ လုိအပ္ေနပါၿပီ။ က်န္းမာေရးနဲ႔ ညီၫြတ္မႈရွိတဲ့ ဘ၀ေနထုိင္မႈပံုစံကုိ က်င့္သံုးတာ၊ အရက္၊ ေဆးလိပ္ကို ေရွာင္ရွားတာ၊ အခ်ဳိကဲတဲ့အစားအစာနဲ႔ ျပည့္၀ဆီပါ၀င္မႈမ်ားတဲ့အစားအစာေတြကုိ ေလွ်ာ့စားတာေတြက ကုိယ္တြင္းမွ အဆိပ္အေတာက္ကုိေလ်ာ့နည္းသြားေစႏုိင္ပါတယ္။ ဓာတုပစၥည္းပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္၊ ေခၽြးနံ႔ေပ်ာက္ေဆးနဲ႔ အိမ္သံုးသန္႔စင္ေဆးရည္ေတြကုိ တတ္ႏုိင္သမွ် ေလွ်ာ့သံုးပါ။ စိတ္ဖိစီးမႈမ်ားတာကလည္း အဆိပ္အေတာက္ကို စုေဆာင္းမႈျဖစ္ေစတာေၾကာင့္ စိတ္ဖိစီးမႈကင္းႏုိင္တဲ့၊ စိတ္ေျဖေဖ်ာက္ႏုိင္တဲ့နည္းလမ္းေတြကုိ ရွာေဖြၿပီး အသံုးျပဳပါ။

ေဒါက္တာခင္မုိးမုိး