(21)ႏွစ္အရြယ္မိန္းကေလးက အသက္(14)ႏွစ္အရြယ္ေကာင္ေလးကို လက္ထပ္ယူခဲ့လို႔ လူေျပာမ်ားေနခဲ့တဲ့အျဖစ္…

အသက္21ႏွစ္အရြယ္ ကေမာၻဒီးယားႏိုင္ငံသူေလး နဲ႔ အသက္ 14ႏွစ္အရြယ္ေကာင္ေလးတို႔လက္ထပ္ထိမ္းျမားခဲ့လို႔ Facebook ေပၚမွာ ဝမ္းေျမာက္ဝမ္းသားေၾကာင္းေရးသားခဲ့တဲ့သူတစ္ဦးေၾကာင့္

အဆိုပါအျဖစ္အပ်က္ဟာ အေတာ္ေလးကိုလူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

ဓာတ္ပံုထဲမွာ ျမင္ေတြ႔ရတဲ့အတိုင္းပါပဲ ေကာင္မေလးကအရြယ္ေရာက္ေနၿပီဆိုေပမဲ့လည္း ေကာင္ေလးမွာေတာ့ အလယ္တန္းေက်ာင္းသားအရြယ္ေလးသာျဖစ္ေနခဲ့ၿပီး ၊

အသက္အရြယ္ငယ္ရြယ္ေသးေပမဲ့လည္း အေတာ္ေလးကိုေပ်ာ္ရႊင္ေနပံုရပါတယ္ ။

Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့တဲ့ဓာတ္ပံုကို ျပန္လည္ေဝမ်ွသူအမ်ားအျပား႐ွိခဲ့ၿပီး ၊ ေဒသခံတစ္ဦးကေတာ့ ” သူတို႔ေတြက ငယ္ေသးတယ္ဆိုေပမဲ့လည္း သူတို႔ေလးေတြရဲ႕ အနာဂတ္ကိုပဲ ၾကည့္ၾကရေအာင္ ၊

သူတို႔အခ်င္းခ်င္းဆက္ခ်စ္ၿပီး သည္းခံႏိုင္ရင္ေတာ့ သူတို႔အတူတူအိုမင္းတဲ့အထိေပါင္းသင္ၾကမွာပါ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း လူအမ်ားစုကေတာ့ အဆိုပါစံုတြဲရဲ႕မဂၤလာပြဲကို အေကာင္းမျမင္ႏိုင္ၾကပဲ အဆိုးဖက္ကေနသာ ကန္႔ကြက္ေရးသားခဲ့ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါစံုတြဲဟာ ငယ္ရြယ္ၾကၿပီး အခ်စ္ကိုမခံစားဖူးေသးဘဲ ၊

အခ်စ္စစ္ရဲ႕အေၾကာင္းကို မသိ႐ွိေသးလို႔ ယခုကဲ့သို႔ ေစာေစာစီးစီးအိမ္ေထာင္ျပဳခဲ့တာျဖစ္ေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Unicode Version

အသက်21နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသူလေး နဲ့ အသက် 14နှစ်အရွယ်ကောင်လေးတို့လက်ထပ်ထိမ်းမြားခဲ့လို့ Facebook ပေါ်မှာ ဝမ်းမြောက်ဝမ်းသားကြောင်းရေးသားခဲ့တဲ့သူတစ်ဦးကြောင့်

အဆိုပါအဖြစ်အပျက်ဟာ အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။

ဓာတ်ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ ကောင်မလေးကအရွယ်ရောက်နေပြီဆိုပေမဲ့လည်း ကောင်လေးမှာတော့ အလယ်တန်းကျောင်းသားအရွယ်လေးသာဖြစ်နေခဲ့ပြီး ၊

အသက်အရွယ်ငယ်ရွယ်သေးပေမဲ့လည်း အတော်လေးကိုပျော်ရွှင်နေပုံရပါတယ် ။

Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့တဲ့ဓာတ်ပုံကို ပြန်လည်ဝေမျှသူအများအပြားရှိခဲ့ပြီး ၊ ဒေသခံတစ်ဦးကတော့ ” သူတို့တွေက ငယ်သေးတယ်ဆိုပေမဲ့လည်း သူတို့လေးတွေရဲ့ အနာဂတ်ကိုပဲ ကြည့်ကြရအောင် ၊

သူတို့အချင်းချင်းဆက်ချစ်ပြီး သည်းခံနိုင်ရင်တော့ သူတို့အတူတူအိုမင်းတဲ့အထိပေါင်းသင်ကြမှာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း လူအများစုကတော့ အဆိုပါစုံတွဲရဲ့မင်္ဂလာပွဲကို အကောင်းမမြင်နိုင်ကြပဲ အဆိုးဖက်ကနေသာ ကန့်ကွက်ရေးသားခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါစုံတွဲဟာ ငယ်ရွယ်ကြပြီး အချစ်ကိုမခံစားဖူးသေးဘဲ ၊

အချစ်စစ်ရဲ့အကြောင်းကို မသိရှိသေးလို့ ယခုကဲ့သို့ စောစောစီးစီးအိမ်ထောင်ပြုခဲ့တာဖြစ်ကြောင်း မျိုးစုံမှတ်ချက်ရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)