ဗဟုသုတ

ေနႏွင့္ လူသား ေနဝင္သြားၿပီ

နေနှင့် လူသား နေဝင်သွားပြီ

လူတို့သည် သွေးကလည်း အေး အရေးကလည်းအခြေမပေးတော့သည်က တစ်ကြောင်း၊မွေးညင်းပေါက်များ တစ်စတစ်စ ပိတ်သွားကြပြီဖြစ်ရကား ဝမ်းတွင်းနေ အပူနှင့် အပုပ်များ ပြင်ပသို့ မတိုး၊ဦးခေါင်းသို့သာ ဆောင့်ထိုးထိုးသည်က တစ်ကြောင်း တို့ကြောင့် အိပ်စက်သွားကြရ၏။အပူအပုပ်အားကြီးသူက အအိပ်ပိုကြီးမည်။အပူအပုပ်နည်းပါးသူက အအိပ်နည်းမည်။

ညဉ့်အိပ်ချိန်ဝယ်တစ်နေ့တာ သွင်းယူထားသော အပူအပုပ်များကို ဘဝင်လေမထ ကိလေသာလည်း မကြွခြင်းကြောင့်ဝင်လေနှင့်ထွက်လေနှစ်ရပ်တို့သည် နှာသီးမှ ချက်တိုင်တစ်ဖန် ချက်တိုင်မှသည် နှာသီးသို့ ပုံမှန်ရှူသာ ရှိူက်သာ ခွင့် ရနေကြပါသည်။ထိုစဉ်ထွက်လေဝယ် ဝမ်းတွင်းအောင်း အပူအပုပ်ဟောင်းများကို စုပ်ထုတ်သွားပြီ။ဝင်လေဝယ် ပြင်ပရှိ လေကောင်းလေသန့်များကိုထည့်သွင်းပေးနေပြီ။

ထို့ကြောင့် ကိုယ်ကောင်ကြီးသည် တစ်စတစ်စ အပူမှအအေးသို့ ပြောင်းလဲလာပြီး နွမ်းရာမှလည်း လန်းလာနေပါသည်။ထိုမှတစ်ဆင့် အပူအပုပ်ကင်း၍ ဝမ်းသန့်ရှင်းလာသော်၊ အနွမ်းကုန်သွားပြီး အလန်းချည်း ပုံကျလာသော်၊ ထိုအချိန်သည် လူသားတို့ နိုးကြားချိန်တည်း။အကယ်တိတိ အပူအပုပ်တို့ကလည်း မကုန်သေးမီ၊အလန်းကလည်း မပုံသေးမီအချိန်တွင်တစ်စုံတစ်ခုသော အသံမျိုး အနှိုးမျိုးများကြောင့် လန့်နိုးနိုးသွားက စိတ်သည်လည်းမကြည် ကိုယ်လည်း မအီမသာပင်။

၎င်းသဘာဝယုတ္တိများကို ထောက်ဆ၍ လူသားတို့၏အိပ်ရာထ လန်းဆန်းတက်ကြွလာခြင်းများသည်အိပ်၍ အားရှိသွားခြင်းကြောင့် မဟုတ်၊ ဝင်လေ ထွက်လေမှန်၍ အပူအပုပ်ကင်းစင်သွားခြင်းကြောင့်သာ။ဤကား နေဝင်ချိန်ကာလလူသားတို့သဘာဝများပေတည်း။

နေထွက်လာပြီ။

(က)ထိုနေသည် ထွက်စဝယ် မပူသေး၊ လူတို့လည်းအေးအေးဆေးဆေး။

(ခ)နံနက်( ၈ )နာရီခန့်ဝယ် နေပူစပြု လာ၏။ လူတို့လည်း လှုပ်ရှားစ ပြု လာကြပြီ။

(ဂ)နေ့လယ်ဝယ် နေကား ပူပြင်းလှပြီ၊ လူတို့လည်းအလုပ်ဝယ် အပူတပြင်း။

(ဃ)နေစောင်းသွားရာ အပူကျလာပြီး လူတို့လည်း နားစ ပြုလာကြပြီ။

(င)ညနေ ( ၅ )နာရီခန့်ဝယ် နေရောင်ပင် ညှိုးပြီ၊ လူတို့လည်း အလုပ်သိမ်းကြလေပြီ။ထိုသို့သော နေ၏ကျီစယ်ကစားခြင်းကို ခံနေရချိန်မျိုးတို့၌လည်းသင်သည် အမှတ် မဲ့နှင့် အမှတ်ရှိ ဘယ်ဒင်းလုပ်နေမိသနည်း။ဤကား အချိန်ပိုင်းဖြင့် မေးစစ်ထားခြင်း။

အထက်ပါ အရွယ်စစ်တမ်း အချိန်စစ်တန်း နှစ်ရပ်တို့ကိုစေ့စေ့စပ်စပ် သုံးသပ်လျှင် အမှတ်မဲ့များကသာ ဖုံးလွှမ်းထားပါသည်ကို တွေ့ကြရပါမည်။အမှတ်မဲ့နောက်ဝယ် ရာဂ၊ ဒေါသ စသည် ကြိုက်စွဲမကြိုက်စွဲကိလေသာအခုအခံများ များစွာပါဝင်နေသည်ကို သတိပြု ပါလေ။

၁။ဒါနဟူသော ကောင်းမှုများသည် ငါ့ပစ္စည်းဟူသောရင်ဝကို စူးဝင်နေသည့် ဒိဋ္ဌိတဏှာအရိုးစွပ် အသွားတပ်ဓားကို ဆွဲနှုတ်ရာ လက်နက်ဖြစ်ခြင်းကြောင့်စွန့်လွှတ်ခြင်းကို တာဝန်ယူရသည်။

 

၂။သီလဟူသော ကောင်းမှုများကလည်း မြင်ရာ၊ကြားရာ စသည်များမှ အမှတ်မဲ့ သတိလွတ်နေစဉ်အမည်ပြော၍ အစွဲကို နှိုး၊အကောင်းပြော၍ အကြိုက်ကို ဆွနေပါသည်ကိုတားဆီးရာလက်နက် ဖြစ်ခြင်းကြောင့် စောင့်စည်းမှုဣ‌န္ဒြေကို တာဝန်ယူရ၏။

သို့တစေလည်း အမှတ်မဲ့သမား၏ ဒါနမှု၊ သီလမှု လမ်းထားသည် ငါစွဲလည်း မကင်း၊ စောင့်စည်းခြင်းလည်း မပါရှိချေရာအစွဲ၏ ဆွဲငင်အား မရုန်းနိုင်ရကား အဘယ်မှာ လူဖြစ်ပါအံ့နည်း။အမှတ်မဲ့၏ ဒါနသည် လှူရာဝယ် အသိစိတ် မကပ်တတ်။ကပ်သော်မှ ငါ၊ ဝတ္ထု၊ ပုဂ္ဂိုလ်တစ်ခုခုပေါ်ဝယ် နားနေတတ်လှ၏။ထို့ကြောင့် ဘုရားဝတ်ပြုစဉ် သြကာသတစ်ပုဒ်လုံးဆုံးသည်အထိ ဘုရားရှင်ထံ စိတ်မှန်မှန်မရောက်ပြီ။ဆွမ်းတော်ကပ်စဉ် ” အရဟတာဒိ ” အစချီ ဆွမ်းတော်ကပ် တစ်ပုဒ်လုံးဆုံးသည်အထိ ဘုရားထံ စိတ်ပြည့်မရောက်ပြီ။သည့်အတူ သံဃာ့ဒါန ဆွမ်းလောင်းလှူရာ ဆွမ်းကပ်ရာ စသည်ကောင်းမှုစုံ အကုန်ပြု ရာ၌လည်းကိုယ်နှင့်စိတ် တစ်ထပ်တည်းမကျ ခြင်း၊ငါ၊ဝတ္ထု ၊ပုဂ္ဂိုလ်များသို့ ငြိကပ်နေခြင်းများကြောင့် ကောင်းမှုစစ်စစ်ကား မဖြစ်နိုင်ပြီ။

သို့ဆိုသော် အမှတ်မဲ့လူသားတို့၏ တစ်နေ့တာပြုကျင့်မှုသည် မကောင်းမှုဖြစ်စေ ကောင်းမှုပင်ဖြစ်စေ၊မြစ်ခြေမပါသော သစ်ပင်များပမာ ရှင်သန်ရန် အလွန်ခက်ပါသည်။အညွှန့်ထွက်ရန်၊ ပွင့်ရန်၊သီးရန်များလည်း ဝေးနေမည်သာ ဖြစ်ပါမည်။

တလူလူ တလွင့်လွင့် တက်ခွင့်သာသော လူသားဟူ၍မဆိုသာပြီ။အမှတ်မဲ့ လူသားတို့၏ ထိုတစ်နေ့တာသည် မသိမှုမောဟနှင့် တကွသော ကိလေသာလောင်းရိပ်မိနေတော့ခြင်း၊ကောင်းလမ်းပါဆိုးလမ်းပဲဟူ၍သဲသဲကွဲကွဲသိပိုင်မှု မရှိတော့ခြင်း။ထိုအချက်နှစ်ချက်ကို ထောက်လျက် လူစာရင်းထဲမှပယ်ဖျက်ရပါမည်။လူပင်ဖြစ်လျက် လူသက်ကင်းနေသူများဟူ၍ ကမ္ပည်းရေးထိုး ရပါတော့မည်။ အနန္တကျေးဇူးတော်ရှင်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

ဝနဝါသီဉေယျ ဓမ္မသာမိထေရ်

ေနႏွင့္ လူသား ေနဝင္သြားၿပီ

လူတို႔သည္ ေသြးကလည္း ေအး အေရးကလည္းအေျခမေပးေတာ့သည္က တစ္ေၾကာင္း၊ေမြးညင္းေပါက္မ်ား တစ္စတစ္စ ပိတ္သြားၾကၿပီျဖစ္ရကား ဝမ္းတြင္းေန အပူႏွင့္ အပုပ္မ်ား ျပင္ပသို႔ မတိုး၊ဦးေခါင္းသို႔သာ ေဆာင့္ထိုးထိုးသည္က တစ္ေၾကာင္း တို႔ေၾကာင့္ အိပ္စက္သြားၾကရ၏။အပူအပုပ္အားႀကီးသူက အအိပ္ပိုႀကီးမည္။အပူအပုပ္နည္းပါးသူက အအိပ္နည္းမည္။

ညဥ့္အိပ္ခ်ိန္ဝယ္တစ္ေန႔တာ သြင္းယူထားေသာ အပူအပုပ္မ်ားကို ဘဝင္ေလမထ ကိေလသာလည္း မႂကြျခင္းေၾကာင့္ဝင္ေလႏွင့္ထြက္ေလႏွစ္ရပ္တို႔သည္ ႏွာသီးမွ ခ်က္တိုင္တစ္ဖန္ ခ်က္တိုင္မွသည္ ႏွာသီးသို႔ ပုံမွန္ရႉသာ ရွိူက္သာ ခြင့္ ရေနၾကပါသည္။ထိုစဥ္ထြက္ေလဝယ္ ဝမ္းတြင္းေအာင္း အပူအပုပ္ေဟာင္းမ်ားကို စုပ္ထုတ္သြားၿပီ။ဝင္ေလဝယ္ ျပင္ပရွိ ေလေကာင္းေလသန္႔မ်ားကိုထည့္သြင္းေပးေနၿပီ။

ထို႔ေၾကာင့္ ကိုယ္ေကာင္ႀကီးသည္ တစ္စတစ္စ အပူမွအေအးသို႔ ေျပာင္းလဲလာၿပီး ႏြမ္းရာမွလည္း လန္းလာေနပါသည္။ထိုမွတစ္ဆင့္ အပူအပုပ္ကင္း၍ ဝမ္းသန္႔ရွင္းလာေသာ္၊ အႏြမ္းကုန္သြားၿပီး အလန္းခ်ည္း ပုံက်လာေသာ္၊ ထိုအခ်ိန္သည္ လူသားတို႔ နိုးၾကားခ်ိန္တည္း။အကယ္တိတိ အပူအပုပ္တို႔ကလည္း မကုန္ေသးမီ၊အလန္းကလည္း မပုံေသးမီအခ်ိန္တြင္တစ္စုံတစ္ခုေသာ အသံမ်ိဳး အႏွိုးမ်ိဳးမ်ားေၾကာင့္ လန္႔နိုးနိုးသြားက စိတ္သည္လည္းမၾကည္ ကိုယ္လည္း မအီမသာပင္။

 

၎သဘာဝယုတၱိမ်ားကို ေထာက္ဆ၍ လူသားတို႔၏အိပ္ရာထ လန္းဆန္းတက္ႂကြလာျခင္းမ်ားသည္အိပ္၍ အားရွိသြားျခင္းေၾကာင့္ မဟုတ္၊ ဝင္ေလ ထြက္ေလမွန္၍ အပူအပုပ္ကင္းစင္သြားျခင္းေၾကာင့္သာ။ဤကား ေနဝင္ခ်ိန္ကာလလူသားတို႔သဘာဝမ်ားေပတည္း။

ေနထြက္လာၿပီ။

(က)ထိုေနသည္ ထြက္စဝယ္ မပူေသး၊ လူတို႔လည္းေအးေအးေဆးေဆး။

(ခ)နံနက္( ၈ )နာရီခန္႔ဝယ္ ေနပူစျပဳ လာ၏။ လူတို႔လည္း လႈပ္ရွားစ ျပဳ လာၾကၿပီ။

(ဂ)ေန႔လယ္ဝယ္ ေနကား ပူျပင္းလွၿပီ၊ လူတို႔လည္းအလုပ္ဝယ္ အပူတျပင္း။

(ဃ)ေနေစာင္းသြားရာ အပူက်လာၿပီး လူတို႔လည္း နားစ ျပဳလာၾကၿပီ။

(င)ညေန ( ၅ )နာရီခန္႔ဝယ္ ေနေရာင္ပင္ ညႇိုးၿပီ၊ လူတို႔လည္း အလုပ္သိမ္းၾကေလၿပီ။ထိုသို႔ေသာ ေန၏က်ီစယ္ကစားျခင္းကို ခံေနရခ်ိန္မ်ိဳးတို႔၌လည္းသင္သည္ အမွတ္ မဲ့ႏွင့္ အမွတ္ရွိ ဘယ္ဒင္းလုပ္ေနမိသနည္း။ဤကား အခ်ိန္ပိုင္းျဖင့္ ေမးစစ္ထားျခင္း။

အထက္ပါ အရြယ္စစ္တမ္း အခ်ိန္စစ္တန္း ႏွစ္ရပ္တို႔ကိုေစ့ေစ့စပ္စပ္ သုံးသပ္လၽွင္ အမွတ္မဲ့မ်ားကသာ ဖုံးလႊမ္းထားပါသည္ကို ေတြ႕ၾကရပါမည္။အမွတ္မဲ့ေနာက္ဝယ္ ရာဂ၊ ေဒါသ စသည္ ႀကိဳက္စြဲမႀကိဳက္စြဲကိေလသာအခုအခံမ်ား မ်ားစြာပါဝင္ေနသည္ကို သတိျပဳ ပါေလ။

၁။ဒါနဟူေသာ ေကာင္းမႈမ်ားသည္ ငါ့ပစၥည္းဟူေသာရင္ဝကို စူးဝင္ေနသည့္ ဒိ႒ိတဏွာအရိုးစြပ္ အသြားတပ္ဓားကို ဆြဲႏႈတ္ရာ လက္နက္ျဖစ္ျခင္းေၾကာင့္စြန္႔လႊတ္ျခင္းကို တာဝန္ယူရသည္။

၂။သီလဟူေသာ ေကာင္းမႈမ်ားကလည္း ျမင္ရာ၊ၾကားရာ စသည္မ်ားမွ အမွတ္မဲ့ သတိလြတ္ေနစဥ္အမည္ေျပာ၍ အစြဲကို ႏွိုး၊အေကာင္းေျပာ၍ အႀကိဳက္ကို ဆြေနပါသည္ကိုတားဆီးရာလက္နက္ ျဖစ္ျခင္းေၾကာင့္ ေစာင့္စည္းမႈဣ‌ေျႏၵကို တာဝန္ယူရ၏။

သို႔တေစလည္း အမွတ္မဲ့သမား၏ ဒါနမႈ၊ သီလမႈ လမ္းထားသည္ ငါစြဲလည္း မကင္း၊ ေစာင့္စည္းျခင္းလည္း မပါရွိေခ်ရာအစြဲ၏ ဆြဲငင္အား မ႐ုန္းနိုင္ရကား အဘယ္မွာ လူျဖစ္ပါအံ့နည္း။အမွတ္မဲ့၏ ဒါနသည္ လႉရာဝယ္ အသိစိတ္ မကပ္တတ္။ကပ္ေသာ္မွ ငါ၊ ဝတၳဳ၊ ပုဂၢိဳလ္တစ္ခုခုေပၚဝယ္ နားေနတတ္လွ၏။ထို႔ေၾကာင့္ ဘုရားဝတ္ျပဳစဥ္ ၾသကာသတစ္ပုဒ္လုံးဆုံးသည္အထိ ဘုရားရွင္ထံ စိတ္မွန္မွန္မေရာက္ၿပီ။ဆြမ္းေတာ္ကပ္စဥ္ ” အရဟတာဒိ ” အစခ်ီ ဆြမ္းေတာ္ကပ္ တစ္ပုဒ္လုံးဆုံးသည္အထိ ဘုရားထံ စိတ္ျပည့္မေရာက္ၿပီ။သည့္အတူ သံဃာ့ဒါန ဆြမ္းေလာင္းလႉရာ ဆြမ္းကပ္ရာ စသည္ေကာင္းမႈစုံ အကုန္ျပဳ ရာ၌လည္းကိုယ္ႏွင့္စိတ္ တစ္ထပ္တည္းမက် ျခင္း၊ငါ၊ဝတၳဳ ၊ပုဂၢိဳလ္မ်ားသို႔ ၿငိကပ္ေနျခင္းမ်ားေၾကာင့္ ေကာင္းမႈစစ္စစ္ကား မျဖစ္နိုင္ၿပီ။

သို႔ဆိုေသာ္ အမွတ္မဲ့လူသားတို႔၏ တစ္ေန႔တာျပဳက်င့္မႈသည္ မေကာင္းမႈျဖစ္ေစ ေကာင္းမႈပင္ျဖစ္ေစ၊ျမစ္ေျခမပါေသာ သစ္ပင္မ်ားပမာ ရွင္သန္ရန္ အလြန္ခက္ပါသည္။အညႊန္႔ထြက္ရန္၊ ပြင့္ရန္၊သီးရန္မ်ားလည္း ေဝးေနမည္သာ ျဖစ္ပါမည္။

 

တလူလူ တလြင့္လြင့္ တက္ခြင့္သာေသာ လူသားဟူ၍မဆိုသာၿပီ။အမွတ္မဲ့ လူသားတို႔၏ ထိုတစ္ေန႔တာသည္ မသိမႈေမာဟႏွင့္ တကြေသာ ကိေလသာေလာင္းရိပ္မိေနေတာ့ျခင္း၊ေကာင္းလမ္းပါဆိုးလမ္းပဲဟူ၍သဲသဲကြဲကြဲသိပိုင္မႈ မရွိေတာ့ျခင္း။ထိုအခ်က္ႏွစ္ခ်က္ကို ေထာက္လ်က္ လူစာရင္းထဲမွပယ္ဖ်က္ရပါမည္။လူပင္ျဖစ္လ်က္ လူသက္ကင္းေနသူမ်ားဟူ၍ ကမၸည္းေရးထိုး ရပါေတာ့မည္။ အနႏၲေက်းဇူးေတာ္ရွင္

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး

ဝနဝါသီေဉယ် ဓမၼသာမိေထရ္