က်မၼာေရး ဗဟုသုတ

ဆီးချိုအတွက် ပျားမြီးရွက်

ဆီးချိုအတွက် ပျားမြီးရွက်

ဆီးချိုရောဂါဟာ အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ရောဂါဖြစ်တာကြောင့် ဆီးချိုအတက်အကျ မလွန်အောင်၊ ပုံမှန်ဖြစ်အောင် ထိန်းနေရပါတယ်။ နည်းလမ်းတွေကလည်း စုံလှပါတယ်။

ဒီတစ်ခါတော့ ပျားမြီးရွက်နဲ့ ကုသတဲ့နည်းကို ထပ်မံမျှဝေလိုက်ပါတယ်။

ပျားမြီးရွက်ကို အင်္ဂလိပ်လို Bee Tail Plant လို့ခေါ်ပြီး ဒီဆေးနည်းကို ထိုင်ဝမ်နိုင်ငံမှ တရုတ်တိုင်းရင်းဆေးပညာရှင်များမှ စတင်တွေ့ရှိခဲ့ပါတယ်။

ပျားမြီးရွက်ဟာ ပြန်လည်စိုက်ပျိုးနိုင်သည့် အနွယ်ပင်မျိုးဖြစ်နေသည့်အတွက် ယခုအခါမှာတော့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း အများအပြား စိုက်ပျိုးထားကြပါပြီ။

ပျားမြီးပင်၏အရွက်မှာ ပျားကိုယ်နောက်ပိုင်းနှင့်ဆင်တူဖြစ်၍ ပင်စည်မှာ နီညိုရောင်ဖြစ်ပါတယ်။ အရွက်ကတော့ အစိမ်းရောင် ခပ်ဖျော့ဖျော့လေး ပါပဲ။ ပုံထဲမှာ မြင်တွေ့နိုင်ပါတယ်။

ဆီးချိုရောဂါကို ကုသနည်း

(၁) ဦးစွာ ဆီးချိုသွေးချိုကို တိုင်းတာထားပါ။

(၂) ပုံမှန်ထက် တက်နေလျှင် အရွက်တစ်ရွက်ကို ရေစင်အောင်ဆေး၍ ဝါးစားပါ။

(၃) နောက်တစ်နေ့တွင် ဆီးချိုတိုင်းကြည့်ပါ။ ပုံမှန်ပြန်ဖြစ်နေလျှင် ဆက်စားရန်မလိုတော့ပါ။

(၄) ဆီးချို(၂၀၀)နှင့်(၃၆၀)ကြား ရှိပါက နေ့စဉ် ပျားမြီးရွက် (၃)ရွက်ကို ဝါးစားပါ။ နောက်နေ့ပြန်တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားပါ။

(၅) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆) မှ (၉) ရွက်ထိ ဝါးစားရမည်။ နောက်နေ့တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားရမည်။

(၆) အကယ်၍ ပျားမြီးရွက်စားများသွား၍ ဆီးချိုသွေးချို အရမ်းကျဆင်းသွားပါက အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။ တိုင်းကြည့်၍ Normal ပုံမှန်ဖြစ်လျှင် ရပ်ထားရမည်။

ဆီးချိုရောဂါဟာ အမြစ်ပြတ်အောင်၊ အရှင်းပျောက်ကင်းသွားအောင် ခက်ခဲသည့်ရောဂါဖြစ်သည့်အတွက် အတက်လွန်၊ အကျလွန်မဖြစ်အောင် Control လုပ်၍ ထိန်းထားပေးရပါတယ်။

ရောဂါတစ်ခုခုကြောင့် ခွဲစိပ်ရန် လိုအပ်လာပါက ဆီးချိုသမားများဟာ ခွဲမရသဖြင့် အလွန်ဒုက္ခရောက်ကြရပါတယ်။

ထိုအချိန်တွင် ပျားမြီးရွက်ကို အသုံးပြု၍ ဆီးချိုကို အနိမ့်ဆုံးထိ လျှော့ချပေးပြီးလျှင် ခွဲစိပ်နိုင်ကြောင်း သိရပါတယ်။

ဖတ်ရှုသူအပေါင်းလည်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)

 

ဆီးခ်ိဳအတြက္ ပ်ားၿမီးရြက္

ဆီးခ်ိဳေရာဂါဟာ အျမစ္ျပတ္ေအာင္ ကုသဖို႔မလြယ္တဲ့ ေရာဂါျဖစ္တာေၾကာင့္ ဆီးခ်ိဳအတက္အက် မလြန္ေအာင္၊ ပုံမွန္ျဖစ္ေအာင္ ထိန္းေနရပါတယ္။ နည္းလမ္းေတြကလည္း စုံလွပါတယ္။

ဒီတစ္ခါေတာ့ ပ်ားၿမီးရြက္နဲ႔ ကုသတဲ့နည္းကို ထပ္မံမၽွေဝလိုက္ပါတယ္။

ပ်ားၿမီးရြက္ကို အဂၤလိပ္လို Bee Tail Plant လို႔ေခၚၿပီး ဒီေဆးနည္းကို ထိုင္ဝမ္နိုင္ငံမွ တ႐ုတ္တိုင္းရင္းေဆးပညာရွင္မ်ားမွ စတင္ေတြ႕ရွိခဲ့ပါတယ္။

ပ်ားၿမီးရြက္ဟာ ျပန္လည္စိုက္ပ်ိဳးနိုင္သည့္ အႏြယ္ပင္မ်ိဳးျဖစ္ေနသည့္အတြက္ ယခုအခါမွာေတာ့ ျမန္မာ၊ ထိုင္း၊ မေလးရွား၊ စကၤာပူ၊ အင္ဒိုနီးရွားနိုင္ငံတို႔မွာလည္း အမ်ားအျပား စိုက္ပ်ိဳးထားၾကပါၿပီ။

ပ်ားၿမီးပင္၏အရြက္မွာ ပ်ားကိုယ္ေနာက္ပိုင္းႏွင့္ဆင္တူျဖစ္၍ ပင္စည္မွာ နီညိဳေရာင္ျဖစ္ပါတယ္။ အရြက္ကေတာ့ အစိမ္းေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ေလး ပါပဲ။ ပုံထဲမွာ ျမင္ေတြ႕နိုင္ပါတယ္။

ဆီးခ်ိဳေရာဂါကို ကုသနည္း

(၁) ဦးစြာ ဆီးခ်ိဳေသြးခ်ိဳကို တိုင္းတာထားပါ။

(၂) ပုံမွန္ထက္ တက္ေနလၽွင္ အရြက္တစ္ရြက္ကို ေရစင္ေအာင္ေဆး၍ ဝါးစားပါ။

(၃) ေနာက္တစ္ေန႔တြင္ ဆီးခ်ိဳတိုင္းၾကည့္ပါ။ ပုံမွန္ျပန္ျဖစ္ေနလၽွင္ ဆက္စားရန္မလိုေတာ့ပါ။

(၄) ဆီးခ်ိဳ(၂၀၀)ႏွင့္(၃၆၀)ၾကား ရွိပါက ေန႔စဥ္ ပ်ားၿမီးရြက္ (၃)ရြက္ကို ဝါးစားပါ။ ေနာက္ေန႔ျပန္တိုင္းၾကည့္၍ ပုံမွန္ျဖစ္လၽွင္ ရပ္ထားပါ။

(၅) အကယ္၍ ဆီးခ်ိဳ၊ေသြးခ်ိဳသည္ (၄၆၀)ေက်ာ္ထိ ျဖစ္ေနပါက ပ်ားၿမီးရြက္ အစိမ္း (၆) မွ (၉) ရြက္ထိ ဝါးစားရမည္။ ေနာက္ေန႔တိုင္းၾကည့္၍ ပုံမွန္ျဖစ္လၽွင္ ရပ္ထားရမည္။

(၆) အကယ္၍ ပ်ားၿမီးရြက္စားမ်ားသြား၍ ဆီးခ်ိဳေသြးခ်ိဳ အရမ္းက်ဆင္းသြားပါက အခ်ိဳရည္တစ္ခုခုကို ေသာက္သုံးနိုင္သည္။ တိုင္းၾကည့္၍ Normal ပုံမွန္ျဖစ္လၽွင္ ရပ္ထားရမည္။

ဆီးခ်ိဳေရာဂါဟာ အျမစ္ျပတ္ေအာင္၊ အရွင္းေပ်ာက္ကင္းသြားေအာင္ ခက္ခဲသည့္ေရာဂါျဖစ္သည့္အတြက္ အတက္လြန္၊ အက်လြန္မျဖစ္ေအာင္ Control လုပ္၍ ထိန္းထားေပးရပါတယ္။

ေရာဂါတစ္ခုခုေၾကာင့္ ခြဲစိပ္ရန္ လိုအပ္လာပါက ဆီးခ်ိဳသမားမ်ားဟာ ခြဲမရသျဖင့္ အလြန္ဒုကၡေရာက္ၾကရပါတယ္။

ထိုအခ်ိန္တြင္ ပ်ားၿမီးရြက္ကို အသုံးျပဳ၍ ဆီးခ်ိဳကို အနိမ့္ဆုံးထိ ေလၽွာ့ခ်ေပးၿပီးလၽွင္ ခြဲစိပ္နိုင္ေၾကာင္း သိရပါတယ္။

ဖတ္ရႈသူအေပါင္းလည္း က်န္းမာစြာ အသက္ရွည္နိုင္ၾကပါေစ။

ေစာႏြဲ႕ေနဆိုင္(ပူတာအို)