မြန်မာတစ်ပြည်လုံးကို အသည်းကင်ဆာဖြန့်ဖြူးနေတဲ့ အောင်မဲညိုအပွင့်ခြောက်
အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာကော၊ ဈေးတွေမှာပါ အောင်မဲညိုပန်းပွင့်အခြောက်တွေကို အတော်များများရောင်းလာကြတာတွေ့ရပါတယ်။
အောင်မဲညိုအပွင့်ခြောက်တွေကို တစ်ချို့က ဟင်းချက်စားကြတယ်။ တစ်ချို့က ရေနွေးကြမ်းထဲကို ခပ်ထည့်ပြီးသောက်ကြတယ်။
တကယ်တော့ အောင်မဲညိုနဲ့ ပက်သက်ပြီးတော့ အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းရဲ့ သတိပေးစကားအစီအစဉ်လေးကို ကြည့်လိုက်ရတော့မှ အောင်မဲညိုကို စနစ်တကျ ပြုပြင်မှ သုံးစွဲမှ အကျိုးရှိတယ်ဆိုတာ သိလိုက်ရပါတယ်။
သိပ္ပံနည်းကျ ပေါင်းခံပြီး အဆိပ်အတောက်တွေကို မဖယ်ထုတ်ပဲ ဒီအတိုင်း သုံးစွဲမယ်ဆိုရင် အကျိုးကျေးဇူးမရှိရုံတင်မက အသည်းကင်ဆာပါ မုချကျိန်းသေဖြစ်ပါလိမ့်မယ်။
ပထမဦးဆုံး ကျွန်တော်တို့ အောင်မဲညို(Butterfly pea flower)လို့ ခေါ်နေကြတဲ့ ပန်းပင်ရဲ့ မူရင်းမျိုးစိတ်က မြန်မာပြည်က မဟုတ်ပါဘူး။ မူရင်းမျိုးစိတ်က တောင်အာဖရိကကလာတာပါ။
အပင်ရဲ့ မျိုးစိတ်ရင်းစွဲနာမည်က “Fabaceae” လို့ခေါ်ပါတယ်။ လူကို အဓိက ဒုက္ခပေးတာကတော့ သူ့အပွင့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေပါပဲ။ အဲ့ဒီဓာတ်ပေါင်းတွေကို စနစ်တကျခွဲထုတ်ပြီးတော့မှ အန္တရာယ်ကင်းကင်းနဲ့ အောင်မဲညိုအပွင့်ကို သုံးစွဲလို့ရတာပါ။
ဒီလိုမှ မဟုတ်ပဲ အောင်မဲညိုအပွင့်ကို နေလှမ်းအခြောက်ခံပြီး သုံးမယ်ဆိုရင် ကိုယ့်သေတွင်းကို တူးနေသလိုပါပဲ။
အောင်မဲညို အပွင့်ကို နေလှမ်းလိုက်ခြင်းအားဖြင့် အပွင့်ထဲမှာပါဝင်တဲ့ ရေဓာတ်တွေကို ခမ်းခြောက်စေပြီး(Dehydration)လုပ်လိုက်သလိုဖြစ်သွားပြီး အထဲမှာ Benzeneဓာတ်တွေ ကျန်ခဲ့ပါလိမ့်မယ်။
အဲ့ဒီ ဘင်ဇင်းဓာတ်ကပဲ လူတွေကို အဓိက ကင်ဆာဖြစ်စေတာပါ။ နိုင်ငံကြီးတွေမှာ အောင်မဲညိုအရွက်ကို ဒီအတိုင်းသုံးစွဲခွင့် မပြုပါဘူး။ ဆေးကုမ္ပဏီကြီးတွေက နှစ်နဲ့ချီ သုတေသနပြုပြီး စနစ်တကျနဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပြီးတော့မှ ဈေးကွက်မှာ ဖြန့်ချိရောင်းချတာပါ။
လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တွေကို ခေတ်မီစက်ကိရိယာကြီးတွေနဲ့ အဆင့်ဆင့်ဖယ်ရှားရတာပါ။ ဥပမာ – မြန်မာနိုင်ငံမှာဆိုရင် Fame Pharmacyလိုမျိုး ခေတ်မီပြီး စနစ်ကျတဲ့ ဆေးကုမ္ပဏီကြီးတွေလိုမျိုးပေါ့။
FDAထောက်ခံချက်ရှိပြီးတော့ အာမခံချက်ရှိတဲ့ ဆေးတွေကိုပဲ ဝယ်ယူသုံးစွဲသင့်ပါတယ်။ အခုနောက်ပိုင်း ရန်ကုန်ဆေးရုံကြီးရဲ့ ကင်ဆာဌာနမှာ တစ်နေ့ကို လူနာပေါင်းထောင်ကျော်အထိ ကျိတ်ကျိတ်တိုး ကုသခံနေရတဲ့အထဲမှာ အသည်းကင်ဆာလူနာတွေနဲ့ သားအိမ်ကင်ဆာလူနာတွေက အများဆုံးပါပဲ။
အောင်မဲညိုကို ဒီအတိုင်းသုံးမယ်ဆိုရင် စစချင်းမှာ သူ့အပွင့်ထဲမှာပါတဲ့ Caffeine ဓာတ်ကြောင့် နေလို့ထိုင်လို့ ကောင်းသလိုလိုခံစားရပါလိမ့်မယ်။ ဒါကကျန်းမာရေးအတွက် မကောင်းပါဘူး။ Caffeineဓာတ်က ကော်ဖီထဲမှာလည်း ပါပါတယ်။
ကော်ဖီကမှ လူအတွက် ပိုပြီးအကျိုးရှိပါသေးတယ်။ နောက်ပိုင်း အောင်မဲညိုအရွက်ကို ရေနွေးထဲမှာ ခတ်သောက်တာ ကြာလာရင် ကနဦး ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ ပျို့အန်တတ်ခြင်း(Nausea)စတင်ဖြစ်ပေါ်လာပါလိမ့်မယ်။
အဲ့ဒီဘာဖြစ်လို့လဲဆိုတော့ သင့်ရဲအသည်းထဲမှာ အောင်မဲညိုအရွက်ရဲ့ အဆိပ်အတောက်တွေက စုပုံပြီး အနည်ထိုင်စ ပြုနေပါပြီ။ တစ်နှစ်ခွဲ နှစ်နှစ်လောက် သောက်မယ်ဆိုရင် အသည်းကင်ဆာဖြစ်ဖို့က တစ်ဝက်လောက်သေချာနေပါပြီ။
အကောင်းဆုံးကတော့ အောင်မဲညိုအရွက်တို့ ဓညင်းသီးတို့ကို ရှောင်တာက အကောင်းဆုံးပါပဲ။ အစားတစ်လုပ်နဲ့ ကင်ဆာရောဂါနဲ့ မလဲကြပါနဲ့။
(သိပ္ပံနည်းကျ ပေါင်းခံပြီး အဆိပ်အတောက်တွေကို မဖယ်ထုတ်ပြီးမှ သုံးစွဲပါ)
ကင်ဆာရောဂါခံစားရရင် မိမိကိုယ်တိုင်ကော မိသားစုကိုကော အချိန်ကုန်၊ လူပန်းပြီး ငွေကြေးကုန်ကျများစေပါတယ်။ အားလုံးပဲဘုရားသခင်ကောင်းကြီးပေးပါစေ။
ဒေါက်တာဂျိုးဇက်စော(ခေတ္တနယူးယောက်)အားလုံးလွတ်လပ်စွာ ကူးယူပြန်တင်နိုင်ပါတယ်
Zawgyi
ျမန္မာတစ္ျပည္လုံးကို အသည္းကင္ဆာျဖန႔္ျဖဴးေနတဲ့ ေအာင္မဲညိဳအပြင့္ေျခာက္
အခုေနာက္ပိုင္း အြန္လိုင္းေပၚမွာေကာ၊ ေဈးေတြမွာပါ ေအာင္မဲညိဳပန္းပြင့္အေျခာက္ေတြကို အေတာ္မ်ားမ်ားေရာင္းလာၾကတာေတြ႕ရပါတယ္။
ေအာင္မဲညိဳအပြင့္ေျခာက္ေတြကို တစ္ခ်ိဳ႕က ဟင္းခ်က္စားၾကတယ္။ တစ္ခ်ိဳ႕က ေရေႏြးၾကမ္းထဲကို ခပ္ထည့္ၿပီးေသာက္ၾကတယ္။
တကယ္ေတာ့ ေအာင္မဲညိဳနဲ႔ ပက္သက္ၿပီးေတာ့ အသည္းအထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာခင္ေမာင္ဝင္းရဲ႕ သတိေပးစကားအစီအစဥ္ေလးကို ၾကည့္လိုက္ရေတာ့မွ ေအာင္မဲညိဳကို စနစ္တက် ျပဳျပင္မွ သုံးစြဲမွ အက်ိဳးရွိတယ္ဆိုတာ သိလိုက္ရပါတယ္။
သိပၸံနည္းက် ေပါင္းခံၿပီး အဆိပ္အေတာက္ေတြကို မဖယ္ထုတ္ပဲ ဒီအတိုင္း သုံးစြဲမယ္ဆိုရင္ အက်ိဳးေက်းဇူးမရွိ႐ုံတင္မက အသည္းကင္ဆာပါ မုခ်က်ိန္းေသျဖစ္ပါလိမ့္မယ္။
ပထမဦးဆုံး ကြၽန္ေတာ္တို႔ ေအာင္မဲညိဳ(Butterfly pea flower)လို႔ ေခၚေနၾကတဲ့ ပန္းပင္ရဲ႕ မူရင္းမ်ိဳးစိတ္က ျမန္မာျပည္က မဟုတ္ပါဘူး။ မူရင္းမ်ိဳးစိတ္က ေတာင္အာဖရိကကလာတာပါ။
အပင္ရဲ႕ မ်ိဳးစိတ္ရင္းစြဲနာမည္က “Fabaceae” လို႔ေခၚပါတယ္။ လူကို အဓိက ဒုကၡေပးတာကေတာ့ သူ႔အပြင့္ထဲမွာ ပါဝင္တဲ့ ဓာတ္ေပါင္းေတြပါပဲ။ အဲ့ဒီဓာတ္ေပါင္းေတြကို စနစ္တက်ခြဲထုတ္ၿပီးေတာ့မွ အႏၲရာယ္ကင္းကင္းနဲ႔ ေအာင္မဲညိဳအပြင့္ကို သုံးစြဲလို႔ရတာပါ။
ဒီလိုမွ မဟုတ္ပဲ ေအာင္မဲညိဳအပြင့္ကို ေနလွမ္းအေျခာက္ခံၿပီး သုံးမယ္ဆိုရင္ ကိုယ့္ေသတြင္းကို တူးေနသလိုပါပဲ။
ေအာင္မဲညိဳ အပြင့္ကို ေနလွမ္းလိုက္ျခင္းအားျဖင့္ အပြင့္ထဲမွာပါဝင္တဲ့ ေရဓာတ္ေတြကို ခမ္းေျခာက္ေစၿပီး(Dehydration)လုပ္လိုက္သလိုျဖစ္သြားၿပီး အထဲမွာ Benzeneဓာတ္ေတြ က်န္ခဲ့ပါလိမ့္မယ္။
အဲ့ဒီ ဘင္ဇင္းဓာတ္ကပဲ လူေတြကို အဓိက ကင္ဆာျဖစ္ေစတာပါ။ ႏိုင္ငံႀကီးေတြမွာ ေအာင္မဲညိဳအ႐ြက္ကို ဒီအတိုင္းသုံးစြဲခြင့္ မျပဳပါဘူး။ ေဆးကုမၸဏီႀကီးေတြက ႏွစ္နဲ႔ခ်ီ သုေတသနျပဳၿပီး စနစ္တက်နဲ႔ အဆိပ္အေတာက္ေတြကိုဖယ္ရွားၿပီးေတာ့မွ ေဈးကြက္မွာ ျဖန႔္ခ်ိေရာင္းခ်တာပါ။
လူကို အႏၲရာယ္ျဖစ္ေစတဲ့ ဓာတ္ေတြကို ေခတ္မီစက္ကိရိယာႀကီးေတြနဲ႔ အဆင့္ဆင့္ဖယ္ရွားရတာပါ။ ဥပမာ – ျမန္မာႏိုင္ငံမွာဆိုရင္ Fame Pharmacyလိုမ်ိဳး ေခတ္မီၿပီး စနစ္က်တဲ့ ေဆးကုမၸဏီႀကီးေတြလိုမ်ိဳးေပါ့။
FDAေထာက္ခံခ်က္ရွိၿပီးေတာ့ အာမခံခ်က္ရွိတဲ့ ေဆးေတြကိုပဲ ဝယ္ယူသုံးစြဲသင့္ပါတယ္။ အခုေနာက္ပိုင္း ရန္ကုန္ေဆး႐ုံႀကီးရဲ႕ ကင္ဆာဌာနမွာ တစ္ေန႔ကို လူနာေပါင္းေထာင္ေက်ာ္အထိ က်ိတ္က်ိတ္တိုး ကုသခံေနရတဲ့အထဲမွာ အသည္းကင္ဆာလူနာေတြနဲ႔ သားအိမ္ကင္ဆာလူနာေတြက အမ်ားဆုံးပါပဲ။
ေအာင္မဲညိဳကို ဒီအတိုင္းသုံးမယ္ဆိုရင္ စစခ်င္းမွာ သူ႔အပြင့္ထဲမွာပါတဲ့ Caffeine ဓာတ္ေၾကာင့္ ေနလို႔ထိုင္လို႔ ေကာင္းသလိုလိုခံစားရပါလိမ့္မယ္။ ဒါကက်န္းမာေရးအတြက္ မေကာင္းပါဘူး။ Caffeineဓာတ္က ေကာ္ဖီထဲမွာလည္း ပါပါတယ္။
ေကာ္ဖီကမွ လူအတြက္ ပိုၿပီးအက်ိဳးရွိပါေသးတယ္။ ေနာက္ပိုင္း ေအာင္မဲညိဳအ႐ြက္ကို ေရေႏြးထဲမွာ ခတ္ေသာက္တာ ၾကာလာရင္ ကနဦး ေဘးထြက္ဆိုးက်ိဳးေတြ အေနနဲ႔ ပ်ိဳ႕အန္တတ္ျခင္း(Nausea)စတင္ျဖစ္ေပၚလာပါလိမ့္မယ္။
အဲ့ဒီဘာျဖစ္လို႔လဲဆိုေတာ့ သင့္ရဲအသည္းထဲမွာ ေအာင္မဲညိဳအ႐ြက္ရဲ႕ အဆိပ္အေတာက္ေတြက စုပုံၿပီး အနည္ထိုင္စ ျပဳေနပါၿပီ။ တစ္ႏွစ္ခြဲ ႏွစ္ႏွစ္ေလာက္ ေသာက္မယ္ဆိုရင္ အသည္းကင္ဆာျဖစ္ဖို႔က တစ္ဝက္ေလာက္ေသခ်ာေနပါၿပီ။
အေကာင္းဆုံးကေတာ့ ေအာင္မဲညိဳအ႐ြက္တို႔ ဓညင္းသီးတို႔ကို ေရွာင္တာက အေကာင္းဆုံးပါပဲ။ အစားတစ္လုပ္နဲ႔ ကင္ဆာေရာဂါနဲ႔ မလဲၾကပါနဲ႔။
(သိပၸံနည္းက် ေပါင္းခံၿပီး အဆိပ္အေတာက္ေတြကို မဖယ္ထုတ္ၿပီးမွ သုံးစြဲပါ)
ကင္ဆာေရာဂါခံစားရရင္ မိမိကိုယ္တိုင္ေကာ မိသားစုကိုေကာ အခ်ိန္ကုန္၊ လူပန္းၿပီး ေငြေၾကးကုန္က်မ်ားေစပါတယ္။ အားလုံးပဲဘုရားသခင္ေကာင္းႀကီးေပးပါေစ။
ေဒါက္တာဂ်ိဳးဇက္ေစာ(ေခတၱနယူးေယာက္)အားလုံးလြတ္လပ္စြာ ကူးယူျပန္တင္ႏိုင္ပါတယ္