က်မၼာေရး ဗဟုသုတ

ကေလးငယ္ေတြေခ်ာင္းဆိုးတာကို ခ်က္ခ်င္းသက္သာေစမယ့္ အိမ္တြင္းနည္းလမ္း(၅)မ်ိဳး

ကေလးငယ္ေတြ ေခ်ာင္းဆိုးတဲ့အခါ ျပင္းထန္တဲ့ေခ်ာင္းဆိုးေပ်ာက္ေဆးေတြက ကေလးငယ္ေလးေတြကို ပုိထိခိုက္ေစျပီး ၾကာလာရင္ ေဆးမတိုးတဲ့ျပႆနာကိုျဖစ္ေစနိုင္ပါတယ္။

ကေလးေလးေတြေခ်ာင္းဆိုးတဲ့အခါ မိဘေတြအေနနဲ႕ ေျခမကိုင္မိ လက္မကိုင္မိမျဖစ္ရေအာင္ ကေလးေခ်ာင္းဆိုးသက္သာေစမယ့္ သဘာဝနည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊နြားနို႕

နြားနို႕တစ္ခြက္စာထဲကို ၾကက္သြန္နီသံုးလံုး၊ ၾကက္သြန္ျဖဴတစ္လံုးကိုအခြံခြာေရေဆးျပီးထည့္ကာ မိနစ္အနည္းငယ္ေလာက္ အပူေပးပါ။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴအဖတ္ေတြမပါေအာင္စစ္ျပီး ပ်ားရည္အနည္းငယ္ထည့္ကာ ကေလးကို တိုက္ေပးပါ။ ေခ်ာင္းဆိုးသက္သာသြားပါလိမ့္မယ္။

(၂) နာနတ္သီးရည္

နာနတ္သီးတစ္ျခမ္း၊ ခ်င္းအနည္းငယ္၊ ပ်ားရည္တစ္ဇြန္းတို႕ကို Blender ထဲထည့္ေမႊပါ။ အဖတ္ေတြကို စစ္ထုတ္ျပီး ရလာတဲ့အရည္ကို ကေလးကိုတိုက္ေပးလိုက္ပါ။ ေခ်ာင္းဆိုးသက္သာတဲ့အထိ မနက္တစ္ၾကိမ္၊ညတစ္ၾကိမ္တိုက္ေပးပါ။

(၃) ခ်င္း

ဂ်ံုမႈန္႕၊ ပ်ားရည္၊ သံလြင္ဆီအနည္းငယ္ နဲ႕ ခ်င္းမႈန္႕တစ္ဇြန္းတို႕ကိုေရာျပီး အႏွစ္ျဖစ္ေအာင္ေမႊပါ။ ရလာတဲ့အနွစ္ကို လက္ကိုင္ပုဝါမွာ သုတ္လိမ္းျပီး ညအိပ္ရာမဝင္မီသံုးနာရီခန္႕ ကေလးရင္ဘတ္မွာကပ္ထားေပးပါ။

(၄) ဆားၾကပ္စည္းျခင္း

ကေလးေျခဖဝါးကို အဝတ္စနဲ႕ပတ္လိုက္ပါ။ ဆားအနည္းငယ္ကို အပူေပးျပီး ေျခဖဝါးမွာကပ္ကာ ေျခအိတ္ေလးစြပ္ထားေပးလိုက္ပါ။ ဆားေတြေအးသြားရင္ ေျခအိတ္ကိုခြ်တ္ေပးလိုက္ပါ။ဒီနည္းကလည္း ကေလးေခ်ာင္းဆိုးတာကို ျမန္ျမန္သက္သာေစပါတယ္။ ကေလးေျခဖဝါးေတြကို အပူမေလာင္ေအာင္ေတာ့ သတိထားပါ။

(၅) ေရေနြးနဲ႕ေရခ်ိဳးေပးပါ

ေရေနြးေနြးေလးနဲ႕ေရခ်ိဳးေပးတာက ခြ်ဲေတြကိုေပ်ာ္ေစတာေၾကာင့္ ေခ်ာင္းဆိုးသက္သာေစပါတယ္။ ေခ်ာင္းဆိုးေနတဲ့ကေလးကို အေအးမမိေအာင္ ဂရုစိုက္ဖို႕လိုတာေၾကာင့္ ေရေအးနဲ႕ေရမခ်ိဳးေပးဘဲ ေရေနြးေလးနဲ႕ေရခ်ိဳးေပးပါ။

written by PP

credit

=======

ကလေးငယ်တွေ ချောင်းဆိုးတဲ့အခါ ပြင်းထန်တဲ့ချောင်းဆိုးပျောက်ဆေးတွေက ကလေးငယ်လေးတွေကို ပိုထိခိုက်စေပြီး ကြာလာရင် ဆေးမတိုးတဲ့ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ ကလေးလေးတွေချောင်းဆိုးတဲ့အခါ မိဘတွေအနေနဲ့ ခြေမကိုင်မိ လက်မကိုင်မိမဖြစ်ရအောင် ကလေးချောင်းဆိုးသက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နွားနို့

နွားနို့တစ်ခွက်စာထဲကို ကြက်သွန်နီသုံးလုံး၊ ကြက်သွန်ဖြူတစ်လုံးကိုအခွံခွာရေဆေးပြီးထည့်ကာ မိနစ်အနည်းငယ်လောက် အပူပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအဖတ်တွေမပါအောင်စစ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ ကလေးကို တိုက်ပေးပါ။ ချောင်းဆိုးသက်သာသွားပါလိမ့်မယ်။

(၂) နာနတ်သီးရည်

နာနတ်သီးတစ်ခြမ်း၊ ချင်းအနည်းငယ်၊ ပျားရည်တစ်ဇွန်းတို့ကို Blender ထဲထည့်မွှေပါ။ အဖတ်တွေကို စစ်ထုတ်ပြီး ရလာတဲ့အရည်ကို ကလေးကိုတိုက်ပေးလိုက်ပါ။ ချောင်းဆိုးသက်သာတဲ့အထိ မနက်တစ်ကြိမ်၊ညတစ်ကြိမ်တိုက်ပေးပါ။

(၃) ချင်း

ဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီအနည်းငယ် နဲ့ ချင်းမှုန့်တစ်ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ ရလာတဲ့အနှစ်ကို လက်ကိုင်ပုဝါမှာ သုတ်လိမ်းပြီး ညအိပ်ရာမဝင်မီသုံးနာရီခန့် ကလေးရင်ဘတ်မှာကပ်ထားပေးပါ။

(၄) ဆားကြပ်စည်းခြင်း

ကလေးခြေဖဝါးကို အဝတ်စနဲ့ပတ်လိုက်ပါ။ ဆားအနည်းငယ်ကို အပူပေးပြီး ခြေဖဝါးမှာကပ်ကာ ခြေအိတ်လေးစွပ်ထားပေးလိုက်ပါ။ ဆားတွေအေးသွားရင် ခြေအိတ်ကိုချွတ်ပေးလိုက်ပါ။ဒီနည်းကလည်း ကလေးချောင်းဆိုးတာကို မြန်မြန်သက်သာစေပါတယ်။ ကလေးခြေဖဝါးတွေကို အပူမလောင်အောင်တော့ သတိထားပါ။

(၅) ရေနွေးနဲ့ရေချိုးပေးပါ

ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက ချွဲတွေကိုပျော်စေတာကြောင့် ချောင်းဆိုးသက်သာစေပါတယ်။ ချောင်းဆိုးနေတဲ့ကလေးကို အအေးမမိအောင် ဂရုစိုက်ဖို့လိုတာကြောင့် ရေအေးနဲ့ရေမချိုးပေးဘဲ ရေနွေးလေးနဲ့ရေချိုးပေးပါ။

written by PP

credit