ဒီမနက္က်ေနာ္အိပ္ယာနိုးေတာ့ တစ္ရြာလုံး အုံးအုံးႂကြပ္ႂကြပ္ ျဖစ္ေနၾကတယ္။ က်ေနာ့္အိမ္မွာလည္းထိုနည္းလည္းေကာင္းပါပဲ။
ဘာေတြျဖစ္ေနၾကတာလဲလို႔ အိမ္ကလူေတြကို အိပ္ခ်င္မူးတူးနဲ႔ က်ေနာ္ေမးလိုက္ေတာ့,
ကိုယ့္အိမ္က ဘုရားေက်ာင္းေဆာင္ေအာက္တည့္တည့္မွာ မီးေသြးတူးေနၾကတာတဲ့။ ဘာလုပ္ဖို႔လဲဆိုေတာ့, ေရစိမ္ေသာက္ဖို႔တဲ့။
ဘယ္သူကေျပာတာလဲဆိုေတာ့,ဘယ္ရြာကဆရာေတာ္ဆိုလား၊ဘုန္းႀကီးဆိုလား ညက အိပ္မက္မက္လို႔တဲ့။ ကိုယ့္အိမ္က ဘုရားေက်ာင္းေဆာင္ ေအာက္တည့္တည့္က ေျမႀကီးကိုတူးၾကည့္ရင္ မီးေသြးခဲေလးေတြ ေတြ႕လိမ့္မယ္တဲ့၊
အဲ့ဒါကို ေရစိမ္ေသာက္တဲ့ ဗ္ုိင္းရပ္စ္ေရာဂါကိုကာကြယ္ေပးလိမ့္မတဲ့။ တစ္ရြာလုံးတူးၾကတာ အိမ္တိုင္းလိုလို မီးေသြးခဲေလးေတြရတယ္။အိမ္မွာလည္း က်ေနာ့္တူေလး အိမ္ေခါင္းရင္းမွာ သြားတူးတာ ပုံထဲကအတိုင္း မီးေသြးခဲေလးေတြရလာတယ္။
အဲ့ဒါကို က်ေနာ့္အမက ေရသန႔္ဘူးထဲထည့္ၿပီး စိမ္ထားတယ္။
အိမ္ေခါင္းရင္း ဘုရားေက်ာင္းေဆာင္ေအာက္က မီးေသြးခဲေတြကို ၾကည့္ၿပီး လူတိုင္းလိုလို အံ့ဩေနၾကတယ္။
ဒီမီးေသြးက ဘာလို႔ဒီေအာက္မွာရွိေနတာလဲ၊ဘာလဲေပါ့။အထူးအဆန္းျဖစ္ေနၾကတယ္။က်ေနာ္ကေတာ့ ထူးဆန္းတယ္လို႔လို႔လည္း မခံစားရပါဘူး။
ဘာလို႔ဆို က်ေနာ္တို႔ ေက်းလက္မွာက ထင္းမီးဖို၊မီးေသြးမီးဖိုေတြကို ခုခ်ိန္ထိသုံးေကာင္းေနၾကတုန္းေလဗ်ာ။
အိမ္အေနာက္ဘက္မီးဖိုေခ်ာင္က ထင္းမီးေသြးက တနည္းနည္းနဲ႔ အိမ္ေခါင္းရင္ဘက္ကိုေရာက္ၿပီး ျမဳပ္ေနနိုင္ပါတယ္။ ၾကက္ယက္လို႔ပဲျဖစ္ျဖစ္ေပါ့။
အခုတစ္ရြာလုံးမွာရွိတဲ့ အိမ္တိုင္းနီးပါး မနက္က ေျမႀကီးထဲက ရတဲ့ မီးေသြးခဲေတြကို ေရသန႔္ဘူးေတြနဲ႔ စိမ္ထားေနၾကပါၿပီ။
ဘယ္ေတာ့ေသာက္ၾကမလဲမသိေသးဘူး။က်ေနာ္ကေတာ့ လုံးဝေသာက္မွာမဟုတ္ပါ။ အိမ္ကလူေတြကိုလည္းမေသာက္ဖို႔ေျပာေပမယ့္ ေျပာလို႔မရဘူး။
ေကာင္းက်ိဳး ရွိတာ၊မရွိတာအသာထား ဆိုးက်ိဳးမျဖစ္ဖို႔ပဲ အေရးႀကီးပါတယ္။ဘယ္ႏွစ္ဘူးပဲေသာက္ေသာက္။
အဲဒါကို ေသာက္ရင္ အက်ိဳးအာနိသင္ရွိ၏၊မရွိ၏ ဆိုတာေလးကို သိတဲ့သူမ်ား လင္းေပးေစခ်င္ပါတယ္ဗ်ာ။မီးေသြးမွာ ပါတဲ့ ဓာတ္သဘာဝ၊အာနိသင္ စသည္ျဖင့္ေပါ့ဗ်ာ။
ခရက္ဒစ္ Khit Min Thit fb
Unicode
ဒီမနက်ကျနော်အိပ်ယာနိုးတော့ တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ဖြစ်နေကြတယ်။ ကျနော့်အိမ်မှာလည်းထိုနည်းလည်းကောင်းပါပဲ။
ဘာတွေဖြစ်နေကြတာလဲလို့ အိမ်ကလူတွေကို အိပ်ချင်မူးတူးနဲ့ ကျနော်မေးလိုက်တော့,
ကိုယ့်အိမ်က ဘုရားကျောင်းဆောင်အောက်တည့်တည့်မှာ မီးသွေးတူးနေကြတာတဲ့။ ဘာလုပ်ဖို့လဲဆိုတော့, ရေစိမ်သောက်ဖို့တဲ့။
ဘယ်သူကပြောတာလဲဆိုတော့,ဘယ်ရွာကဆရာတော်ဆိုလား၊ဘုန်းကြီးဆိုလား ညက အိပ်မက်မက်လို့တဲ့။ ကိုယ့်အိမ်က ဘုရားကျောင်းဆောင် အောက်တည့်တည့်က မြေကြီးကိုတူးကြည့်ရင် မီးသွေးခဲလေးတွေ တွေ့လိမ့်မယ်တဲ့၊
အဲ့ဒါကို ရေစိမ်သောက်တဲ့ ဗ်ုိင်းရပ်စ်ရောဂါကိုကာကွယ်ပေးလိမ့်မတဲ့။ တစ်ရွာလုံးတူးကြတာ အိမ်တိုင်းလိုလို မီးသွေးခဲလေးတွေရတယ်။အိမ်မှာလည်း ကျနော့်တူလေး အိမ်ခေါင်းရင်းမှာ သွားတူးတာ ပုံထဲကအတိုင်း မီးသွေးခဲလေးတွေရလာတယ်။
အဲ့ဒါကို ကျနော့်အမက ရေသန့်ဘူးထဲထည့်ပြီး စိမ်ထားတယ်။
အိမ်ခေါင်းရင်း ဘုရားကျောင်းဆောင်အောက်က မီးသွေးခဲတွေကို ကြည့်ပြီး လူတိုင်းလိုလို အံ့ဩနေကြတယ်။
ဒီမီးသွေးက ဘာလို့ဒီအောက်မှာရှိနေတာလဲ၊ဘာလဲပေါ့။အထူးအဆန်းဖြစ်နေကြတယ်။ကျနော်ကတော့ ထူးဆန်းတယ်လို့လို့လည်း မခံစားရပါဘူး။
ဘာလို့ဆို ကျနော်တို့ ကျေးလက်မှာက ထင်းမီးဖို၊မီးသေွးမီးဖိုတွေကို ခုချိန်ထိသုံးကောင်းနေကြတုန်းလေဗျာ။
အိမ်အနောက်ဘက်မီးဖိုချောင်က ထင်းမီးသွေးက တနည်းနည်းနဲ့ အိမ်ခေါင်းရင်ဘက်ကိုရောက်ပြီး မြုပ်နေနိုင်ပါတယ်။ ကြက်ယက်လို့ပဲဖြစ်ဖြစ်ပေါ့။
အခုတစ်ရွာလုံးမှာရှိတဲ့ အိမ်တိုင်းနီးပါး မနက်က မြေကြီးထဲက ရတဲ့ မီးသွေးခဲတွေကို ရေသန့်ဘူးတွေနဲ့ စိမ်ထားနေကြပါပြီ။
ဘယ်တော့သောက်ကြမလဲမသိသေးဘူး။ကျနော်ကတော့ လုံးဝသောက်မှာမဟုတ်ပါ။ အိမ်ကလူတွေကိုလည်းမသောက်ဖို့ပြောပေမယ့် ပြောလို့မရဘူး။
ကောင်းကျိုး ရှိတာ၊မရှိတာအသာထား ဆိုးကျိုးမဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ဘယ်နှစ်ဘူးပဲသောက်သောက်။
အဲဒါကို သောက်ရင် အကျိုးအာနိသင်ရှိ၏၊မရှိ၏ ဆိုတာလေးကို သိတဲ့သူများ လင်းပေးစေချင်ပါတယ်ဗျာ။မီးသွေးမှာ ပါတဲ့ ဓာတ်သဘာဝ၊အာနိသင် စသည်ဖြင့်ပေါ့ဗျာ။
ခရက်ဒစ် Khit Min Thit fb