အလွပေရးရာ

စက်ဆွဲစရာမလိုဘဲ သဘာဝအတိုင်း ဆံပင်ဖြောင့်နည်း

စက်ဆွဲစရာမလိုဘဲ သဘာဝအတိုင်း ဆံပင်ဖြောင့်နည်း

ဓာတုပစ္စည်းများကို အသုံးမပြုဘဲ သဘာဝအတိုင်း ဆံပင် ဖြောင့်ချင်သူများ အတွက် နည်းလမ်းကောင်းဖြစ်ပါတယ်။

စက်ဆွဲစရာမလိုဘဲ သဘာဝ နည်းလမ်းကျကျ ပြုလုပ်နိုင်မည့် နည်းလမ်း ကောင်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ

အုန်းနို့ (၁)ခွက်

သံပုရာရည် (၃)ဇွန်း

သံလွင်ဆီ(၃)ဇွန်း

ကော်မှုန့်ဖြူ (၄)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

သန့်စင်သောဖန်ခွက်တစ်ခုထဲတွင် သံပုရာရည်နှင့်ကော်မှုန့်ဖြူကိုထည့်ပြီး (၃)မိနစ်ခန့်မွှေပါ။

အိုးတစ်လုံးထဲတွင် အုန်းနို့ကိုထည့်ပြီး(၁)မိနစ်ခန့်မွှေပါ။ သံလွင်ဆီ အနည်းငယ် ထည့်ပါ။

ရောစပ်ထားသည့် သံပုရာရည်နှင့် ကော်မှုန့်ဖြူ ကိုထည့်ပြီးရောမွှေပေးပါ။

မိနစ်အနည်းငယ် ကြာအောင် ရောမွှေပြီး ဖန်ပုလင်းထဲတွင်ထည့်ထားနိုင်ပါတယ်။

ခေါင်းမလျှော်ခင်မှာ သုတ်လိမ်းပြီး Shower Capဖြင့် (၂)နာရီအကြာ ဖုံးအုပ် ထားရမှာ ဖြစ်ပါတယ်။

ခေါင်းလျှော်သည့်အခါ Conditioner သုံးနိုင်ပါတယ်။

Credit




ပါဝင်သောပစ္စည်းများ

အုန်းနို့ (၁)ခွက်

သံပုရာရည် (၃)ဇွန်း

သံလွင်ဆီ(၃)ဇွန်း

ကော်မှုန့်ဖြူ (၄)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်







Credit