ဗဟုသုတ

အိမ်မှာစိုက်ရင်လူခိုက်တတ်သည် ဆိုသည့်ဂမုန်းပင်(၃)မျိုး

အိမ်မှာစိုက်ရင်လူခိုက်တတ်သည် ဆိုသည့်ဂမုန်းပင်(၃)မျိုး

အိမ်မှာစိုက်ရင်လူခိုက်တတ်သည့်ဂမုန်းပင်(၃)မျိုးဂမုန်းဆိုတဲ့အပင်မျိုးနွယ်လေးကတော့မြန်မာလူမျိုးတွေအတွက်သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။

ဥရှိတဲ့အပင်များစွာကိုဂမုန်းလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေကအပင်ကြီးတွေမှာတွယ်ကပ်ပေါက်တက်တဲ့အပင်မျိုးဖြစ်ပါတယ်။ရှေးခေတ်ကမြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊ရာထူးအာဏာတိုးတက်ဖို့၊ဧည့်ကောင်းဆောင်ကောင်းလာဖို့၊မီးကွင်းဖို့၊သူခိုးဓားပြအန္တရာယ်ကင်းဖို့ဆိုပြီးခြံဝန်းထဲမှာစိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်းအပင်လေးတွေအဖြစ်ပါစိုက်ပျိုးလာကြပါတယ်။

ဒါကပြဿနာမဟုတ်ပေမယ့်ဂမုန်းပင်တွေထဲမှာမှအိမ်တွင်းမှာလုံးဝမစိုက်ပျိုးသင့်တဲ့အပင်တွေကလည်းရှိနေပါတယ်။အဲအပင်(၃)မျိုးကိုစိုက်ပျိုးရေးဝါသနာရှင်တွေသထိထားဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ဆင်စွယ်ဂမုန်းဆင်စွယ်ဂမုန်းကတော့ မြေကြီးမှတစ်ပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ဒန့်သလွန်သီးနဲ့အပင်ချင်းတူပါတယ်။ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကိုစီးပွားလာဘ်လာဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေဒီအပင်ကိုကျော်ဖြတ်မိပါက အူကျခြင်းကိုဖြစ်စေတက်တယ်လို့တချို့ကလည်းပြောကြပါတယ်။

ဒါ့အပြင်ငါးရံ့၊ငါးကွင်းနှင့်ဆင်စွယ်တစ်ထောင့်ရောချက်ပါကဒူလာသွေးဝမ်းပျက်တယ်လို့လည်းပြောကြပါတယ်။ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦးအကြောင်းမရှိပဲရန်လိုခြင်း၊မိသားစုအတွင်းပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ဂမုန်းပင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂမုန်းစိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့အထူးရှောင်ကြဉ်စေချင်ပါတယ်။

၂။ဆင်ဂမုန်းဆင်ဂမုန်းရဲ့အရွက်ဟာကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်းမိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ ၉ဝရာခိုင်နှုန်းဟာ ကျန်းမာရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ဒါကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်းကုမုဒ်ကြာဂမုန်းကတော့အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။

ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။သုတေသနလုပ်သေူတွမှကုမုဒ်ကြာဂမုန်းကိုစိုက်ပျိုးလေ့လာခဲ့ရာမိသားစုတွင်းပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ဆိုပါတယ်ကုမုဒ်ကြာဂမုန်းကိုနုတ်ပြီးစွန့်ပစ်ခဲ့ချိန်မှာတော့မိသားစုသောကတွေငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်သင့်အိမ်တွင်းမှာ ကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။ credit

အိမ္မွာစိုက္ရင္လူခိုက္တတ္သည္ ဆိုသည့္ဂမုန္းပင္(၃)မ်ိဳး

အိမ္မွာစိုက္ရင္လူခိုက္တတ္သည့္ဂမုန္းပင္(၃)မ်ိဳးဂမုန္းဆိုတဲ့အပင္မ်ိဳးႏြယ္ေလးကေတာ့ျမန္မာလူမ်ိဳးေတြအတြက္သိပ္မစိမ္းတဲ့အပင္တစ္မ်ိဳးပဲျဖစ္ပါတယ္။

ဥရွိတဲ့အပင္မ်ားစြာကိုဂမုန္းလို႔ျခဳံငုံေခၚေဝၚၾကၿပီးေတာ့ တခ်ိဳ႕ဂမုန္းပင္ေတြကအပင္ႀကီးေတြမွာတြယ္ကပ္ေပါက္တက္တဲ့အပင္မ်ိဳးျဖစ္ပါတယ္။ေရွးေခတ္ကျမန္မာလူမ်ိဳးေတြဟာဂမုန္းပင္ေလးေတြကိုစီးပြားလာဘ္လာဘတိုးတက္ဖို႔၊ရာထူးအာဏာတိုးတက္ဖို႔၊ဧည့္ေကာင္းေဆာင္ေကာင္းလာဖို႔၊မီးကြင္းဖို႔၊သူခိုးဓားျပအႏၲရာယ္ကင္းဖို႔ဆိုၿပီးၿခံဝန္းထဲမွာစိုက္ပ်ိဳးခဲ့ၾကသလိုအခုေခတ္မွာေတာ့အိမ္တြင္းအပင္ေလးေတြအျဖစ္ပါစိုက္ပ်ိဳးလာၾကပါတယ္။

ဒါကျပႆနာမဟုတ္ေပမယ့္ဂမုန္းပင္ေတြထဲမွာမွအိမ္တြင္းမွာလုံးဝမစိုက္ပ်ိဳးသင့္တဲ့အပင္ေတြကလည္းရွိေနပါတယ္။အဲအပင္(၃)မ်ိဳးကိုစိုက္ပ်ိဳးေရးဝါသနာရွင္ေတြသထိထားဆင္ျခင္နိုင္ေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

၁။ဆင္စြယ္ဂမုန္းဆင္စြယ္ဂမုန္းကေတာ့ ေျမႀကီးမွတစ္ပင္ခ်င္းေပါက္တဲ့အပင္မ်ိဳးျဖစ္ပါတယ္။ဒန႔္သလြန္သီးနဲ႔အပင္ခ်င္းတူပါတယ္။ဆင္စြယ္ဂမုန္းဟာ စိုက္ပ်ိဳးသူကိုစီးပြားလာဘ္လာဘျဖစ္ေစတဲ့ဂမုန္းမ်ိဳးမဟုတ္ပဲအမ်ိဳးသားေတြဒီအပင္ကိုေက်ာ္ျဖတ္မိပါက အူက်ျခင္းကိုျဖစ္ေစတက္တယ္လို႔တခ်ိဳ႕ကလည္းေျပာၾကပါတယ္။

ဒါ့အျပင္ငါးရံ့၊ငါးကြင္းႏွင့္ဆင္စြယ္တစ္ေထာင့္ေရာခ်က္ပါကဒူလာေသြးဝမ္းပ်က္တယ္လို႔လည္းေျပာၾကပါတယ္။ဆင္စြယ္ဂမုန္းစိုက္ပ်ိဳးၿပီး စီးပြားတက္လာပါကတစ္ဦးနဲ႔တစ္ဦးအေၾကာင္းမရွိပဲရန္လိုျခင္း၊မိသားစုအတြင္းျပႆနာအမ်ိဳးမ်ိဳးျဖစ္ရျခင္း၊ မႈခင္းတစ္ခုခုျဖစ္တက္ျခင္း၊ေဘးရန္မ်ားျခင္းစတဲ့စိတ္ေသာကမ်ိဳးစုံျဖစ္ပြားတက္တဲ့ဂမုန္းပင္ပဲျဖစ္ပါတယ္။ဒါေၾကာင့္ဂမုန္းစိုက္ပ်ိဳးသူေတြအေနနဲ႔ ဆင္စြယ္ဂမုန္းကိုေတာ့အထူးေရွာင္ၾကဥ္ေစခ်င္ပါတယ္။

၂။ဆင္ဂမုန္းဆင္ဂမုန္းရဲ့အရြက္ဟာကြမ္းရြက္နဲ႔ပုံစံတူၿပီးေတာ့အရြက္ထူၿပီးအစိမ္းရံကိုအဝါေဖာက္ထားတဲ့ပုံစံမ်ိဳးပါ။ဒီဂမုန္းပင္ကို စိုက္မယ္ဆိုရင္ စီးပြားလာဘ္လာဘေတြ တိုးတက္ေစသည္မွန္ေသာ္လည္းမိသားစုထဲမွ တစ္ေယာက္ေယာက္ကို က်န္းမာေရးခ်ိဳ႕ယြင္းေစပါတယ္။ဆင္ဂမုန္းစိုက္ပ်ိဳးသူ ၉ဝရာခိုင္ႏႈန္းဟာ က်န္းမာေရးအႏၲရာယ္ၾကဳံရတက္တယ္လို႔ ေလ့လာေတြ႕ရွိသူေတြက ေဖာ္ျပထားပါတယ္။ဒါေၾကာင့္ ဆင္ဂမုန္းဟာ အိမ္တြင္းမွာ စိုက္ပ်ိဳးဖို႔ လုံးဝမသင့္ေတာ္တဲ့ ဂမုန္းပင္ေတြထဲမွာ တစ္ခုအပါအဝင္ပဲ ျဖစ္ပါတယ္။

၃။ ကုမုဒ္ၾကာဂမုန္းကုမုဒ္ၾကာဂမုန္းကေတာ့အရြက္ရွည္ၿပီး ေဘးအနားေတြက လွိုင္းတြန႔္ေနတဲ့အရြက္ပုံစံမ်ိဳးေလးပါ။ဒီဂမုန္းကေတာ့ ညဘက္ေတြမွာ ဖူးတံထြက္ၿပီး အျဖဴေရာင္အပြင့္ေလးေတြပြင့္တက္ပါတယ္။ၾကာပြင့္ေတြလို အထပ္မမ်ားေသာ္လည္း ၾကာပြင့္နဲ႔ပုံစံတူတာေၾကာင့္ ကုမုဒ္ၾကာဂမုန္းလို႔ ေခၚၾကတာျဖစ္ပါတယ္။

ကုမုဒ္ၾကာဂမုန္းဟာ စီးပြားလာဘ္လာဘေတြ ျဖစ္ေစေသာ္လည္း မိသားစုအတြင္း ပဋိပကၡမၾကာခဏျဖစ္ပြားတက္ပါတယ္။သုေတသနလုပ္ေသူတြမွကုမုဒ္ၾကာဂမုန္းကိုစိုက္ပ်ိဳးေလ့လာခဲ့ရာမိသားစုတြင္းျပႆနာမ်ိဳးစုံၾကဳံေတြ႕ရတယ္လို႔ဆိုပါတယ္ကုမုဒ္ၾကာဂမုန္းကိုႏုတ္ၿပီးစြန႔္ပစ္ခဲ့ခ်ိန္မွာေတာ့မိသားစုေသာကေတြၿငိမ္းေအးသြားခဲ့တယ္လို႔ဆိုပါတယ္။ဒါေၾကာင့္သင့္အိမ္တြင္းမွာ ကုမုဒ္ၾကာဂမုန္းကို မစိုက္ပ်ိဳးဖို႔ အႀကံျပဳလိုက္ရပါတယ္။ credit