အခ်စ္ေရး

တစ်ခါလောက်တော့ သတိရပေးပါ

တစ်ခါလောက်တော့ သတိရပေးပါ

ဘယ်လောက်ပဲနာကျင်ရနာကျင်ရ ရပ်နေမိတဲ့ လူကို တစ်ချက်လောက်ဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးဖို့သတိရပါ

သေလောက်အောင် နာကျင်ရရင်တောင် တစ်ခါလောက် ပြုံးစေရုံနဲ့တင်

နောက်ထပ် ဆက်ပြီးရပ်နေဖို့ အားအင်တွေရှိလာတတ်တယ်လေ

မျက်ရည်တွေကျစေတဲ့ ရက်တွေမှာတောင်

အတူတူပျော်ဖူးတဲ့ရက်တွေကို ပိုပြီးမှတ်မိနေတတ်တဲ့ သူတစ်ယောက်ဆိုတာမှန်း

ကိုယ့်ကို နားလည်မယ်ဆိုရင် အများကြီးလေ့လာစရာမလိုပဲ သိတတ်မယ်ထင်ပါတယ်

ဒီလို လူတစ်ယောက်ကို တစ်ချက်လေေးဖြစ်ဖြစ် ငဲ့ကြည့်ဖို့ သတိရပေးပါ ။

ဖုန်းတွေဆက်မယ်အထင်နဲ့ မျှော်နေတတ်တဲ့ အကျင့်လေးကလဲ ဖျောက်ဖို့ခက်ပါတယ်

ဖုန်းတွေစမဆက်ဖြစ်ခဲ့တာကလဲ အနှောင့်အယှက်ဖြစ်မှာကြောက်ရုံသက်သက်ပါ

အလုပ်အားတဲ့အခါ ဒါမှမဟုတ် သတိတရရှိတဲ့အခါ ဖုန်းဆက်ဖို့ သတိရပါ

တစ်ခါတစ်လေကျတော့လဲ ကိုယ်လဲ သတိရဖို့ထိုက်တန်ချင်ပါတယ်

ဒါမှမဟုတ် ကိုယ့်အတွက် အမြဲတမ်းမဟုတ်တောင် လိုအပ်နေတဲ့အချိန်လေးမှာ ရှိနေပေးဖို့ မျှော်လင့်ပါတယ်

အရင်ကလို ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုတဲ့ ဆုတွေ မတောင်းတော့ဘူး

ထို့အတူ အများကြီးတော့လဲ မမျှော်လင့်ဖြစ်တော့ဘူး

ဒါပေမယ့် တစ်ခါလောက်ဖြစ်ဖြစ် သတိတရရှိဖို့တော့ လိုချင်မိတယ်

ဒီထက်ပိုပြီးတော့ ဘာမှတော့ မလိုချင်တော့ပါဘူး ။

credit သျှင်ယွန်း

Unicode