Life Style

ရေစက်ပါသလောက် ချစ်နေမယ် ဝဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက်ပါပဲ

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး

မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေးဖြစ်တော့ဘူး

သတိရတဲ့အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ်

ဆက်လာလိမ့်မယ်ဆိုတာလောက်ပဲ တွေးဖြစ်တော့တယ်

အရင်လို ဖုန်းဘေးနား ငုတ်တုတ်ထိုင်ပြီး မျှော်မနေတော့ဘူး

ကျွန်မ ရင့်ကျက်စပြုလာပါပြီ . . . အရင်လိုခဏခဏ မတမ်းတဖြစ်တော့ဘူး

တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက်ကသာ အမောတကောနဲ့ သတိတွေရလိုက်ရတာ

သူ့ကတော့ ဘာကိုမှ မှတ်မှတ်ရရမရှိဘူး ခုကျွန်မလဲ ဒီလိုပါပဲ အမှတ်တရတွေ ရှိလာရင်တောင်

အမှတ်တမဲ့လေး နေနိုင်လာတဲ့အထိ ကျွန်မ ရင့်ကျက်နေပါပြီ ။

ကျွန်မ အဆင်ပြေနေပါပြီ . . . အရင်လို အများကြီး မမျှော်လင့်ဖြစ်တော့ဘူး

ကတိတွေကိုပဲ ဖြစ်ဖြစ် လုပ်ပေးမယ်လို့ ပြောထားတာတွေကိုပဲဖြစ်ဖြစ် ကျွန်မ သိပ်ပြီး မျှော်လင့်မထားတော့ဘူး

ဖြစ်ချိန်တန်မှ ဖြစ်လာရောပေါ့ ဖြစ်မလာလို့လဲ သိပ်ပြီး ကြီးကြီးမားမားခံစားမနေတော့ဘူး

အရင်တုန်းကစိတ်နဲ့သာဆိုရင် ဖြစ်မလာတိုင်း ဖြစ်မလာတိုင်း ကျွန်မမှာ သေမတတ်ကို နာကျင်ရခဲ့တာ ။

ကျွန်မ လွတ်လပ်စပြုလာပါပြီ . . . အရင်လို အများကြီး မချစ်မိတော့ဘူး

ချစ်တယ်ဆိုတဲ့စကားကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြောခဲ့တဲ့ ကျွန်မ

ထပ်မချစ်အောင် ဆိုတာထက် အများကြီးမချစ်မိအောင် ဆင်ခြင်နေတယ်

ဒီလူတော့ ငါ့အနားမှာ တစ်သက်လုံးရှိနေမှာပဲဆိုတဲ့အတွေးတွေ ခေါင်းထဲမှာ မရှိတော့ဘူး

ဒါနဲ့ ကျွန်မ ရက်စက်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်မလား . . .

တကယ်တော့ အသက်ဝင်နေတဲ့ နှလုံးသားကို သူကိုယ်တိုင်ပဲ ရေခဲရိုက်ပြီး

အသက်မဲ့စေခဲ့တာပါ အခုလို အေးတိအေးစက်နိုင်သွားကာမှ

ကျွန်မကို ရက်စက်လိုက်တာဆိုတဲ့ ခေါင်းစဉ်တပ်လိုက်တာက

ကျွန်မအတွက် ပိုပြီး ရက်စက်ရာ မရောက်ဘူးလား ဖြေပါ ။

Credit သျှင်ယွန်း

Unicode