Life Style

မိန်းကလေးတွေမှာ ရုပ်ရည်ချောမောလှပတာထက် ယောင်္ကျားလေးတွေ ပိုသဘောကျကြသော အရာများ

ဆက်ဆံရေးတစ်ခုမှာ အပြန်အလှန်ဆက်ဆံရေးဟာ အပြန်အလှန်ဆွဲဆောင်မှုကနေ စတင်ပါတယ်။ သို့ပေမယ့် ရှေရှည်မှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန်သဟဇာတမရှိဘူးဆိုရင် ဆက်ဆံရေးဟာ ပျက်ပြယ်သွားနိုင်ပါတယ်။ အပြန်အလှန်သဟဇာကောင်းမွန်တဲ့ ဆက်ဆံရေးရရှိဖို့ အမျိုးသားတွေက လက်တွေ့မှာ ဘယ်လိုအရာတွေကို ပိုပြီးသဘောကျတတ်သလဲဆိုတာကို မျှဝေပေးမှာပါ။

၁။ စွန့်စားရဲခြင်း

အမျိုးသားတွေဟာ ဘဝကို အပြည့်အဝနေထိုင်သော အမျိုးသမီးတွေကို လုံးဝကိုးကွယ်ကြပါတယ်။ အသစ်အသစ်သောအရာတွေကို စမ်းသပ်ဖို့နှင့် စွန့်စားဖို့စိတ်အားထက်သန်ပြီး တောင်တက်ခြင်း၊ ရေငုပ်ခြင်းစတဲ့အရာတွေကို စွန့်စားနိုင်မယ့် အမျိုးသမီးတွေကို ဘယ်လောက်ဆွဲဆောင်မှုရှိပြီး လှပတဲ့မိန်းကလေးကမှ မယှဥ်နိုင်ပါဘူး။ အလှအပဆိုတာက မြင်မြင်ချင်းခဏတာခံစားချက်အတွက်ပဲ အသုံးဝင်ပြီး ရှေရှည်မှာ ငြီးငွေ့သွားကြပါတယ်။ ဒီလိုဆိုတာကြောင့် ကိုယ့်ကိုယ့်ကိုယ်ဂရုမစိုက်ဘဲ မလှမပနေရမယ်ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပြီး စွန့်စားတတ်သူတွေဖြစ်ဖို့လိုပါတယ်။

၂။ အပေးအယူညှိရတာ လွယ်ယူခြင်း

သဘာထားကွဲလွဲမှုတွေရှိခြင်းက ဆက်ဆံရေးရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်ခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်ဆင်းရဲစရာတွေဖြစ်စေပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ စေ့စပ်ညှိနှိုင်းခြင်းနှင့် မိတ်ဖက်နှစ်ဦးစလုံးရဲ့ စိတ်ကျေနပ်မှုရှိသောအဖြေကို ရှာဖွေနိုင်တဲ့ အမျိုးသမီးတွေကို တန်ဖိုးထားတတ်ကြပါတယ်။ အထူးသဖြင့် ကလေးတွေကို အတူတကွပြုစုပျိုးထောင်ခြင်းကဲ့သို့သော အရေးကြီးသော ကိစ္စရပ်တွေမှာ ပိုအသုံးဝင်ပါလိမ့်မယ်။

၃။ ယုံကြည်မှု

ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတွေကို အထူးခံစားရဖို့ ကြိုးစားကြပါတယ်။ သို့ပေမယ့် အမျိုးသမီးတစ်ယောက်ဟာ သူမတန်ဖိုးကို နားလည်တဲ့ အမျိုးသမီးတစ်ယောက်လောက် ဆက်ဆီကျတဲ့အမျိုးသမီးဆိုတာမရှိတော့ပါဘူး။ အမျိုးသားတွေဟာ မျက်နှာလေးလှပပြီး ယဉ်ကျေးတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျကြတာမှန်ပါတယ်။ သို့ပေမယ့် ဆွဲဆောင်မှုရှိဖို့နှင့် ချီးမွမ်းမှုတွေကို ကောင်းကောင်းလက်ခံနိုင်တဲ့ အမျိုးသမီးတွေဖြစ်ဖို့ဖြစ်ပါတယ်။

၄။ အပြည့်အဝ ယုံကြည်မှု

ဆက်ဆံရေးတစ်ခုမှာ လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ကို တစ်ချိန်လုံးစောင့်ကြည့်နေဖို့ မသင့်တော်ပါဘူး။ ယောင်္ကျားတစ်ယောက်က သူတို့သူငယ်ချင်းတွေနဲ့ ရှိနေချိန်မှာ သူတို့ဘယ်နေရာမှာရှိနေတယ်၊ ဘယ်လိုနေရာမျိုးရောက်နေတယ်ဆိုတာကို ဖွင့်မပြောဖို့ လျှို့ဝှက်ထားရမယ်ဆိုရင် နောက်ပိုင်းမှာ ပြဿနာတွေသာ ပိုပြီးဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးမှာ မနာလိုမှုနှင့် အကြောက်လွန်ရောဂါတွေကို ခံစားနေရခြင်းက ဘယ်တော့မှ မပျှော်ရွှင်စေနိုင်ပါဘူး။ ဒါ့ကြောင့် ယောင်္ကျားတွေဟာ သစ္စာရှိမယ်ဆိုတာကို ယုံကြည်နိုင်တဲ့ အမျိုးသမီးတွေကို ချစ်ကြပါတယ်။

၅။ ဟာသဉာဏ်ရှိမှု

ဟာသပြောတတ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားရဲ့ နှလုံးသားထဲမှာ တစ်နေရာတော့ရှိတတ်ပါတယ်။ အလွန်ကောင်းမွန်သော ဟာသဉာဏ်က စိတ်ဖိစီးမှုသက်သာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လိမ္မာပါးနပ်သော ဟာသတစ်ခု (သို့) တစ်ခါတစ်ရံ ချစ်စဖွယ်ခိုးကြောင်ခိုးဝှက်ကြည်လင်သော နောက်ပြောင်မှုတွေက အမျိုးသမီးတစ်ဦးအတွက် သူ့ကောင်လေးဆီက ရမှတ်ပိုများများရစေဖို့ ကူညီပေးပါလိမ့်မယ်။

၆။ ကောင်လေးရဲ့ အားနည်းချက်တွေကို လက်ခံလိုစိတ်ရှိခြင်း

ကျန်းမာသော ဆက်ဆံရေးအတွက် သော့ချက်တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်ဟာ တစ်ဖက်လူရဲ့ အားနည်းချက်တွေကို နားလည်ခြင်းဖြစ်ပါတယ်။ ဒါ့အကြောင့် အမျိုးသားတွေဟာ အလွန်အမင်းမဝေဖန်တဲ့အမျိုးသမီးတွေကို ပိုသဘောကျတတ်ကြပါတဘ်။ အကယ်၍ အမျိုးသမီးတစ်ဦးက သူမရဲ့ လှပသော ဖက်ရှင်ဒီဇိုင်းနှင့် ပင်ကိုယ်စရိုက်ကို ချစ်မြတ်နိုးနိုင်တယ်ဆိုရင် သူမဟာ အောင်မြင်သော လမ်းပေါ်မှာ ရှိနေတယ်လို့ ဆိုလိုပါတယ်။

၇။ ပြဿနာတွေကို အလျဉ်းသင့်သလို ဖြေရှင်းတတ်သူ

ဘဝဟာ roller coaster လိုပါပဲ။ တစ်ချို့သော နေ့ရက်တွေမှာ အင်မတန်ကောင်းနေပြီး တစ်ချို့သောနေ့တွေမှာ သေချင်စော် နံနေပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို လျစ်လျူရှုတန်ရှုပြီးတော့ ပဋိပက္ခတွေကို ဖြေရှင်းတတ်ဖို့ ဖြစ်ပါလိမ့်မယ်။ ကောင်းကွက်ကို ကောင်းကောင်းမြင်တတ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အမျိုးသမီးတွေက သူတို့အမျိုးသားတွေကို အနိုင်ယူဖို့ဆိုတာ ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။

၈။ တီထွင်ဖန်တီးနိုင်စွမ်း

စုံတွဲတိုင်းမှာ လွတ်လပ်သော စိတ်နှင့် ဖန်တီးစိတ်ရှိမယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေးက ပိုမိုပြီး အကျိုးရှိပါလိမ့်မယ်။ ကောင်လေးအတွက် စာရေးပေးသူ၊ ပုံတူပန်းချီဆွဲပေးသူတဲ့ အမျိုးသမီးတွေက ချစ်သူရဲ့ နှလုံးသားကို ထာဝရရှိဖို့ အခွင့်အလမ်းများစွာရှိပါတယ်။

၉။ ကောင်းကောင်းမွန်မွန် ဆုံးဖြတ်ချက်ချနိုင်ခြင်း

မိန်းကလေးတစ်ယောက်ဟာ ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန်ဆုံးဖြတ်ချက်မချနိုင်လောက် စိတ်ပျက်စရာကောင်းတာမရှိတော့ပါဘူး။ ဘယ်စားသောက်ဆိုင်က ဘယ်လိုကောင်းတယ်ဆိုတာကအစ အသေးစိတ်လေးတွေအထိ သိသင့်ပါတယ်(ကျွန်မတော့ မသိပါဘူး)။ အထူးသဖြင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်တိုင်းမကျဖြစ်ပြီး ကျေနပ်မှုမရှိသောအခါ ပြဿနာတွေတောင် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ယောင်္ကျားတွေက သူတို့လိုချင်တာကို အတိအကျပြောတတ်တဲ့ အမျိုးသမီးတွေကို ပိုချစ်ကြပါတယ်။