Life Style

လင်နောက်လိုက်ပြီး ၁၅ ရက်အကြာမှာခံစားနေရတဲဝေဒနါတွေကိုရင်ဖွင့်လာတဲ့ မိန်းကလေးတယောက်အကြောင်း…

နေတက်သွားတာပါ##

တစ်ချိန်တုန်းက မပိုင်ဆိုင်ရခင်ကအလုပ်ချိန်တွက်အချိန်မပေးနိုင်အောင်ကျွန်မချစ်ခဲ့ပါတယ်

အနေဝေးနေတဲ့အတွက်ကြောင့်ကျွန်မသူကိုပိုလို့တောင်ချစ်ခဲ့ပါတယ်

ဖုန်းပြောတိုင်းမရိုးနိုင်တဲ့စကားလုံးလေးတွေနဲ့အချိန်ကုန်ဘေလ်ကုန်သွားတဲ့ထိတိုင်ချစ်တေးလေးတွေဖွဲ့လို့မပြီးနိုင်ခဲ့ပါဘူး

ကျွန်မတို့တွေတယောက်ကိုတယောက်ချစ်လွန်းလို့မခွဲနိုင်တာ့လို့ ထွက်ပြေးခဲ့ကြပါတယ်


သူ့မိဘတွေကချစ်ရှာပါတယ် သမီးမိန်းကလေးမပါတော့အရမ်းအလိုလိုက်ပါတယ်

စားချင်တာပြောချက်ချင်းသွားလုပ်ပေးတဲ့ယောက်ခမကောင်းပါ

မကောင်းတာကသူပါ ထွက်ပြေးခါစဆိုတော့အနားကကိုအခွါမခံတာပါ အပျောက်မခံဘူးနေပူမခံဘူး ထမင်းမစားမှာအရမ်းစိုးတာအာ့ထိတော့ကျွန်မကိုချစ်နေတုန်းပေါ့

၁၅ရက်လဲပြည့်ခဲ့စာချုပ်မှာလက်မှတ်ထိုးအကြင်လင်မယားဖြစ်ကြောင်းစာချုပ်ချုပ်ဆိုလိုက်တာပေါ့

လပြည်ညဆိုတော့အပေါင်းသင်းတွေနဲ့သောက်ချင်ကြတာပေါ့ခွင့်တောင်းတယ် ခွင့်ပြုလိုက်ပါတယ် တရက်တလေပေါ့

လပြည့်ကျော်၁ရက်ရောက်ပြန်တာ့လဲ ခွင့်တောင်းတယ်သောက်ချင်လို့ပါတဲ့ ခွင်ပြုပေးလိုက်တယ်

လပြည့်ကျော်၂ရက်ကြတော့ ထွက်သွားတယ် နေလည်၁နာရီထွတ်သွားတာညနေ၆နာရီမှပြန်လာတယ် မူးလာတယ်လေအော် သောက်ပါစေ ခွင်ပြုပေးတယ်

နေ့တိုင်းတရက်၂ခါထွက်တော့တာပဲ ခွင့်တောင်းချင်မှတောင်းတယ် မတောင်းပဲနဲ့လဲထွက်တယ်ခွင့်ပြုပါတယ် ဆေးဖစ်ဝါးဖြစ်သောက်တာပါတဲ့ ကျွန်မနားလည်ပေးလိုက်တယ်

သူမျက်နာတစ်ရွာထင်ပီးလိုက်လာတဲ့ကျွန်မကိုကျပျင်းနေလားတခွန်းမမေးပါဘူး ကျွန်မ မပျင်းပါဘူးကျွန်မပျင်းချိန်မရှိပါဘူး အတွေးတွေများနေလို့မပျင်းတော့တာပါ

ကျွန်မကိုချစ်တယ်တဖွဖွသာပြောနေတာသူကိုယ်တိုင်ကျသွားချင်ရာသွား လာချင်မှပြန်လာကျွန်မကျေနပ်ပါတယ်

မိန်းမဆိုတာအနားရှိနေချိန်တန်ဖိုးထားပေးပါဂရုစိုက်ပေးပါ ချစ်ပေးပါ အချိန်ပေးပါ

မနေချင်တော့လို့အနားကပျောက်သွားတော့မှဝမ်းနည်းမနေပါနဲ့

တချိုယောက်ျားတွေကြ မနခေငျလြိုသှားနောကျတယောကျယူုပွမယျအတွေးကတွေးကြပါတယ်

ယူကြပါ မတားပါဘူး ကိုယ့်မိန်းမလောက်သည်းခံတာကိုယ်မိန်မတွေပဲရှိတယ်ဆိုတာ သိကြမှာပါ

ယောက်ျားတွေမနိုးခင်နိုး ထမင်းဟင်းချက် သန်ရှင်းရေးလုပ်

ဟော နိုးလာတော့ခူးခပ်ကြွေး မယားဝတ္တရားကျေပွန်အောင်

ယောက်ျားကြိုက်တက်တာလေးတွေချက်ကြွေး

အသုံးအဆောင်လေးတွေဝယ်ပေး အဝတ်လျော် မီးပုတိုက်

အိပ်ယာဝင်ချိန် နင်းနှိပ်ပေး အားလုံးမိန်းမတွေကလုပ်ပေးရတာပါ

နောက်မယားကျ ခင်ဗျားတိုကပြန်လုပ်ပေးကြရမာ

ယူကြပါ နောက်မိန်းမရှာချင်သူတွေ

ကျွန်မအရက်ဆိုအရမ်းမုန်းတာ အနံလဲမခံနိုင်ပါဘူး

အမောဖောက်တက်တဲ့ကျွန်မ ချစ်လွန်းလို့

ဘယ်လောက်ပဲနံနေပါစေ အသက်ရှုမဝလို့မွန်းကျပ်နေပါစေ

ကျွန်မအောင့်ပီးနေခဲ့ပါတယ်

နေ့တိုင်းသောက်တယ် ကျွန်မမပြောတော့ပါဘူးရန်လဲမဖြစ်တက်ပါဘူး

ကျွန်မဘေးမာလူမရှိပဲမအိပ်တက်တဲ့ကျွန်မ ခုတော့အိပ်ပျော်အောင်အိပ်နိုင်သွားပါပီ

အလည်အပတ်မတ်တဲ့ကျွန်မအိမ်တွင်းပဲအောင်းတပ်လာပါပီ

စကားပြောရင်သာလိကာတောင်အရှုံးပေရအောင်ပြောတဲ့ကျွန်မ ခုတော့တယောက်တည်းနေတက်သွားပါပီ

ကျွန်မသည်းခံပေးနေတာပါ မပြောတက်တာမဟုက်ပါဘူးသည်းမခံနိုင်တဲ့အဆုံး သိကြားမင်းဆင်းတားလဲရမှာမဟုပ်တော့ပါဘူး

ပြင်ပါ အချိန်တွေရှိပါသေးတယ် ကျွန်မ နေတက်သွားတဲ့ချိန်ကျကိုယိ့ကို နောင်တရမနေပါနဲ့ အနားရှိနေချိန် တန်ဖိုးထားပေးပါ

Zawgyi

#ေနတက္သြားတာပါ#




































Credit