အခ်စ္နွင့္ဘဝ

ဆယ်ကျော်သက်အရွယ်နဲ့ ဘာကြောင့် အိမ်ထောင်မပြုသင့်တာလဲဆိုတဲ့ အကြောင်းအရင်း(၄)ချက်

ဆယ်ကျော်သက်အရွယ်နဲ့ ဘာကြောင့် အိမ်ထောင်မပြုသင့်တာလဲဆိုတဲ့ အကြောင်းအရင်း(၄)ချက်

ဒီဖက်ခေတ်မှာ အသက်ငယ်ငယ်လေးတွေနဲ့ အိမ်ထောင်ကျနေတဲ့ အကြောင်းတွေကို ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မကြာခဏကြားဖူးကြမှာပါပဲ။

အထူးသဖြင့် အသက် ၂၁ နှစ်အောက် လူငယ်တော်တော်များများဟာ ခိုးရာလိုက်ပြေးတာတို့၊ မမှားသင့်တဲ့ အမှားတွေကိုမှားပြီး ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတို့ အစရှိသဖြင့် ဖြစ်တတ်ကြပါတယ်။

တစ်ကယ်တော့ အိမ်ထောင်တစ်ခုဆိုတာ ထူထောင်ဖို့အတွက် အတွေးထဲမှာ လွယ်ကူပေမယ့် လက်တွေ့မှာတော့ တော်တော်လေး ခက်ခဲပါတယ်

ဒါ့ကြောင့် ဒီနေ့မှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေအနေနဲ့ အိမ်ထောင်လုံးဝမပြုသင့်တဲ့ အကြောင်းအရာ ၅ ခုကို ပြောပြပေးချင်ပါတယ်။

၁။ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်မှုဝတ္တရားတွေကို ကျေပွန်ဖို့မလွယ်ပါဘူး

အိမ်ထောင်တစ်ခု တည်ဆောက်ပြီးသွားပြီဆိုရင် ဇနီးဖြစ်သူမှာလည်း ဇနီးဝတ္တရား၊ ခင်ပွန်းဖြစ်သူမှာလည်း အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ဝတ္တရားဆိုတာတွေ ရှိတတ်ပါတယ်။

ဘယလောက်ပဲ ခေတ်ဆန်ပြီး ခံယူချက်တွေက western ဆန်နေပါစေ၊ ဒီနိုင်ငံရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့် လင်မယားနှစ်ယောက်စလုံးမှာ ဝတ္တရားကိုယ်စီ အသီးသီး ရှိတတ်ပါတယ်။

ဒါ့ကြောင့် ဒီဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ အိမ်ထောင်ပြုတာ အကောင်းဆုံးပါပဲ။

၂။ ငယ်ရွယ်တဲ့ လူငယ်တွေဖြစ်တာကြောင့် တစ်ခုခုဆို စိတ်မထိန်းနိုင်ကြပါဘူး

အိမ်ထောင်ပြုတယ်ဆိုတာ အရမ်းခက်ခဲပေမယ့် ကွာရှင်းဖို့ဆိုတာ လက်မှတ်လေးတစ်ချက်ထိုးလိုက်ရုံပဲ ဖြစ်တာကြောင့် အရမ်းလွယ်ကူပါတယ်။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အိမ်ထောင်ကျသွားရင် အသက်ငယ်တဲ့ လူငယ်တွေဖြစ်တာကြောင့် အရမ်းစိတ်မြန်လက်မြန် ရှိတတ်ပါတယ်။

တစ်ခုခုဆို ကွဲမယ်ကွာမယ်၊ လက်ပါမယ် အစရှိတဲ့ ကိစ္စတွေဟာ များသောအားဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့ လူငယ်တွေမှာ ပိုပြီအဖြစ်များတတ်ပါတယ်။

၃။ လွတ်လပ်မှုတွေ ကုန်ဆုံးသွားတတ်ပါတယ်

အသက် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားရင် သားကျွေးမှုမယားကျွေးမှုတွေရဲ့ နောက်ကွယ်မှာ အရင်ကလို လူငယ်ဘဝကို ပြန်မရနိုင်တော့ပါဘူး။

ကောင်လေးတွေဆိုရင်လည်း အရင်လို ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဘာလေးတက်လိုက်၊ ကလပ်လေးတက်လိုက်၊ Festival ပွဲတွေမှာ rave လိုက်၊

မိန်းကလေးတွေဆိုရင်လည်း shopping ထွက်လိုက်၊ လက်သည်းခြေသည်းလေးတွေသလိုက်၊ Spa သွားလိုက်နဲ့ လုပ်လို့မရတော့ပါဘူး

တစ်ခါတစ်လေမှသာ ဒီလိူမျိုးလုပ်နိုင်တော့မှာပါ။ ဒါ့ကြောင့် အကောင်းဆုံးကတော့ လူငယ်ဘဝကို လူငယ်လိုပဲ ဖြတ်သန်းတာ အကောင်းဆုံးပါပဲ။

၄။ မိဘတစ်ယောက်ဖြစ်ဖို့လည်း အရမ်းစောလွန်းပါတယ်

မိဘတစ်ယောက်ဖြစ်ဖို့က အရမ်းတာဝန်ကြီးပါတယ်။ ကိုယ့်ရဲ့ကလေးနဲ့ ပတ်သတ်ပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးကျောင်းစရိတ်၊ ကျွေးမွေးမှုစရိတ် အစရှိတာတွေက မိုးပေါ်ကနေ ကျလာတာ မဟုတ်ပါဘူး

ကိုယ့်ကိုယ်တိုင် ဝင်ငွေတစ်ခု ရှိနေမှ ရတာပါ။ အသက်ငယ်ငယ်လေးနဲ့ အလုပ်အကိုင်တစ်ခု ရခဲ့ရင်တောင် အဲဒီကရတဲ့ ဝင်ငွေက အိမ်ထောင်တစ်ခုလုံးရဲ့ အသုံးစရိတ်ကို မကာမိပါဘူး။ ဒါ့ကြောင့် အသက်ငယ်ငယ်လေးနဲ့ မိဘနေရာရောက်ဖို့ဆိုတာ တော်တော်လေးကို စောပါသေးတယ်။

phk