အခ်စ္ေရး

ရည်းစားများတဲ့ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့အကြောင်းရင်း(၅)ခု

ရည်းစားများတဲ့ကောင်မလေးတွေကို ချစ်ဖို့ဆိုရင် တွန့်နေတတ်ကြတယ်မို့လား။ ကိုယ်ကသာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားချင်ထားနေမှာဖြစ်ပေမယ့် ကိုယ်ချစ်တဲ့ကောင်မလေးကတော့ တစ်ယောက်ဆို တစ်ယောက် ချစ်တတ်တဲ့သူမျိုးပဲ ဖြစ်စေချင်တယ်မို့လား။ ဒါပေမယ့် ရည်းစားများတဲ့ ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့အကြောင်းရင်းတွေ သပ်သပ်ရှိနေပါသေးတယ်။ အဲဒီ ကောင်းကွက်လေးတွေကို သိသွားပြီဆိုရင် သင့်အနေနဲ့ ရည်းစားများတဲ့ကောင်မလေးတွေကိုပဲ ရှာတော့မယ်ဆိုတာ သေချာနေပါပြီနော်…။

အတွေ့အကြုံရှိပြီးသား

အတွေ့အကြုံဆိုတာ ရည်းစားထားဖူးတဲ့ အတွေ့အကြုံကိုပြောတာနော်။ ရည်းစားမထားဖူးသေးတဲ့သူဆိုရင် လမ်းလျှောက်ရင်း လက်လေးတွဲဖို့ကရှက်နေတာမျိုး၊ ရုပ်ရှင်ကြည့်ရင်တောင် အတွဲခုံထိုင်ဖို့ မဝံ့မရဲဖြစ်နေတာမျိုးနဲ့ အချိန်တော်တော်ယူရပါတယ်။ ရည်းစားများတဲ့ကောင်မလေးတွေကတော့ အဲလိုတွေ သင်ပေးနေစရာမလိုတော့ဘူး။ သူတို့ကတောင် ကိုယ့်ကို ပြန်သင်ပေးသွားဦးမယ်။

ကိုယ့်ချစ်သူက ဘယ်လိုသဘောထားရှိသလဲဆိုတာ နားလည်နိုင်တယ်

သူတို့က အတွေ့အကြုံများခဲ့တဲ့ သူတွေဆိုတော့ ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားမှုကိုလည်း နားလည်နိုင်လိမ့်မယ်။ ကိုယ်က မျက်နှာလေး တစ်ချက် ပျက်လိုက်ပြီဆိုတာနဲ့ ကိုယ်ဘာကို ခံစားနေရသလဲဆိုတာ သူတို့ ကောင်းကောင်းသိနေလိမ့်မယ်။ ပြီးတော့ ကိုယ်မကြိုက်တဲ့ ကိစ္စတွေကိုလည်း အရိပ်လေး ပြလိုက်တာနဲ့ ရှောင်ထားပြီးသား ဖြစ်နေလိမ့်မယ်။

စိန်ခေါ်မှုတစ်ခုလိုမျိုး ခံစားရမယ်

သူက ရည်းစားများတဲ့ကောင်မလေးဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ကို ထားခဲ့ပြီး နောက်တစ်ယောက် တွဲကောင်း တွဲမှာလေ။ ဒီတော့ ကိုယ့်ကိုအကြာကြီး ချစ်နေအောင် ဘယ်လို ကြိုးစားရမလဲဆိုတာက စိန်ခေါ်မှု တစ်ခုလိုမျိုး ဖြစ်နေလိမ့်မယ်။ သူ ကိုယ့်ကို အရမ်းချစ်နေအောင် ဘယ်လိုလုပ်ရမလဲပေါ့…။

သင့်ကိုအတင်းတွယ်ကပ်နေမှာမဟုတ်ဘူး

ရည်းစားများတဲ့ကောင်မလေးတွေက တစ်ယောက်ယောက်ကို အတင်းတွယ်ကပ်နေရတာ ဝါသနာ မပါကြပါဘူး။ သင်က သူတို့ကို မချစ်တော့ဘူးလို့ ခံစားရတာနဲ့ သင့်ဆီက ထွက်သွားမှာပါ။ သင့်စိတ်ထဲမှာ မချစ်တော့လို့ လမ်းခွဲချင်ရင်လည်း တွယ်ကပ်နေမယ့်သူတွေ မဟုတ်ကြပါဘူး။ အဲ…သူတို့က သင့်ကို စိတ်မပါတော့လို့ ထွက်သွားချင်တယ်ဆိုရင်လည်း သင် တားလို့ရမှာတော့ မဟုတ်ဘူး။

ဒါပေမယ့် အရမ်းချစ်တတ်လိမ့်မယ်

ရည်းစားများတယ်ဆိုကတည်းက ပွေဖို့ ရှုပ်ဖို့ထက် အချစ်ခံချင်ကြတာပါ။ အဲဒီလို အချစ်ခံချင်တဲ့သူ အများစုက အခြားတစ်ယောက်ကိုလည်း အရမ်းချစ်တတ်ကြပါတယ်။ သူတို့က လူတစ်ဖက်သားကို ဘယ်လိုချစ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ သူတို့ ချစ်သလိုမျိုး သူတို့ကို ပြန်ချစ်တာကိုလည်း လိုချင်ကြတယ်…။

Credit