အလွပေရးရာ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက်…

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတွေပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက်…

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေရှိကြပါတယ်။အဲ့ဒီအခါ ဆေးအမည်းပြန်ဆိုးရတာနဲ့ကြာတော့ ဆံပင်တွေလည်းပျက်စီးလာပါရော။တစ်ပင်နှစ်ပင်လောက်က ပြဿနာမရှိပေမဲ့ နည်းနည်းလေးများလာပြီဆိုရင်တော့ စိတ်ညစ်ရမှာအမှန်ပါပဲ။

ဆံပင်လည်းပြန်မည်းချင်တယ်။ဆံပင်ပျက်စီးတာလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် သဘာဝအတိုင်းဆံသားပြန်လည် မည်းနက်စေမယ့် နည်းလမ်းကောင်းလေးတွေပြန်ပြီးဝေမျှပေးပါမယ်။

ဘယ်လိုနည်းလမ်းကောင်းလေးတွေလဲဆိုရင်…

အုန်းဆီနဲ့သံပုရာရည်

ဆံပင်အတွက်လုံလောက်တဲ့အုန်းဆီအနည်းငယ်ရယ်၊သံပုရာရည်စားပွဲတင်ဇွန်းသုံးဇွန်းရယ်ကိုရောစပ်ပြီးဦးရေပြားတစ်ဝိုက်ညင်သာစွာလိမ်းပါ။ပြီးရင်ဆံသားတွေကိုသေချာဖြီးပါ။တစ်နာရီလောက်ထားပြီးရင်ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးနိုင်ပါပြီ။ ဒီနည်းလေးကို တစ်ပတ်ကို ၂ခါဖြစ်စေ သုံးခါဖြစ်စေလုပ်ပေးပါ။

Almond ဆီ

ဆံပင်ဖြူလာတာသတိထားမိတဲ့အခါ Almond ဆီလေးနဲ့ပုံမှန်နှိပ်နယ်လိမ်းပေးမယ်ဆိုရင် ဆံသားတွေပြန်ပြီးနက်မှောင်လာနိုင်ပါတယ်။

Almond ဆီကဆံသားကိုပြန်ပြီးအားဖြည့်ပေးတဲ့အတွက် တစ်လလောက်ပုံမှန်လိမ်းပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

 

အာလူး

အာလူးလေးတွေကို ရေနွေးပွက်ပွက်ထဲထည့်ပြုတ်လို့ ရလာတဲ့အရည်ကိုအအေးခံပါ။ပြီးရင် အဲ့ဒီအရည်ကိုဆံသားအနှံလောင်းချပေးတာကလည်းဆံပင်သားတွေပြန်ပြီးနက်မှောင်လာစေတယ်လို့သိရပါတယ်။ဆံသားအရောင်လည်းတောက်ပစေပြီး သန်မာလာစေပါတယ်။

Black coffee

Black coffee မှုန့်ကို Hair mask အဖြစ် သုံးပေးတာကလည်း သဘာဝအတိုင်းဆံသားနက်မှောင်လာစေတဲ့နည်းလေးပါ။

ကော်ဖီမှုန့်အနည်းငယ်ကိုရေနဲ့ရောစပ်လို့ရလာတဲ့အနှစ်တွေကို ဆံသားအရင်းကနေ အဖျားထိလိမ်းပေးပါ။ပေါင်းတင်သလိုဖြစ်တဲ့အပြင် ဆံသားကိုလည်းနက်မှောင်သန်စွမ်းလာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးကလည်း ဗီတာမင်ဘီ၊ဗီတာမင် 12 ပါဝင်တဲ့အတွက် သဘာဝအတိုင်း ဆံသားနက်မှောင်သန်စွမ်းစေပါတယ်။

အသက်အရွယ်ရလာရင်တောင်သူများတွေထက် ဆံပင်ဖြူတာနှေးချင်တယ်ဆိုရင် ထောပတ်သီးကိုHair mask အဖြစ်ပုံမှန်သုံးပေးသင့်ပါတယ်။ထောပတ်သီးကိုကြိတ်ချေပြီးရလာတဲ့အနှစ်တွေကို ဆံသားအနှံ့လိမ်းပေးပါ။

တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးသွားရင် ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေအတွက်ပါ ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ငရုတ်ကောင်း

ငရုတ်ကောင်းကလည်း ဆံပင်ဖြူတာကိုကာကွယ်ပေးနိုင်ပြီး ဆံသားနက်မှောင်လာစေပါတယ်တဲ့။ငရုတ်ကောင်းအမည်းစေ့လေးတွေကိုကြိတ်ချေပြီး သံပုရာရည်အနည်းငယ်နဲ့ရောစပ်လိုက်ပါ။ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပါ။

၁၅မိနစ်၊နာရီဝက်လောက်ကြာတဲ့အခါ ရေနဲ့သေချာဆေးချပြီး ပုံမုှန်ခေါင်းလျှော်သလို လျှော်ပေးလို့ရပါပြီ။ဒါက ဦးရေပြားမှာဖြစ်တတ်တဲ့ဝက်ခြံနဲ့ဗောက်တွေကိုပါ သေစေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေက ဆံပင်ဖြူစပေါက်နေတဲ့လူငယ်လေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်စေမှာပါ။

ဆံပင်လုံးဝဖြူနေတဲ့ လူကြီးတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက ဆံပင်ကိုလုံးဝပြန်ပြီးမည်းနက်စေတာထက် ဆံပင်အုံပိုကောင်းလာပြီး ဆံပင်တွေမကျွတ်တော့အောင်၊အရင်လိုဆံသားမြန်မြန်ဖြူတာမျိုး မဖြစ်စေတော့အောင် ဆံသားထိန်းသိမ်းပေးတာမျိုးပဲအသုံးဝင်နိုင်ပါတယ်။

Zawgyi

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆံပင္ျဖဴေတြေပါက္ေနလို႔ စိတ္ညစ္ေနတဲ့သူေတြအတြက္…

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆံပင္ျဖဴေပါက္တာမ်ိဳးေတြရွိၾကပါတယ္။အဲ့ဒီအခါ ေဆးအမည္းျပန္ဆိုးရတာနဲ႔ၾကာေတာ့ ဆံပင္ေတြလည္းပ်က္စီးလာပါေရာ။တစ္ပင္ႏွစ္ပင္ေလာက္က ျပႆနာမရွိေပမဲ့ နည္းနည္းေလးမ်ားလာၿပီဆိုရင္ေတာ့ စိတ္ညစ္ရမွာအမွန္ပါပဲ။

ဆံပင္လည္းျပန္မည္းခ်င္တယ္။ဆံပင္ပ်က္စီးတာလည္းမျဖစ္ခ်င္ဘူးဆိုတဲ့သူေတြအတြက္ သဘာဝအတိုင္းဆံသားျပန္လည္ မည္းနက္ေစမယ့္ နည္းလမ္းေကာင္းေလးေတြျပန္ၿပီးေဝမွ်ေပးပါမယ္။

ဘယ္လိုနည္းလမ္းေကာင္းေလးေတြလဲဆိုရင္…

အုန္းဆီနဲ႔သံပုရာရည္

ဆံပင္အတြက္လုံေလာက္တဲ့အုန္းဆီအနည္းငယ္ရယ္၊သံပုရာရည္စားပြဲတင္ဇြန္းသုံးဇြန္းရယ္ကိုေရာစပ္ၿပီးဦးေရျပားတစ္ဝိုက္ညင္သာစြာလိမ္းပါ။ၿပီးရင္ဆံသားေတြကိုေသခ်ာၿဖီးပါ။တစ္နာရီေလာက္ထားၿပီးရင္ေခါင္းေလွ်ာ္ရည္အေပ်ာ့စားေလးနဲ႔ ေလွ်ာ္ေပးႏိုင္ပါၿပီ။ ဒီနည္းေလးကို တစ္ပတ္ကို ၂ခါျဖစ္ေစ သုံးခါျဖစ္ေစလုပ္ေပးပါ။

Almond ဆီ

ဆံပင္ျဖဴလာတာသတိထားမိတဲ့အခါ Almond ဆီေလးနဲ႔ပုံမွန္ႏွိပ္နယ္လိမ္းေပးမယ္ဆိုရင္ ဆံသားေတြျပန္ၿပီးနက္ေမွာင္လာႏိုင္ပါတယ္။

Almond ဆီကဆံသားကိုျပန္ၿပီးအားျဖည့္ေပးတဲ့အတြက္ တစ္လေလာက္ပုံမွန္လိမ္းေပးမယ္ဆိုရင္ သိသာတဲ့ရလဒ္ကိုျမင္ေတြ႕ရမွာပါ။

အာလူး

အာလူးေလးေတြကို ေရေႏြးပြက္ပြက္ထဲထည့္ျပဳတ္လို႔ ရလာတဲ့အရည္ကိုအေအးခံပါ။ၿပီးရင္ အဲ့ဒီအရည္ကိုဆံသားအႏွံေလာင္းခ်ေပးတာကလည္းဆံပင္သားေတြျပန္ၿပီးနက္ေမွာင္လာေစတယ္လို႔သိရပါတယ္။ဆံသားအေရာင္လည္းေတာက္ပေစၿပီး သန္မာလာေစပါတယ္။

Black coffee

Black coffee မႈန႔္ကို Hair mask အျဖစ္ သုံးေပးတာကလည္း သဘာဝအတိုင္းဆံသားနက္ေမွာင္လာေစတဲ့နည္းေလးပါ။

ေကာ္ဖီမႈန႔္အနည္းငယ္ကိုေရနဲ႔ေရာစပ္လို႔ရလာတဲ့အႏွစ္ေတြကို ဆံသားအရင္းကေန အဖ်ားထိလိမ္းေပးပါ။ေပါင္းတင္သလိုျဖစ္တဲ့အျပင္ ဆံသားကိုလည္းနက္ေမွာင္သန္စြမ္းလာေစပါတယ္။

ေထာပတ္သီး

ေထာပတ္သီးကလည္း ဗီတာမင္ဘီ၊ဗီတာမင္ 12 ပါဝင္တဲ့အတြက္ သဘာဝအတိုင္း ဆံသားနက္ေမွာင္သန္စြမ္းေစပါတယ္။

အသက္အ႐ြယ္ရလာရင္ေတာင္သူမ်ားေတြထက္ ဆံပင္ျဖဴတာေႏွးခ်င္တယ္ဆိုရင္ ေထာပတ္သီးကိုHair mask အျဖစ္ပုံမွန္သုံးေပးသင့္ပါတယ္။ေထာပတ္သီးကိုႀကိတ္ေခ်ၿပီးရလာတဲ့အႏွစ္ေတြကို ဆံသားအႏွံ႔လိမ္းေပးပါ။

တစ္ပတ္ကိုတစ္ခါပုံမွန္လုပ္ေပးသြားရင္ ဆံသားေျခာက္ေသြ႕ၾကမ္းတမ္းတာေတြအတြက္ပါ ေျဖရွင္းၿပီးသားျဖစ္သြားပါလိမ့္မယ္။

င႐ုတ္ေကာင္း

င႐ုတ္ေကာင္းကလည္း ဆံပင္ျဖဴတာကိုကာကြယ္ေပးႏိုင္ၿပီး ဆံသားနက္ေမွာင္လာေစပါတယ္တဲ့။င႐ုတ္ေကာင္းအမည္းေစ့ေလးေတြကိုႀကိတ္ေခ်ၿပီး သံပုရာရည္အနည္းငယ္နဲ႔ေရာစပ္လိုက္ပါ။ၿပီးရင္ ဦးေရျပားေပၚလိမ္းေပးပါ။

၁၅မိနစ္၊နာရီဝက္ေလာက္ၾကာတဲ့အခါ ေရနဲ႔ေသခ်ာေဆးခ်ၿပီး ပုံမုွန္ေခါင္းေလွ်ာ္သလို ေလွ်ာ္ေပးလို႔ရပါၿပီ။ဒါက ဦးေရျပားမွာျဖစ္တတ္တဲ့ဝက္ၿခံနဲ႔ေဗာက္ေတြကိုပါ ေသေစႏိုင္ပါတယ္။

ဒီနည္းလမ္းေလးေတြက ဆံပင္ျဖဴစေပါက္ေနတဲ့လူငယ္ေလးေတြအတြက္ပဲ ပိုၿပီးအသုံးဝင္ေစမွာပါ။

ဆံပင္လုံးဝျဖဴေနတဲ့ လူႀကီးေတြအတြက္ေတာ့ ဒီနည္းလမ္းေလးေတြက ဆံပင္ကိုလုံးဝျပန္ၿပီးမည္းနက္ေစတာထက္ ဆံပင္အုံပိုေကာင္းလာၿပီး ဆံပင္ေတြမကြၽတ္ေတာ့ေအာင္၊အရင္လိုဆံသားျမန္ျမန္ျဖဴတာမ်ိဳး မျဖစ္ေစေတာ့ေအာင္ ဆံသားထိန္းသိမ္းေပးတာမ်ိဳးပဲအသုံးဝင္ႏိုင္ပါတယ္။