အခ်စ္ေရး

သင့်ချစ်သူက ဒီလိုလူထဲကဆိုရင် အချိန်မလွန်ခင်တန်ဖိုးထားတတ်ပါစေ

ကိုယ်ပေးသလောက် ပြန်မရပေမယ့်သဘောထားကြီးကြီးနဲ့ချစ်တတ်တဲ့သူတိုင်းဖတ်ဖို့

လူတစ်ယောက်က သူတစ်ကယ်ချစ်လာပြီဆိုရင် အလိုလိုရှုံးနိမ့်လာတတ်တယ်။

ဘယ်သူတွေ ဘယ်လိုတားတား ဘယ်သူ့စကားမှ နားမဝင်တော့ဘူး။

သူချစ်တဲ့သူက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေသူ့အမြင်မှာတော့ သူ့ရဲ့ချစ်သူကလူကောင်းတစ်ယောက်ပါပဲ။

သူ့အပေါ်ကို ဘယ်လောက်ထိ နစ်နာအောင်၊ထိခိုက်အောင်၊နာကျင်အောင်လုပ်နေပါစေ

အပြစ်မမြင်ပဲ အချစ်တွေပိုနေတတ်တယ်။

ဘေးလူက ပြောနေခဲ့ရင်တောင် မကောင်းပြောတယ်ပဲ ထင်တတ်ကြတယ်။

မျက်ရည်ကျမှ အချစ်စစ်လို့ခံယူထားတဲ့မိုက်ရူးရဲဆန်တဲ့ အချစ်ရူးတွေပေါ့။

သူ့ချစ်သူက သစ္စာမဲ့နေခဲ့ရင်တောင် ဖြည့်တွေးပေးတတ်တဲ့သူမျိုးတွေပါ။

သင့်ဘက်က အလျော့မပေးမှန်းသိသိရက်နဲ့လိုက်လျောညီထွေး နားလည်မှု ပေးနိူင်တဲ့သူတွေ၊

သင့်ခံစားချက်တွေကို မျှဝေခံစားပေးနိူင်သူတွေ၊ သင့်မျက်နှာအရိပ်အကဲကို ကြည့်ရုံနဲ့

သင်ဘာခံစားနေရလဲဆိုတာ ကြိုသိနေတဲ့သူတွေ။

သင့်ဆီက ဘာရမယ်ဆိုတာထက် သူ့ဘက်ကရှိတာလေးနဲ့

ဘယ်လိုပေးဆပ်ရမလဲဆိုတာပဲ တွေးနေတတ်တဲ့ မေတ္တာပိုင်ရှင်မျိုးတွေပါ။

တစ်ကယ်တမ်းတော့ တစ်ကယ်ချစ်ရင် အချစ်ခံရသူသာမသိတာချစ်တဲ့သူမှာတော့အရှုံးတွေချည်းပါပဲ။

သင့်ချစ်သူက ဒီလိုလူထဲကဆိုရင် အချိန်မလွန်ခင်တန်ဖိုးထားတတ်ပါစေ။

Credit- May Hsu(ရာမညမြေ)

Unicode