အခ်စ္ေရး

သူ့ကို သိပ်ချစ်လွန်းလို့ကျွန်မ ရူးမိုက်နေမိတာတော့ ဝန်ခံပါတယ်

သူ့ကို ချစ်တယ်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ခဲ့တာပါ .. ဘယ်လောက်ထိချစ်လဲလို့မေးရင် ဘာနဲ့မှတော့ နှိုင်းပြလို့မရဘူး သိပ်ချစ်တာပေါ့လို့ပဲဖြေတတ်တယ် … ဘာကြောင့်ချစ်မိခဲ့လဲဆိုတဲ့ အဖြေတွေမရှိဘူး ဘယ်လောက်ထိ ချစ်မှာလဲဆိုတာတွေ မသိဘူး .. ကျွန်မသိတာ သူ့ကို သိပ်ချစ်လွန်းခဲ့တာတော့သိတယ် ။

လိမ်နေမှန်းမသိအောင် ကျွန်မ မတုံးအခဲ့ပါဘူး .. ဒါပေမယ့် သူလိမ်နေတဲ့အခါ ကျွန်မ ငြိမ်ငြိမ်လေးပဲ နားထောင်ဖြစ်တယ် .. ဘာကြောင့်လဲလို့မေးရင် ကျွန်မမှာ အဖြေမရှိဘူး လိမ်နေမှန်းသိသိရဲ့နဲ့တောင် ငြိမ်ပြီးခံနေတဲ့အထိ ကျွန်မ ကန်းနေမိတယ် ထင်တယ် ။ သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် ကျွန်မ ဒီလိုနားထောင်ဖြစ်မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်

အမှားတွေရှိလာတဲ့အခါ ခွင့်လွှတ်နေမိတုန်းပဲ ။ လူပဲလေ အမှားနဲ့မကင်းပါဘူးဆိုတဲ့အတွေးနဲ့ အမှားတွေကို တစ်ကြိမ်မက နှစ်ကြိမ်မက ကျွန်မ ခွင့်လွှတ်နေခဲ့မိတာ အဲ့ဒီအရာက ကျွန်မကိုယ်ကျွန်မ မှားနေမှန်းသိပေမယ့် သူနဲ့ပတ်သက်လာရင် ပြင်လို့မရသေးဘူး ။ ကောင်းဖို့အတွက် ဘေးက လူတွေပြောမှန်းသိပေမယ့်လဲ အဲ့ဒီလူတွေကိုပဲ ကိုယ်ကိုယ်တိုင်က ဆန့်ကျင်နေမိတဲ့အထိ သူ့ကို ကျွန်မ သိပ်ချစ်ခဲ့တာ ။

ကတိတွေးပေးတဲ့အခါ … မျှော်လင့်တကြီးနဲ့စောင့်စားတယ် အဲ့ဒီကတိတွေက ဖြစ်မလာတဲ့အခါ ကိုယ်ပဲမျက်ရည်ကျရတယ် .. ဒီ့အပြင်သူ့ကို စိတ်နာမိလားဆိုတော့ စိတ်မနာမိခဲ့သေးတယ် … နောက်ထပ်ကတိတွေပေးလဲ ဆက်ပြီး ယုံပြီး ဆက်ပြီးမျှော်လင့်နေမိသေးတာပါပဲ ဖြစ်မလာမှန်းသိသိနဲ့ပေါ့ ။

ဘာပဲဖြစ်ဖြစ် သူ့ကို သိပ်ချစ်လွန်းလို့ကျွန်မ ရူးမိုက်နေမိတာတော့ ဝန်ခံပါတယ် .. အဲ့ဒီအရာက ကျွန်မအမှားဆိုရင်လဲ ကျွန်မ ကျေကျေနပ်နပ်ခံယူတယ် .. ဝဋ်ဆိုလဲထားလိုက်ပါ ကျွန်မ ပြုံးပြုံးလေးဆပ်မယ် ကျွန်မ ချစ်နိုင်တဲ့အထိ အတတ်နိုင်ဆက်ချစ်သွားမယ် … အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာခဲ့သလို သူ့အပေါ်လဲ မလိမ်ညာခဲ့ဘူး … သူ့ကို သိပ်ချစ်လွန်းလို့သာ ကျွန်မ ဆက်ပြီး ရပ်နေခဲ့တာပါ တကယ်တမ်းကျတော့ ပျော်ရတဲ့ရက်တွေထက် ငိုရတဲ့ညတွေက ပိုများမှန်း လူတိုင်းသိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Credit

Unicode