အခ်စ္ေရး

အသက်ကြီးတဲ့ မမကို ချစ်မိပြီဆိုရင်

ယောကျ်ားလေးက အသက်ငယ်ပြီး ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းကလေးကို

ချစ်မိနေတယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။

ကိုယ့်ထက်ငယ်တဲ့သူကို ချစ်မိတဲ့အတွက် ပြတ်ပြတ်သားသားလုပ်တတ်ခြင်း

မိန်းကလေးများဟာ အသက်အရွယ်ရလာတာနဲ့အမျှ လုပ်ငန်းခွင်မှာလည်း အထိုက်အလျောက် နေရာရလာမို့ ကိုယ်ပိုင်ရပ်တည်နိုင်သူတွေဖြစ်ပါတယ်။

တားမြစ်ထားတဲ့အရာမှန်သမျှကို ချိုးဖောက်တာနဲ့ သူတို့က ပြတ်ပြတ်သားသားနဲ့ ကျောခိုင်းပြီးရင် ပြန်လှည့်ကြည့်တတ်ကြတာမဟုတ်ပါဘူး။

ကိုယ့်ထက်ကြီးသူကို ချစ်မိတဲ့အတွက် စိတ်ချမ်းသာရခြင်း

ကိုယ့်ထက်ကြီးသူကို ချစ်မိရင်တော့ စိတ်ချမ်းသာရမှာအမှန်ဖြစ်ပါတယ်။ ကိုယ့်ထက် ကိုယ့်အကြောင်းကို ကောင်းကောင်းသိနေခြင်း၊ နားလည်ပေးနိုင်ခြင်း အစရှိတဲ့ အခြေအနေပေါ်မူတည်၍ လိုက်လျောဖြည့်ဆည်း ပေးခြင်းဖြင့် စိတ်ချမ်းသာရမှာဖြစ်ပါတယ်။

ကိုယ်ချစ်ရတဲ့ ချစ်သူက ကိုယ့်ထက်ကြီးတဲ့အတွက် အမေတစ်ယောက်ရဲ့ မေတ္တာပေးစွမ်းမှုမျိုးကိုလည်း ပေးတတ်ကြပါတယ်။

ကိုယ့်ထက်ကြီးသူကို ချစ်မိတဲ့အတွက် အာရုံမနောက်ခြင်း

ကိုယ့်ထက်ကြီးတဲ့ချစ်သူကို ချစ်မိရင် အလုပ်များနေတယ်လို့ပဲဖြစ်ဖြစ်၊ အကြောင်းပြချက် ခိုင်ခိုင်မာမာ ပေးနိုင်မယ်ရင်ဖြစ်ပါတယ်။

ချစ်သူက စိတ်ကောက်မှာမဟုတ်ဘဲ သင့်ကို သတိရနေမယ့်သူမျိုးဖြစ်ပါတယ်။ ချစ်သူဖုန်းမကိုင်လို့ စိတ်မကောက်တတ်၊ လက်ဆောင်မဝယ်ပေးလို့ စိတ်ကောက်တတ်တာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။

ကိုယ့်ထက်ငယ်တဲ့သူကို ခွင့်လွှတ်တတ်ခြင်း

ကိုယ်ချစ်ရတဲ့ မမက ကိုယ့်ကို လူငယ်တွေရဲ့သဘောကိုလည်း နားလည်တာမို့ ဘော်ဒါတွေနဲ့ လျှောက်သွားတာကို အပြစ်မြင်ချင်မှ မြင်လိမ့်မယ် စိတ်သဘောထားအပြည့်ဖြင့် ခွင့်လွှတ်ပေးတတ်သူများဖြစ်ကြပါတယ်။

အိမ်မှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်မယ်ဆိုရင်တောင်မှ အပြင်မထွက်တဲ့အတွက် အမြည်းတောင်လုပ်ပေးချင် လုပ်ပေးဦးမှာဖြစ်ပါတယ်။ ကိုယ်ကအမှားလုပ်ထားရင်လည်း မညာဘဲ ဝန်ခံလိုက်ပါ၊ မကြောက်ပါနဲ့။

အသက်ကြီးတယ်ဆိုပြီး မညာပါနဲ့

ကိုယ်ချစ်ရတဲ့ မမကို လုံးဝလိမ်ညာစကားမဆိုသင့်ဘူး။ မောင်လေးထက်အရင် မမက လူ့လောကကို အရင်ရောက်လာပြီး ဖြစ်လို့ ကိုယ့်ထက်ငယ်သူကို ချစ်သူတော်ထားရတဲ့အတွက် အားလုံးစုံစမ်းထားပြီးသား ဆိုတာ သဘောပေါက်ထားသင့်ပါတယ်။

ကိုယ်က အသက်ငယ်ပေမယ့် ဘယ်လိုဆက်ဆံရေးမျိုးမဆို လိမ်ညာပေါင်းသင်းတာ မကောင်းပါဘူး။

 

ယောက်ျားလေးက အသက်ငယ်ပြီး ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းကလေးကို















