အလွပေရးရာ

သင်တုန်းဓားမသုံးပဲ ARMPIT HAIR တွေကို ဒီလိုဖြေရှင်းမယ်

ခန္ဓာကိုယ်က မလိုအပ်တဲ့အမွှေးမျှင်တွေကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ စိတ်ညစ်နေပြီလား။ သင်တုန်းဓားနဲ့ ရိတ်မိတဲ့အခါ အချိန်ခဏအတွင်းတော့ ဖြေရှင်းနိုင်ပေမယ့် ပြီးရင်ပြန်ယားပြီး အရေပြားတွေ နီမြန်းလာပါလိမ့်မယ်။

မိုးရာသီပြီးရင် ဆောင်းတွင်းပြန်လာတော့မယ်ဆိုပေမယ့် ရာသီရာတုအခြေအနေက သိတဲ့အတိုင်း ပူရင်ပူလာနိုင်တယ်ဆိုတော့ အကျီ ၤအပြတ်လေးတွေ ဘောင်းဘီတိုတွေ ဝတ်ကြတော့မှာကိုး။

ကြည်လင် ပြောင်ရှင်းနူးညံ့တဲ့ ချိုင်းသားဖွေးဖွေးလေးနဲ့ အမွှေးမျှင် ကင်းစင်တဲ့ခြေတံလေးတို့နဲ့ လန်းကြတော့မယ့် မမ နဲ့ ညီမလေးများအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

သကြား နဲ့ သံပုရာရည်

ဒီနှစ်ခုကိုရောလိုက်ရင် waxing လုပ်သလိုပါပဲ။ ချိုင်းကြားအသားရည်ပါ ချောမွေ့ပြီး အမွှေးပြန်ပေါက်ရင်လည်း မွှေးညှင်းနုလေးတွေသာ ထွက်လာပါတယ်။ ပျားရည်ထည့်ပြီးအသုံးပြုပေးမယ်ဆို ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ခံစားရမှာပါ။

ပါဝင်ပစ္စည်းအားလုံးကို ကိုယ်လိုအပ်သလောက် ရောစပ်ပြီး microwave နဲ့ အပူပေးလိုက်ပါ။ အရည်အဖြစ်ပြောင်းသွားပြီဆို အအေးခံပြီး ပေါင်းတင် အသုံးပြုနိုင်ပါပြီ။

ပြောင်းမှုန့်နဲ့ ကြက်ဥအကာ

ဒီနှစ်ခုက အမွှေးမျှင်တွေကို သန့်စင်ပေးရုံမက မည်းညစ်နေတဲ့ အရေပြားတွေကို ကြည်လင်သွာအောင် လုပ်ဆောင်းပေးနိုင်ပါတယ်။

ကြက်ဥ တစ်လုံး၊ ပြောင်းမှုန့် ၁ဇွန်း ၊ သကြား ၁ဇွန်းတို့ကိုရောပြီး အမွှေးရှိတဲ့နေရာပေါ်လိမ်းကျံပြီး ခြောက်တဲ့ထိစောင့်ပါ။ ကြက်ဥကို အကာပဲယူပေးဖို့လိုပါမယ်။ အနှစ်ထည့်စရာမလိုပါ။

နွားနို့နဲ့ နနွင်းမှုန့်

နွားနို့နဲ့ နနွင်းမှုန့်ကလည်း ချိုင်းမွှေးတွေ ထပ်မထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ နွားနို့ လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့ နနွင်းမှုန့် သုံးဇွန်းတို့ကို ရောပါ။

ထိုအရောကို မိနစ် ၂ဝမှ ၃ဝလောက်ထိထားပြီး ခြောက်တဲ့အခါ အဝတ်ခြောက်နဲ့ သုတ်လိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးလိုက်လို့ရပါပြီ။

ဒီနည်းလမ်းတွေကို ရင်းနှီးပြီးသားလူလည်း ရှိသလို မသိသေးတဲ့ သူတွေအနေနဲ့လည်း စမ်းသုံးရကျိုးနပ်စေမယ့် နည်းလမ်းတွေလို့ အကြံပြုချင်ပါတယ်။

ဘယ်မှာပဲ ရှာကြည့်ကြည့် အိမ်တွင်းမှုနည်းလမ်းတွေထဲမှာ ဒါတွေက အမြဲပါပြီးသားမို့ စိတ်ရှည်ရှည်နဲ့ အချိန်ပေးလိုက်ရင် စိတ်ကျေနပ်စရာ ရလဒ်ကို ရရှိမှာပါ။

Credit

Unicode

သင်တုန်းဓားမသုံးပဲ Armpit Hair တွေကို ဒီလိုဖြေရှင်းမယ်