၁၃၈၃ခုအတြင္း သတိထားစရာနာမည္အတြဲမ်ား
ျမန္မာႏွစ္ကူးကေနစလို႔ တစ္ႏွစ္အတြင္း အဘက္ဘက္က သတိထားသင့္တဲ့နာမည္အတြဲေတြရွိပါတယ္။ ဒီ နာမည္အတြဲေပးထားသူေတြအေနနဲ႔..စိတ္လိုက္မာန္ပါလုပ္တာေတြ၊ဆင္ျခင္တုံတရားနည္းပါးစြာနဲ႔ေဆာင္႐ြက္တာမ်ိဳးေတြ မလုပ္မိပါေစနဲ႔။
အရာရာသတိနဲ႔ယွဥ္ၿပီးေနထိုင္သင့္တဲ့ နာမည္ရွင္ေတြျဖစ္ပါတယ္။ တတ္ႏိုင္သမွ် အမွား နည္းေအာင္ေနႏိုင္မွ အဆင္ေျပပါလိမ့္မယ္။ ဒါအျပင္ ဒီနာမည္အတြဲေတြကို ဒီႏွစ္ေမြးတဲ့ ရင္ေသြးငယ္ေတြကိုမွည့္ ေခၚတာမ်ိဳးေရွာင္ေစခ်င္ပါတယ္။ပကၡတ္မိတဲ့နာမည္ေတြဟာ ေကာင္းအားထက္ ဆိုးအားကိုပိုမိုျဖစ္ေပၚေစႏိုင္ပါ တယ္။
ဖြားဇာတာေကာင္းေနတဲ့သူကို ပကၡတ္နာမည္ေတြေပးလိုက္ရင္ ကံေကာင္းမႈေတြမွာ အၿမဲတမ္း အဖ်က္ေလး ေတြ၊အဆင္မေျပမႈေလးေတြ ေရာပါသြားတတ္ပါတယ္။
ဒီႏွစ္၁၃၈၃ခုအတြင္းေအာက္ပါနာမည္အတြဲမ်ိဳး မွည့္ထားတဲ့ ႀကီး၊ငယ္၊လတ္ မည္သူမဆိုသတိေလးနဲ႔သာေနပါ။ ဒါဆို အဆိုးအားေလ်ာ့ၿပီး ေကာင္းအားပိုပါလိမ့္မယ္။
ဦးစားေပး..၁ အေနနဲ႔သတိထားရမည့္ နာမည္အတြဲမ်ား
စေနအစ….တနဂၤေႏြအဆုံးႏွင့္ တနဂၤေႏြအစ..စေနအဆုံးနာမည္အတြဲမ်ား
ဥပမာ….ေအာင္ထက္၊ ႏိုင္လင္းေအာင္၊ ေအာင္ျမင္ထြန္း၊ ေအးသီတာ၊ ထက္ရတီေအာင္၊ဓနဦး စတဲ့နာမည္တြဲမ်ား
ဦးစားေပး….၂ အေနနဲ႔သတိထားရမည့္ နာမည္အတြဲမ်ား
ဗုဒၶဟူးအစ ဗုဒၶဟူးအဆုံးနာမည္မ်ား
ဥပမာ….လြန္းျမတ္ေဝ၊ ရတီဝင္း၊ ရွင္းသန႔္ဝိုင္း၊ လင္းလင္း၊ေဝယံဝင္း၊ ရဲရင့္ေဝ၊ ႐ႊန္းလဲ့ စတဲ့နာမည္အတြဲမ်ား
ဦးစားေပး…၃ အေနနဲ႔သတိထားရမည့္ နာမည္အတြဲမ်ား
အဂၤါအစ..ၾကာသပေတးအဆုံး၊ ၾကာသပေတးအစ…အဂၤါအဆုံးနာမည္အတြဲမ်ား
ဥပမာ…စိုးျမတ္မင္း၊ ဇင္ႏြယ္ဖူး၊ျမတ္သီဟေဇာ္၊ပါရမီညိမ္း၊ဆုျမတ္၊ဘုန္းေတဇ စတဲ့နာမည္အတြဲမ်ား
ဦးစားေပး…၄ အေနနဲ႔သတိထားရမည့္ နာမည္အတြဲမ်ား
တနလၤာအစ..ေသာၾကာအဆုံး၊ေသာၾကာအစ…တနလၤာအဆုံးနာမည္အတြဲမ်ား
ခိုင္ရည္သြန္း၊သီဟေကာင္း၊ ဟိန္းထက္ကို၊သြန္းရတီခင္၊ သုတကို၊ၿငိမ္းယေသာ္ စတဲ့နာမည္အတြဲမ်ား
ဒီနာမည္တြဲေတြ အေနနဲ႔က ဒီတစ္ႏွစ္ အျခားနာမည္ရွင္ ေတြထက္စာရင္ ပိုမို ကံအားနည္းမႈေတြကိုျဖစ္ေစပါတယ္။
စိုးရိမ္ဖို႔မလိုေပမဲ့ သတိေလးကပ္ထား ၿပီး လက္လြတ္စပယ္မေနဖို႔ တိုက္တြန္းလိုက္ရပါတယ္။
ထပ္သတိေပးပါ့မယ္။ ဒီႏွစ္ေမြးရင္ေသြးငယ္ေတြကိုလဲ ဘယ္ေန႔သားသမီးျဖစ္ပါေစ ဒီလိုနာမည္တြဲမ်ိဳး မေပးဖို႔ ထပ္ဆင့္တိုက္တြန္းလိုက္ရပါတယ္။
ၿငိမ္းေအးလူ / 09775555695 / 09445555695
Unicode
၁၃၈၃ခုအတွင်း သတိထားစရာနာမည်အတွဲများ
မြန်မာနှစ်ကူးကနေစလို့ တစ်နှစ်အတွင်း အဘက်ဘက်က သတိထားသင့်တဲ့နာမည်အတွဲတွေရှိပါတယ်။ ဒီ နာမည်အတွဲပေးထားသူတွေအနေနဲ့..စိတ်လိုက်မာန်ပါလုပ်တာတွေ၊ဆင်ခြင်တုံတရားနည်းပါးစွာနဲ့ဆောင်ရွက်တာမျိုးတွေ မလုပ်မိပါစေနဲ့။
အရာရာသတိနဲ့ယှဉ်ပြီးနေထိုင်သင့်တဲ့ နာမည်ရှင်တွေဖြစ်ပါတယ်။ တတ်နိုင်သမျှ အမှား နည်းအောင်နေနိုင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါအပြင် ဒီနာမည်အတွဲတွေကို ဒီနှစ်မွေးတဲ့ ရင်သွေးငယ်တွေကိုမှည့် ခေါ်တာမျိုးရှောင်စေချင်ပါတယ်။
ပက္ခတ်မိတဲ့နာမည်တွေဟာ ကောင်းအားထက် ဆိုးအားကိုပိုမိုဖြစ်ပေါ်စေနိုင်ပါ တယ်။ ဖွားဇာတာကောင်းနေတဲ့သူကို ပက္ခတ်နာမည်တွေပေးလိုက်ရင် ကံကောင်းမှုတွေမှာ အမြဲတမ်း အဖျက်လေး တွေ၊အဆင်မပြေမှုလေးတွေ ရောပါသွားတတ်ပါတယ်။
ဒီနှစ်၁၃၈၃ခုအတွင်းအောက်ပါနာမည်အတွဲမျိုး မှည့်ထားတဲ့ ကြီး၊ငယ်၊လတ် မည်သူမဆိုသတိလေးနဲ့သာနေပါ။ ဒါဆို အဆိုးအားလျော့ပြီး ကောင်းအားပိုပါလိမ့်မယ်။
ဦးစားပေး..၁ အနေနဲ့သတိထားရမည့် နာမည်အတွဲများ
စနေအစ….တနင်္ဂနွေအဆုံးနှင့် တနင်္ဂနွေအစ..စနေအဆုံးနာမည်အတွဲများ
ဥပမာ….အောင်ထက်၊ နိုင်လင်းအောင်၊ အောင်မြင်ထွန်း၊ အေးသီတာ၊ ထက်ရတီအောင်၊ဓနဦး စတဲ့နာမည်တွဲများ
ဦးစားပေး….၂ အနေနဲ့သတိထားရမည့် နာမည်အတွဲများ
ဗုဒ္ဓဟူးအစ ဗုဒ္ဓဟူးအဆုံးနာမည်များ
ဥပမာ….လွန်းမြတ်ဝေ၊ ရတီဝင်း၊ ရှင်းသန့်ဝိုင်း၊ လင်းလင်း၊ဝေယံဝင်း၊ ရဲရင့်ဝေ၊ ရွှန်းလဲ့ စတဲ့နာမည်အတွဲများ
ဦးစားပေး…၃ အနေနဲ့သတိထားရမည့် နာမည်အတွဲများ
အင်္ဂါအစ..ကြာသပတေးအဆုံး၊ ကြာသပတေးအစ…အင်္ဂါအဆုံးနာမည်အတွဲများ
ဥပမာ…စိုးမြတ်မင်း၊ ဇင်နွယ်ဖူး၊မြတ်သီဟဇော်၊ပါရမီညိမ်း၊ဆုမြတ်၊ဘုန်းတေဇ စတဲ့နာမည်အတွဲများ
ဦးစားပေး…၄ အနေနဲ့သတိထားရမည့် နာမည်အတွဲများ
တနင်္လာအစ..သောကြာအဆုံး၊သောကြာအစ…တနင်္လာအဆုံးနာမည်အတွဲများ
ခိုင်ရည်သွန်း၊သီဟကောင်း၊ ဟိန်းထက်ကို၊သွန်းရတီခင်၊ သုတကို၊ငြိမ်းယသော် စတဲ့နာမည်အတွဲများ
ဒီနာမည်တွဲတွေ အနေနဲ့က ဒီတစ်နှစ် အခြားနာမည်ရှင် တွေထက်စာရင် ပိုမို ကံအားနည်းမှုတွေကိုဖြစ်စေပါတယ်။
စိုးရိမ်ဖို့မလိုပေမဲ့ သတိလေးကပ်ထား ပြီး လက်လွတ်စပယ်မနေဖို့ တိုက်တွန်းလိုက်ရပါတယ်။
ထပ်သတိပေးပါ့မယ်။ ဒီနှစ်မွေးရင်သွေးငယ်တွေကိုလဲ ဘယ်နေ့သားသမီးဖြစ်ပါစေ ဒီလိုနာမည်တွဲမျိုး မပေးဖို့ ထပ်ဆင့်တိုက်တွန်းလိုက်ရပါတယ်။
ငြိမ်းအေးလူ 09775555695 / 09445555695