အခ်စ္ေရး

တစ်ချိန်ကအရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့်နည်းလမ်းများ…

အချစ်ဆိုတာ နက်နဲတယ်၊ သိမ်မွေ့ပါတယ်။ ၀င်မလာနဲ့လို့ ပြောလို့မရသလို ၀င်လာခဲ့ပါလို့လည်း လက်ယပ်ခေါ်လို့ရတာ မဟုတ်ပါဘူး။ ဒီလိုပဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုမှပေါင်းစပ်ဖို့ မဖြစ်နိုင်မှန်း သိတဲ့အခါ သိစိတ်က မေ့ဖို့ကြိုးစားလေ … မသိစိတ်က သူ့ကို အမှတ်ရ ရှိနေလေပါပဲ။ ဒါကြောင့် အတိတ်မှာ အရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) အခြေအနေကို လက်ခံခြင်း”

ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်ကိုယ်တိုင် သဘောပေါက် လက်ခံဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ သူ့ကို ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် လက်လွှတ်ရတော့မယ်ဆိုတာ ကိုယ့်ဘက်က သေသေချာချာ စဉ်းစားမိပါစေ။ မပိုင်ဆိုင်ရမှန်းသိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ဖို့ မကြိုးစားရေးအတွက် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် အရင်ကြိုးစားကြည့်ပါ …။

(၂) သီချင်းနားထောင်ခြင်း/ရယ်စရာ ဇာတ်ကားကြည့်ခြင်း”

သီချင်းနားထောင်ခြင်း၊ ရယ်စရာဇာတ်ကား ကြည့်ခြင်းတွေဟာ အတိတ်က သူ့ကို မေ့ဖို့နည်းလမ်းတွေပါ။ ဒါပေမယ့် သီချင်းနားထောင်လေ ပိုလို့သတိရလေဆိုတာမျိုး ဖြစ်နေရင်တော့ သီချင်းနားမထောင်ပါနဲ့။ တစ်ခြား စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ရယ်စရာဇာတ်ကားတွေ၊ စာအုပ်ဖတ်တာမျိုးတွေ ပြုလုပ်ပါ …။

(၃) ခရီးထွက်ခြင်း/လမ်းလျှောက်ထွက်ခြင်း”

စိတ်ကို အတည်ငြိမ်ဆုံး ကုစားပေးတာကတော့ ခရီးထွက်ခြင်းလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အတွဲလုံး၀မပါတဲ့ သူငယ်ချင်းတွေ သီးသန့်ခရီးစုထွက်တာမျိုးက ပိုအဆင်ပြေပါတယ်။ ခရီးထွက်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာ ကိုယ်လက်လှုပ်ရှား သဘောပဲဖြစ်ဖြစ်၊ လမ်းလျှောက်ခြင်း သက်သက်ပဲ ဖြစ်ဖြစ် စမ်းလုပ်ကြည့်လိုက်ပါ …။

(၄) အတိတ်ကို မတူးဖော်ပါနဲ့”

ကိုယ့်ကို နာကျင်မှုတွေပေးတဲ့ အတိတ်ကို ပြန်ပြန်ပြီး သတိတရရှိနေမိခြင်းကနေ ရုန်းထွက်ဖို့လိုပါတယ်။ အတိတ်တွေထဲမှာ မကျရှုံးပါနဲ့။ အတိတ်က သတ်လို့ သေတဲ့လူလောက် လက်တွေ့မကျတဲ့သူ ကမ္ဘာလောကကြီးမှာ မရှိပါဘူး။ အတိတ်ကို ရအောင်မေ့ပါ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပါ။ နာစရာနဲ့ မဖြေတတ်ရင် အတိတ်ကို လုံး၀ သတိမရဖို့ ကြိုးစားကြည့်ပါ …။

(၅) သတိရစေမယ့် အရာတွေကိုရှောင်ပါ”

သတိရစေမယ့် နေရာတွေ မသွားပါနဲ့။ သတိရစေမယ့် အစားအစာတွေ မစားပါနဲ့။ သတိရစေမယ့် ရုပ်ရှင်တွေ မကြည့်ပါနဲ့။ သူပေးခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးမထားဘဲ ချက်ချင်း ဖျက်ဆီးပစ်တဲ့ အလုပ်မျိုးကို ရဲရဲဝံ့ဝံ့လုပ်နိုင်လေ၊ မေ့တဲ့နေရာမှာ ထိရောက်လေပါပဲ …။

စိတ်သစ်လူသစ်ဖြစ်ဖို့ လူနေမှုဘ၀ပုံစံကို ပြောင်းဖို့ လိုပါတယ်။ လူဆိုတာ ကိုယ်ရောက်ရာ အာရုံမှာ သဘာ၀အလျှောက် ပျော်ပျော်နေတတ်အောင် ဖန်တီးယူတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အရင်က စကပ်မ၀တ်ဘူးရင် စကပ်စမ်း၀တ်ကာ လူနေ့မှုပုံစံကို စတင်ပါ၊ အရင်က ပုဆိုးမ၀တ်ဖူးရင် ပုဆိုး၀တ်ပြီး ပတ်၀န်းကျင်အသစ်မှာ ကြင်လည်ကြည့်ပါ …။

(၇) သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ”

နေရာအသစ်၊ အတွေ့အကြုံအသစ်တွေ၊ သူငယ်ချင်းအသစ်တွေဟာ အဟောင်းတွေထဲက ကိုယ့်ကို ဒုက္ခပေးနေတဲ့ အဟောင်းတွေကို မေ့ပစ်ဖို့ အကောင်းဆုံးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ အဆင်ပြေမယ့် ပတ်၀န်းကျင်အသစ်ကို ကိုယ်တိုင် စိတ်ပါလက်ပါနဲ့ ဖန်တီးကြည့်ပါနော် …။ ။

Si Si (Aunty May)

Unicode

တစ်ချိန်ကအရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့်နည်းလမ်းများ…

အချစ်ဆိုတာ နက်နဲတယ်၊ သိမ်မွေ့ပါတယ်။ ဝင်မလာနဲ့လို့ ပြောလို့မရသလို ဝင်လာခဲ့ပါလို့လည်း လက်ယပ်ခေါ်လို့ရတာ မဟုတ်ပါဘူး။ ဒီလိုပဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုမှပေါင်းစပ်ဖို့ မဖြစ်နိုင်မှန်း သိတဲ့အခါ သိစိတ်က မေ့ဖို့ကြိုးစားလေ … မသိစိတ်က သူ့ကို အမှတ်ရ ရှိနေလေပါပဲ။ ဒါကြောင့် အတိတ်မှာ အရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) အခြေအနေကို လက်ခံခြင်း”

ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်ကိုယ်တိုင် သဘောပေါက် လက်ခံဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ သူ့ကို ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် လက်လွှတ်ရတော့မယ်ဆိုတာ ကိုယ့်ဘက်က သေသေချာချာ စဉ်းစားမိပါစေ။ မပိုင်ဆိုင်ရမှန်းသိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ဖို့ မကြိုးစားရေးအတွက် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် အရင်ကြိုးစားကြည့်ပါ …။

(၂) သီချင်းနားထောင်ခြင်း/ရယ်စရာ ဇာတ်ကားကြည့်ခြင်း”

သီချင်းနားထောင်ခြင်း၊ ရယ်စရာဇာတ်ကား ကြည့်ခြင်းတွေဟာ အတိတ်က သူ့ကို မေ့ဖို့နည်းလမ်းတွေပါ။ ဒါပေမယ့် သီချင်းနားထောင်လေ ပိုလို့သတိရလေဆိုတာမျိုး ဖြစ်နေရင်တော့ သီချင်းနားမထောင်ပါနဲ့။ တစ်ခြား စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ရယ်စရာဇာတ်ကားတွေ၊ စာအုပ်ဖတ်တာမျိုးတွေ ပြုလုပ်ပါ …။

(၃) ခရီးထွက်ခြင်း/လမ်းလျှောက်ထွက်ခြင်း”


(၄) အတိတ်ကို မတူးဖော်ပါနဲ့”


(၅) သတိရစေမယ့် အရာတွေကိုရှောင်ပါ”

သတိရစေမယ့် နေရာတွေ မသွားပါနဲ့။ သတိရစေမယ့် အစားအစာတွေ မစားပါနဲ့။ သတိရစေမယ့် ရုပ်ရှင်တွေ မကြည့်ပါနဲ့။ သူပေးခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးမထားဘဲ ချက်ချင်း ဖျက်ဆီးပစ်တဲ့ အလုပ်မျိုးကို ရဲရဲဝံ့ဝံ့လုပ်နိုင်လေ၊ မေ့တဲ့နေရာမှာ ထိရောက်လေပါပဲ …။

(၆) အဝတ်အစား/အနေအထိုင် ပုံစံအသစ်နဲ့စတင်ပါ”

စိတ်သစ်လူသစ်ဖြစ်ဖို့ လူနေမှုဘဝပုံစံကို ပြောင်းဖို့ လိုပါတယ်။ လူဆိုတာ ကိုယ်ရောက်ရာ အာရုံမှာ သဘာဝအလျှောက် ပျော်ပျော်နေတတ်အောင် ဖန်တီးယူတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အရင်က စကပ်မဝတ်ဘူးရင် စကပ်စမ်းဝတ်ကာ လူနေ့မှုပုံစံကို စတင်ပါ၊ အရင်က ပုဆိုးမဝတ်ဖူးရင် ပုဆိုးဝတ်ပြီး ပတ်ဝန်းကျင်အသစ်မှာ ကြင်လည်ကြည့်ပါ …။

(၇) သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ”

နေရာအသစ်၊ အတွေ့အကြုံအသစ်တွေ၊ သူငယ်ချင်းအသစ်တွေဟာ အဟောင်းတွေထဲက ကိုယ့်ကို ဒုက္ခပေးနေတဲ့ အဟောင်းတွေကို မေ့ပစ်ဖို့ အကောင်းဆုံးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ အဆင်ပြေမယ့် ပတ်ဝန်းကျင်အသစ်ကို ကိုယ်တိုင် စိတ်ပါလက်ပါနဲ့ ဖန်တီးကြည့်ပါနော် …။ ။

Si Si (Aunty May)