၁။ ရည်ရွယ်ချက်ရှိပါ
လောက၌ ရည်ရွယ်ချက်မရှိသော သူသည် တက်မပါတဲ့ လှေလို ရေစီးအတိုင်း မျောချင်ရာ မျောနေတတ်သည်။ ကြီးပွားလိုသော သူတိုင်းသည် ရည်ရွယ်ချက် ရှိရမည်။ သုံးလောကထွက်ထား မြတ်စွာဘုရားရှင်တောင် ငါသည် ဘုရားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်သာ ကျွန်တော်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓမြတ်စွာ အဖြစ်ရောက်ရှိတော်မူခဲ့သည်။ မည်သူမဆို ငယ်စဥ်ကတည်းက မှန်းခြေရှိရမည်။ မှန်းခြေရှိသော သူသည် မိမိလုပ်ငန်းတွင် လွယ်ကူရုံသာမက မှန်းခြေမရှိသူထက် နှိုင်းယှဥ်မရအောင် သာလွန်၍ ကြီးပွားကြလေသည်။
၂။ သူများနဲ့မတူအောင် လုပ်ပါ
ဒီလို ပြောလိုက်ရင်ပဲ အဆန်းကြီး ဖြစ်နေလိမ့်မည်။သို့ရာတွင် စေ့စေ့တွေးကြည့်သော် ကြီးပွားသောသူတို့ရဲ့ လက်စွဲအချက် ဖြစ်နေပေသည်။သူများကဲ့သို့ လုပ်လျှင် သူများလိုပဲ ဖြစ်လိမ့်မည်။ သူများထက် ပိုကြီးပွား အောင်မြင်ချင်ရင် သူများမလုပ်နိုင်သေးသော ဆန်းသစ်သော အရာတွေကို ကိုယ်လုပ်ရမည်။ မြတ်စွာဘုရားသည် သူတစ်ပါးနဲ့ မတူသော အကျင့်ကို ကျင့်ကြံခဲ့သောကြောင့် ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။
၃။ အများသဘော မလိုက်ပါနဲ့
အများသဘောသည် အမှားပေါ၏။ လက်တွေ့ဘဝမှာ ပညာရှိသူနဲ့ မရှိသူကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ပညာရှိတွေဟာ အလွန်နည်းတဲ့ပမာဏလောက်သာ ရှိတာဖြစ်ပါတယ်။ အများသဘော မလိုက်ပါနဲ့ဟုဆိုရာတွင် အများရဲ့မှန်ကန်မှုကို ဆန့်ကျင့်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ မည်သည့် ကိစ္စမဆို အများသဘောဟု ဆိုသောသူတွေကို အသုံးမချသူဟု မှတ်အပ်၏။ အများ သဘောသည် မှားလျှင် မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်နိုင်ရမည်။ ရေလိုက်ငါးလိုက်နေသော သူသည် မကြီးပွားနိုင်ချေ။
၄။ ပြုပြင်ရမှာ မကြောက်ပါနဲ့
လောက၌ ဘာသာရေး ကိစ္စကလွဲ၍ အရာအားလုံးသည် ပြုပြင်ပြောင်းလဲလျှက် ရှိနေသည်။ အဝတ်အစား အပြောအဆို အနေအထိုင် အယူအဆများ အားလုံးသည် အမြဲပြောင်းလဲလျှက် ရှိနေသည်။ ယခုခေတ်သည် ကိုယ်က အလွန်မြန်နိုင်မှ တော်ရုံလောက်သာ ရောက်နိုင်သည်။အပြေးသွား အပြေးလာသော ခေတ်ဖြစ်၏။ ကြီးပွားအောင်မြင်ဖို့ ကိုယ့်ရဲ့ မကောင်းသောအချက် အားနည်းချက်တွေကို ပြုပြင်ရမှာ လုံးဝမကြောက်ပါနဲ့။အချိန်မဆွဲပါနဲ့။ ချက်ချင်းပြောင်းလဲယူပါ။
၅။ အယုံမလွယ်ပါနဲ့
မစဥ်းစားဘဲ အယုံလွယ်သူတွေ ပေါသောတိုင်းပြည်သည် အောက်တန်းစားတိုင်းပြည် ဖြစ်၏။ ၄င်းတိုင်းပြည်ရဲ့ အသိဥာဏ်ကို ချင့်ချိန်နိုင်ရန် ၄င်းတိုင်းပြည်ရဲ့ သတင်းစာကို ဖတ်၍ သိနိုင်သည်။
သတင်းစာများတွင် ဘုရားဆင်းတုမှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စတဲ့ ခေါင်းစဉ် တပ်ထားတဲ့ ဆောင်းပါးများကို အလုအယက် ဖတ်နေတဲ့ ကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ အဆင့်အတန်းသည် တိုးတက်ရန် များစွာလိုသေးသည်ဟု ဆိုရပေမည်။ပြောတိုင်းလည်း မယုံပါနဲ့၊ ယုံတိုင်းလည်းမပြောပါနဲ့၊ ချင့်ချိန်ပြီးမှ ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကားတစ်ထစ်ပေတည်း။
Credit: Original Writer
Sharing By: #One Daily Media