အမေရိကန်နိုင်ငံ ၊ Michigan ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေလျက်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားတစ်ယောက်ကို ပြည်သူတွေက ကယ်တင်ရှင်ကြီးဆိုပြီး ချီးကျူ းနေလျက်ရှိပါတယ် ။ အကြောင်းကတော့ Cameron Maciejewski အမည်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားက 3ပတ်သားအရွယ်သာရှိသေးတဲ့ သမီးငယ်လေးကို သတ္တိရှိရှိနဲ့ကယ်တင်ပေးလိုက်တဲ့video ဟာ social media ပေါ်မှာ ရေပန်းစားနေလို့ပါပဲ ။ မိသားစုတစ်စုစီက တိုင်ကြားချက်လက်ခံရရှိခဲ့လို့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ချိန်မှာတော့ အသက်မရှုနိုင်တော့တဲ့ကလေးငယ်ကိုပွေ့ထားတဲ့မိခင်တစ်ယောက်ဟာ ရဲကားဆီသို့အော်ဟစ်ငိုကြွေးကာ အပြေးအလွှားရောက်ရှိလာခဲ့ပါတယ် ။
ထိုအချိန်မှာတော့ ရဲအရာရှိက တည်ငြိမ်စွာဖြင့် နို့စို့အရွယ်ကလေးငယ်ရဲ့အခြေအနေကိုစစ်ဆေးပြီး ရှေ့ဦးသူနာပြုနည်းလမ်းနဲ့ ကလေးငယ်အသက်ပြန်ရှုနိုင်အောင် ကလေးငယ်ရဲ့ကျောဖက်ကို ရိုက်ပုတ်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ကလေးငယ်ရဲ့အသက်ရှုလမ်းကြောင်းဟာ ပြန်ပွင့်သွားပြီး ၊ ကလေးငယ်မှာ အော်ဟစ်ငိုကြွေးခဲ့ပါတော့တယ် ။ ပြီးနောက် ကလေးငယ်ကိုအနီးဝန်းကျင်ရှိ ဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတော့တယ် ။
Video ထဲမှာမြင်တွေ့ရတဲ့အတိုင်း ရဲအရာရှိ Maciejewski ဟာ ငိုကြွေးနေတဲ့ကလေးမိခင်ကို စိတ်ကိုတည်ငြိမ်အောင်ထားဖို့ နှစ်သိမ့်နေခဲ့ပြီး ၊ တစ်ပြိုင်နက်တည်းမှာပဲ ကလေးငယ်အသက်ပြန်ရှုနိုင်အောင် ကူညီပေးခဲ့တာပါ ။ Maciejewski ကလည်း ကိုယ့်ကိုစိတ်တည်ငြိမ်ပြီးမတုန်လှုပ်အောင် အရင်ထိန်းချုပ်ပြီးမှ သင်တန်းကာလတုန်းက လေ့ကျင့်သင်ယူထားတဲ့အတိုင်း ကြိုးစားကူညီပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
&;
Jasmine (Mckzone Daily)
Source: elitereaders
Unicode