ၾကားသိရသမွ်

ရထားလမ္းေဘးမွာ ခိုစာနဲ႔ ကုန္စိမ္းေလးေတြ ေရာင္းေနရရွာတဲ့ အဂၤလိပ္စာ ဆရာႀကီး

အရင္လို တပည့္ေတြနဲ႔ English စာျပန္သင္ခ်င္တာေပါ့ သားရယ္ အဖိုး…ခိုစာေလး တပြဲ ဘယ္ေလာက္လဲ။ တပြဲ – ၁၀၀ ပါ သားရယ္၊ ဟုတ္ အဖိုး၊ သား ခိုစာေ

ကြၽးမယ္ေနာ္။ ေအး သား ေကြၽးေလ…အဖိုး ထည့္ေပးမယ္။

အဖိုးေရ သံပုရာသီးေလးေတြေကာ ဘယ္ေလာက္လဲ (၃)လုံး – ၁၀၀ ပါ သားရယ္၊ ဟုတ္ အဖိုး။ အကုန္ ယူမယ္ေနာ္။ ေက်းဇူးပါ သားရယ္…မနက္အေစာႀကီး

အမ်ားႀကီးေရာင္းရတာ ဝမ္းသာစရာပဲ။ ဟုတ္ အဖိုး…ေရာင္းတာ ၾကာၿပီလား?? မၾကာေသးပါဘူး သားရယ္…အဖိုး အရင္တုန္းက စာသင္တာ သားရဲ႕…

ကိုဗစ္ စျဖစ္တည္းက စာမသင္ရေတာ့တာ ေအာ…အဖိုးက ဘယ္ဘာသာ သင္တာတုန္း။ English ပါ သားရယ္။ သေဘၤာသားေတြ တျခား အိမ္ေခၚသင္တာေတြရွိတယ္။


တေယာက္ဘယ္ေလာက္ယူလဲ အဖိုး တေယာက္ကို တလ (၅)ေသာင္းပါ သားရယ္ ဟုတ္ အဖိုး…ဒါနဲ႔ သား ခိုစာေကြၽးတာနဲ႔ သံပုရားသီးဖိုး ဘယ္ေလာက္က်လဲ အဖိုး၊ (၂၀၀၀)ပဲ ေပးပါ သားရယ္။ ဟုတ္ အဖိုး ေရာ့ ၅၀၀၀၀ က်ပ္ သားအတြက္ ဒီတလစာ English စာဖိုးပါ အဖိုး

သားရယ္…အဖိုး ဝမ္းသာလိုက္တာ…အရင္လို တပည့္ေတြနဲ႔ပဲ English ျပန္သင္ခ်င္တာ ဟုတ္ အဖိုး…သားလဲ ေဆးခန္းက ကေလးေတြကို English စာ သင္ေပးဖို႔ရွိတယ္…မၾကာခင္ အဖိုး စာျပန္သင္ရမွာပါ ေက်းဇူးတင္ပါတယ္ သားရယ္…စာပဲ ျပန္သင္ခ်င္တာ

ဪ အဖိုးအဖြားေတြ အရမ္းသနားဖို႔ေကာင္းတာပဲ…ဝါသနာက စာသင္ခ်င္ေပမဲ့…ဘဝက ေစ်းေရာင္းေနရတယ္ ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက ကိုပူတူးႏွင့္ေဘာ္ဒါမ်ား

Unicode

အရင်လို တပည့်တွေနဲ့ English စာပြန်သင်ချင်တာပေါ့ သားရယ် အဖိုး…ခိုစာလေး တပွဲ ဘယ်လောက်လဲ။ တပွဲ – ၁၀၀ ပါ သားရယ်၊ ဟုတ် အဖိုး၊ သား ခိုစာကျွေးမယ်နော်။ အေး သား ကျွေးလေ…အဖိုး ထည့်ပေးမယ်။

အဖိုးရေ သံပုရာသီးလေးတွေကော ဘယ်လောက်လဲ (၃)လုံး – ၁၀၀ ပါ သားရယ်၊ ဟုတ် အဖိုး။ အကုန် ယူမယ်နော်။ ကျေးဇူးပါ သားရယ်…မနက်အစောကြီး အများကြီးရောင်းရတာ ဝမ်းသာစရာပဲ။ ဟုတ် အဖိုး…ရောင်းတာ ကြာပြီလား?? မကြာသေးပါဘူး သားရယ်…အဖိုး အရင်တုန်းက စာသင်တာ သားရဲ့… ကိုဗစ် စဖြစ်တည်းက စာမသင်ရတော့တာ အော…အဖိုးက ဘယ်ဘာသာ သင်တာတုန်း။ English ပါ သားရယ်။ သင်္ဘောသားတွေ တခြား အိမ်ခေါ်သင်တာတွေရှိတယ်။

တယောက်ဘယ်လောက်ယူလဲ အဖိုး တယောက်ကို တလ (၅)သောင်းပါ သားရယ် ဟုတ် အဖိုး…ဒါနဲ့ သား ခိုစာကျွေးတာနဲ့ သံပုရားသီးဖိုး ဘယ်လောက်ကျလဲ အဖိုး၊ (၂၀၀၀)ပဲ ပေးပါ သားရယ်။ ဟုတ် အဖိုး ရော့ ၅၀၀၀၀ ကျပ် သားအတွက် ဒီတလစာ English စာဖိုးပါ အဖိုး

သားရယ်…အဖိုး ဝမ်းသာလိုက်တာ…အရင်လို တပည့်တွေနဲ့ပဲ English ပြန်သင်ချင်တာ ဟုတ် အဖိုး…သားလဲ ဆေးခန်းက ကလေးတွေကို English စာ သင်ပေးဖို့ရှိတယ်…မကြာခင် အဖိုး စာပြန်သင်ရမှာပါ ကျေးဇူးတင်ပါတယ် သားရယ်…စာပဲ ပြန်သင်ချင်တာ

ဪ အဖိုးအဖွားတွေ အရမ်းသနားဖို့ကောင်းတာပဲ…ဝါသနာက စာသင်ချင်ပေမဲ့…ဘဝက စျေးရောင်းနေရတယ် ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ