ၾကားသိရသမွ်

ေက်ာင္းဆရာမကို ရည္းစားစကားလိုက္ေျပာရာမွ ေက်ာင္းေရွ႕ေတာင္ ျဖတ္မေလွ်ာက္ရဲေတာ့တဲ့ အျဖစ္…

ေက်ာင္းဆရာမကို ရည္းစားစကားလိုက္ေျပာရာမွ ေက်ာင္းေရွ႕ေတာင္ ျဖတ္မေလွ်ာက္ရဲေတာ့တဲ့ အျဖစ္…

ေက်ာင္းဆရာမကို ရည္းစားစကားလိုက္ေျပာရာမွ ေက်ာင္းေရွ႕ေတာင္ ျဖတ္မေလွ်ာက္ရဲေတာ့တဲ့ အျဖစ္…

ဒီမွာ ရွင္.. မေယာင္မလည္နဲ႔ ဒီေက်ာင္းနားမွာေဝ့လည္ ေဝ့လည္လုပ္ေနတာၾကာၿပီ။ ေက်ာင္းထဲကပစၥည္း ဘာအလစ္သုတ္မလို႔လဲ။ “ဟာ မ …မဟုတ္ပါဘူး ဆရာမ ” “ေက်ာ္က ေက်ာင္းထဲကပစၥည္းစိတ္မဝင္စားဘူး။” “ရွင္” “အာ့ဆို ရွင္က ဘာကိုစိတ္ဝင္စားတာလဲ”

“ဆရာမကို” “ဘာ” က်မကို ဟုတ္လား” “ဟာ ဆရာမ စိတ္မဆိုးနဲ႔ေနာ္.. ေက်ာ္ေတာင္းပန္ပါတယ္” “ရွင္က လက္ထပ္ဖို႔ ရည္ရြယ္ထားသလား” “ခင္ဗ်ာ ဟို … ဟို အဲ ေလာက္ေတာ့ ေက်ာ္မစဥ္းစားရေသးဘူး”

“ဒီမွာ က်မတို႔ စကစ ပညာေရးဌာနမွာ အစမ္းခန္႔ဆိုတာမရွိဘူး၊ ခန္႔မယ္ဆို တခါထဲခန္႔တယ္။ အဲဒီေတာ့ ဆရာမကို ရည္းစားထားခ်င္ရင္ စမ္းသပ္ကာလဆိုတာမရွိဘူး။ လက္ထပ္ဖို႔ ေသခ်ာမွရည္းစားစကားေျပာ ဟုတ္ၿပီလား”

“ဟုတ္ကဲ့ ဒါဆို ” “ေနပါအုန္း စကားေျပာလို႔မၿပီးေသးဘူး ရွင့္။ စကစ လက္ေအာက္က ဆရာမကို လက္ထပ္မယ္ဆိုရင္ ဒါေတြပါစဥ္းစား။ “ဟုတ္ကဲ့ ေျပာပါခင္ဗ်ာ”

“က်မတို႔က မဲ႐ုံမႈးလုပ္ရတယ္။ “ျပည္ေထာင္စုေန႔” “လြတ္လပ္ေရးေန႔” “အာဇာနည္ေန႔” “ဒီဇင္ဘာအားကစားလ လမ္းေလၽွာက္ပြဲ မနက္ ၄ နာရီထၿပီးလိုက္ပို႔ရမယ္။ မဲ႐ုံမွာ ညဥ့္နက္ေနရင္ ညအိပ္ေစာင့္ေပးရမယ္။ စေန / တနဂၤေႏြ ပိတ္ရက္ဆိုတာရွိေတာ့ရွိတယ္။

လိုအပ္ရင္ စေနျဖစ္ျဖစ္ တနဂၤေႏြ ျဖစ္ျဖစ္ေက်ာင္းတက္ရတယ္။ စေန/ တနဂၤေႏြရယ္လို႔ အတူေနရမယ္မထင္နဲ႔။ ေက်ာင္းျပင္ပ ပညာေရးအတြက္ရပ္ကြက္ထဲမွာ တစ္အိမ္တက္ဆင္း ေက်ာင္းသားစာရင္းလိုက္ေကာက္တဲ့အခါ လိုအပ္တဲ့အခါ ရွင္လိုက္သင့္ရင္လိုက္ရမယ္။ အမူးသမားေတြ အိမ္မွာ စာရင္းေကာက္တဲ့အခါအရစ္ခံရတာမ်ားတယ္”

“ရွင္ ကြန္ပ်ဴတာ စာစီစာရိုက္ေကာ ရလား၊ ေမးခြန္းနဲ႔အမွတ္ေပးစည္းမ်ဥ္းက အလွည့္က်ေရးရတာ အျပင္မွာမေပါက္ၾကားေအာင္ အိမ္မွာပဲ စာစီရတာ၊ ကြန္ပ်ဴတာ ကၽြမ္းေအာင္လုပ္ထားပါ” “ေနာက္ၿပီး လစဥ္ေျဖတဲ့ရမွတ္ေတြ ခုႏွစ္ႀကိမ္ေပါင္း ခုႏွစ္နဲ႔စား ပ်မ္းမၽွရွာ၊ အေပါင္းအႏႈတ္ အေျမႇာက္အစား ရွင္ကၽြမ္းက်င္ရဲ့လား၊ လိုအပ္ရင္ ရွင္ ကူလုပ္ရမယ္”

“အဓိက အလုပ္က အစိမ္းေရာင္ ေကာင္ႀကီးေတြ လာရင္ ျမက္ႏႈတ္ျပရမယ္။ ကေလးေတြ စာတကယ္ တတ္တာ မတတ္တာထက္ ေက်ာင္းေတြ အရမ္းတက္ပါတယ္ဆိုၿပီး စာရင္းျပရမယ္။ က်ဴရွင္ အတင္းတက္ခိုင္းရမယ္။ ဖားရင္းနဲ႔ တက္သြားတဲ့ ဖားလက္တက္လို လုပ္ရမယ္။ ၿပီးရင္ အပီအျပင္ ‘မ’ ျပရမယ္”

“ထမင္းဟင္းကေတာ့ အျမဲတမ္းစိုစိုေျပေျပရွိမွာမဟုတ္ဘူး။ လိုအပ္ရင္ ကိုယ္တိုင္ဝင္ခ်က္ရမယ္။ အဝတ္အစား ေလၽွာ္ဖြပ္တာ မီးပူတိုက္တာ ကၽြမ္းက်င္ရဲ့လား။ မယားက လုပ္ေပးလိမ့္မယ္လို႔ မေမၽွာ္လင့္နဲ႔။ ေနာက္ဆုံးတစ္ခုက ဆရာမေတြဟာ ေက်ာင္းမွာ ျပန္ေျပာခြင့္ မရသ၍ အိမ္က်ရင္ ေပါက္ကြဲလိမ့္မယ္။ ဒါေလးေတြပါ ထည့္စဥ္းစားပါ။

“ဂ်ာ” “ေက်ာ္” ဒီေက်ာင္းေရွ႕ကို ေနာက္မလာေတာ့ပါဘူးဂ်ာ” “ေက်ာ္” လူပ်ိဳႀကီးပဲလုပ္ပါေတာ့မယ္။

unicode

ကျောင်းဆရာမကို ရည်းစားစကားလိုက်ပြောရာမှ ကျောင်းရှေ့တောင် ဖြတ်မလျှောက်ရဲတော့တဲ့ အဖြစ်…

ဒီမှာ ရှင်.. မယောင်မလည်နဲ့ ဒီကျောင်းနားမှာဝေ့လည် ဝေ့လည်လုပ်နေတာကြာပြီ။ ကျောင်းထဲကပစ္စည်း ဘာအလစ်သုတ်မလို့လဲ။ “ဟာ မ …မဟုတ်ပါဘူး ဆရာမ ” “ကျော်က ကျောင်းထဲကပစ္စည်းစိတ်မဝင်စားဘူး။” “ရှင်” “အာ့ဆို ရှင်က ဘာကိုစိတ်ဝင်စားတာလဲ”

“ဆရာမကို” “ဘာ” ကျမကို ဟုတ်လား” “ဟာ ဆရာမ စိတ်မဆိုးနဲ့နော်.. ကျော်တောင်းပန်ပါတယ်” “ရှင်က လက်ထပ်ဖို့ ရည်ရွယ်ထားသလား” “ခင်ဗျာ ဟို … ဟို အဲ လောက်တော့ ကျော်မစဉ်းစားရသေးဘူး”

“ဒီမှာ ကျမတို့ စကစ ပညာရေးဌာနမှာ အစမ်းခန့်ဆိုတာမရှိဘူး၊ ခန့်မယ်ဆို တခါထဲခန့်တယ်။ အဲဒီတော့ ဆရာမကို ရည်းစားထားချင်ရင် စမ်းသပ်ကာလဆိုတာမရှိဘူး။ လက်ထပ်ဖို့ သေချာမှရည်းစားစကားပြော ဟုတ်ပြီလား”

“ဟုတ်ကဲ့ ဒါဆို ” “နေပါအုန်း စကားပြောလို့မပြီးသေးဘူး ရှင့်။ စကစ လက်အောက်က ဆရာမကို လက်ထပ်မယ်ဆိုရင် ဒါတွေပါစဉ်းစား။ “ဟုတ်ကဲ့ ပြောပါခင်ဗျာ”

“ကျမတို့က မဲရုံမှုးလုပ်ရတယ်။ “ပြည်ထောင်စုနေ့” “လွတ်လပ်ရေးနေ့” “အာဇာနည်နေ့” “ဒီဇင်ဘာအားကစားလ လမ်းလျှောက်ပွဲ မနက် ၄ နာရီထပြီးလိုက်ပို့ရမယ်။ မဲရုံမှာ ညဉ့်နက်နေရင် ညအိပ်စောင့်ပေးရမယ်။ စနေ / တနင်္ဂနွေ ပိတ်ရက်ဆိုတာရှိတော့ရှိတယ်။

လိုအပ်ရင် စနေဖြစ်ဖြစ် တနင်္ဂနွေ ဖြစ်ဖြစ်ကျောင်းတက်ရတယ်။ စနေ/ တနင်္ဂနွေရယ်လို့ အတူနေရမယ်မထင်နဲ့။ ကျောင်းပြင်ပ ပညာရေးအတွက်ရပ်ကွက်ထဲမှာ တစ်အိမ်တက်ဆင်း ကျောင်းသားစာရင်းလိုက်ကောက်တဲ့အခါ လိုအပ်တဲ့အခါ ရှင်လိုက်သင့်ရင်လိုက်ရမယ်။ အမူးသမားတွေ အိမ်မှာ စာရင်းကောက်တဲ့အခါအရစ်ခံရတာများတယ်”

“ရှင် ကွန်ပျူတာ စာစီစာရိုက်ကော ရလား၊ မေးခွန်းနဲ့အမှတ်ပေးစည်းမျဉ်းက အလှည့်ကျရေးရတာ အပြင်မှာမပေါက်ကြားအောင် အိမ်မှာပဲ စာစီရတာ၊ ကွန်ပျူတာ ကျွမ်းအောင်လုပ်ထားပါ” “နောက်ပြီး လစဉ်ဖြေတဲ့ရမှတ်တွေ ခုနှစ်ကြိမ်ပေါင်း ခုနှစ်နဲ့စား ပျမ်းမျှရှာ၊ အပေါင်းအနှုတ် အမြှောက်အစား ရှင်ကျွမ်းကျင်ရဲ့လား၊ လိုအပ်ရင် ရှင် ကူလုပ်ရမယ်”

“အဓိက အလုပ်က အစိမ်းရောင် ကောင်ကြီးတွေ လာရင် မြက်နှုတ်ပြရမယ်။ ကလေးတွေ စာတကယ် တတ်တာ မတတ်တာထက် ကျောင်းတွေ အရမ်းတက်ပါတယ်ဆိုပြီး စာရင်းပြရမယ်။ ကျူရှင် အတင်းတက်ခိုင်းရမယ်။ ဖားရင်းနဲ့ တက်သွားတဲ့ ဖားလက်တက်လို လုပ်ရမယ်။ ပြီးရင် အပီအပြင် ‘မ’ ပြရမယ်”

“ထမင်းဟင်းကတော့ အမြဲတမ်းစိုစိုပြေပြေရှိမှာမဟုတ်ဘူး။ လိုအပ်ရင် ကိုယ်တိုင်ဝင်ချက်ရမယ်။ အဝတ်အစား လျှော်ဖွပ်တာ မီးပူတိုက်တာ ကျွမ်းကျင်ရဲ့လား။ မယားက လုပ်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။ နောက်ဆုံးတစ်ခုက ဆရာမတွေဟာ ကျောင်းမှာ ပြန်ပြောခွင့် မရသ၍ အိမ်ကျရင် ပေါက်ကွဲလိမ့်မယ်။ ဒါလေးတွေပါ ထည့်စဉ်းစားပါ။

“ဂျာ” “ကျော်” ဒီကျောင်းရှေ့ကို နောက်မလာတော့ပါဘူးဂျာ” “ကျော်” လူပျိုကြီးပဲလုပ်ပါတော့မယ်။