ၾကားသိရသမွ်

“လူ့မစင်မှ လျှပ်စစ်ဓာတ်ပြန်လည်ထုတ်လုပ်ပေးသော အိမ်သာ တောင်ကိုရီးယားတီထွင်”

“လူ႔မစင္မွ လွ်ပ္စစ္ဓာတ္ျပန္လည္ထုတ္လုပ္ေပးေသာ အိမ္သာ ေတာင္ကိုရီးယားတီထြင္”

လူ႔မစင္မွ်လူ႔မစင္မွ် လွ်ပ္စစ္ဓာတ္အားျပန္လည္ ထုတ္လုပ္ေပးႏိုင္ေသာ အိမ္သာတစ္မ်ိဳးကို ေတာင္ကိုရီးယားႏိုင္ငံ အာလ္ဆန္အမ်ိဳးသားသိပၸံႏွင့္ နည္းပညာတကၠသိုလ္(Ulsan National Institute of Science and Technology – UNIST)မွ ၿမိဳ႕ျပႏွင့္ သဘာဝပတ္ဝန္းက်င္အင္ဂ်င္နီယာပညာရပ္ ပါေမာကၡ ခ်ိဳေဂ်းဝန္က စမ္းသပ္တီထြင္လိုက္သည္။

အဆိုပါအိမ္သာကို “ဘီးဗီ(BeeVi)”ဟု အမည္ေပးထားၿပီး Bee ႏွင့္ Vision အဂၤလိပ္ေဝါဟာႏွစ္ခုကို တြဲစပ္ထားျခင္းျဖစ္သည္။ ယင္းအိမ္သာကို အာလ္ဆန္တကၠသိုလ္အတြင္းတြင္ စမ္းသပ္တပ္ဆင္ေပးထားသည္။

အိမ္သာတြင္းသို႔ေရာက္ရွိလာေသာ မစင္ႏွင့္ က်င္ငယ္ရည္မ်ားမွ မီသိန္းဓာတ္ေငြ႕ကိုျပန္လည္ထုတ္လုပ္ကာ ယင္းကို အပူစြမ္းအင္အျဖစ္ေျပာင္းလဲျခင္းျဖစ္သည္။

လူတစ္ဦးသည္ တစ္ေန႔လွ်င္ ၅၀၀ ဂရမ္မွ် အေလးခ်ိန္ရွိေသာ မစင္ကိုစြန႔္ေလ့ရွိၿပီး၊ ယင္း မစင္ပမာဏကို မီသိန္းဓာတ္ေငြ႕အျဖစ္ေျပာင္းပါက မီသိန္းဓာတ္ေငြ႕ လီတာ ၅၀ ပမာဏကိုရရွိမည္ျဖစ္ကာ ယင္းမွတစ္ဆင့္ လွ်ပ္စစ္ဓာတ္အား ၅၀၀ ဝပ္ကို ထုတ္လုပ္ႏိုင္ေၾကာင္း၊

အဆိုပါ လွ်ပ္စစ္ဓာတ္အားသည္ လွ်ပ္စစ္ကားတစ္စီးအား တစ္မိုင္၏ ၄ပုံ၃ပုံအေဝးအထိေမာင္းႏွင္ေစႏိုင္ေၾကာင္းကိုလည္း ပါေမာကၡ ခ်ိဳေဂ်းဝန္က ရွင္းျပသည္။

“ကြၽန္ေတာ္တို႔ဟာ မစင္ကို ညစ္ပတ္တဲ့အရာေတြလို႔ အၿမဲထင္ခဲ့ၾကပါတယ္။ ခုေတာ့ အဲဒီမစင္ေတြကေန ေငြျပန္ရဖို႔ အခြင့္အလမ္းရွိလာေနပါၿပီ”ဟု ပါေမာကၡ ခ်ိဳေဂ်းဝန္ကေျပာသည္။

“ေနာင္ဆိုရင္ အိမ္သာထဲမွာ အေပါ့အပါး အေလးအပင္စြန႔္သူေတြဟာ ပိုက္ဆံေတြရလာပါေတာ့မယ္”ဟုလည္း သူကေျပာသည္။

Credit

Unicode

“လူ့မစင်မှ လျှပ်စစ်ဓာတ်ပြန်လည်ထုတ်လုပ်ပေးသော အိမ်သာ တောင်ကိုရီးယားတီထွင်”

လူ့မစင်မျှလူ့မစင်မျှ လျှပ်စစ်ဓာတ်အားပြန်လည် ထုတ်လုပ်ပေးနိုင်သော အိမ်သာတစ်မျိုးကို တောင်ကိုရီးယားနိုင်ငံ အာလ်ဆန်အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်(Ulsan National Institute of Science and Technology – UNIST)မှ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာပညာရပ် ပါမောက္ခ ချိုဂျေးဝန်က စမ်းသပ်တီထွင်လိုက်သည်။

အဆိုပါအိမ်သာကို “ဘီးဗီ(BeeVi)”ဟု အမည်ပေးထားပြီး Bee နှင့် Vision အင်္ဂလိပ်ဝေါဟာနှစ်ခုကို တွဲစပ်ထားခြင်းဖြစ်သည်။ ယင်းအိမ်သာကို အာလ်ဆန်တက္ကသိုလ်အတွင်းတွင် စမ်းသပ်တပ်ဆင်ပေးထားသည်။

အိမ်သာတွင်းသို့ရောက်ရှိလာသော မစင်နှင့် ကျင်ငယ်ရည်များမှ မီသိန်းဓာတ်ငွေ့ကိုပြန်လည်ထုတ်လုပ်ကာ ယင်းကို အပူစွမ်းအင်အဖြစ်ပြောင်းလဲခြင်းဖြစ်သည်။

လူတစ်ဦးသည် တစ်နေ့လျှင် ၅၀၀ ဂရမ်မျှ အလေးချိန်ရှိသော မစင်ကိုစွန့်လေ့ရှိပြီး၊ ယင်း မစင်ပမာဏကို မီသိန်းဓာတ်ငွေ့အဖြစ်ပြောင်းပါက မီသိန်းဓာတ်ငွေ့ လီတာ ၅၀ ပမာဏကိုရရှိမည်ဖြစ်ကာ ယင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၅၀၀ ဝပ်ကို ထုတ်လုပ်နိုင်ကြောင်း၊

အဆိုပါ လျှပ်စစ်ဓာတ်အားသည် လျှပ်စစ်ကားတစ်စီးအား တစ်မိုင်၏ ၄ပုံ၃ပုံအဝေးအထိမောင်းနှင်စေနိုင်ကြောင်းကိုလည်း ပါမောက္ခ ချိုဂျေးဝန်က ရှင်းပြသည်။

“ကျွန်တော်တို့ဟာ မစင်ကို ညစ်ပတ်တဲ့အရာတွေလို့ အမြဲထင်ခဲ့ကြပါတယ်။ ခုတော့ အဲဒီမစင်တွေကနေ ငွေပြန်ရဖို့ အခွင့်အလမ်းရှိလာနေပါပြီ”ဟု ပါမောက္ခ ချိုဂျေးဝန်ကပြောသည်။

“နောင်ဆိုရင် အိမ်သာထဲမှာ အပေါ့အပါး အလေးအပင်စွန့်သူတွေဟာ ပိုက်ဆံတွေရလာပါတော့မယ်”ဟုလည်း သူကပြောသည်။

Credit