အချစ်ရေးမှာ အစစအရာရာ နှစ်ဦးနှစ်ဖက်မျှမျှတတဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ယောက်ကပဲအမြဲပေးဆပ်နေရတာက ဘယ်တော့မှမဖြစ်သင့်တဲ့အရာပါ။ ကိုယ်ချစ်တဲ့သူကို အရာရာအလျှော့ပေးပြီး ပေးဆပ်နေလို့ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်ပိုချစ်လာလိမ့်မယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အချစ်ရေးမှာ တစ်ဖက်သတ်တည်းအမြဲပေးဆပ်လေ အဲ့ဒီအချစ်ရးက ပိုဆိုးလေဖြစ်လို့ပါ။ အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဒီလိုရှိပါတယ်။
(၁) နားလည်ပေးလွန်းတဲ့အခါ တာဝန်တစ်ခုလိုဖြစ်လာတယ်
ကိုယ်ကချစ်လို့ အလိုက်သိနားလည်ပေးတာက တစ်ခါကနေနှစ်ခါ၊သုံးခါ စသဖြင့် များလာတဲ့အခါ ကိုယ်နားလည်ပေးတာက အသိအမှတ်ပြုမခံရတော့ဘဲ ကိုယ့်ဘက်ကလုပ်ကိုလုပ်ပေးရမယ့် တာဝန်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။ ဆက်တိုက်နားလည်သည်းခံလာပြီး တစ်ခါလောက် ပေါက်ကွဲလိုက်မိရင်ကို သူ့အမှားမဟုတ်တော့ဘဲ ကိုယ့်အမှားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ချစ်လို့ဆိုပြီး နားလည်ပေးလွန်းတာက နှစ်ယောက်ကြားက စိတ်ခံစားချက်တွေကို အဆင်မပြေဖြစ်စေပါတယ်။
(၂) ပေးဆပ်လွန်းတာက တန်ဖိုးမဲ့စေတယ်
ကိုယ့်ဘက်က အမြဲလိုလို အရာရာကိုအလိုက်သိပြီးပေးဆပ်လွန်းတာက ကိုယ့်ရဲ့တန်ဖိုးကိုတဖြည်းဖြည်းနည်းလာစေပြီး နောက်ဆုံးမှာတန်ဖိုးမဲ့သွားစေပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ပေးဆပ်မှုတန်ဖိုးကိုနားမလည်တဲ့သူကို ပေးဆပ်ပြီးမနေသင့်ပါဘူး။
(၃) နွေးထွေးလုံခြုံမှုကိုမခံစားရဘူး
ချစ်ခြင်းမေတ္တာဟာ လုံခြုံနွေးထွေးမှုကိုခံစားရစေပါတယ်။ ကိုယ့်ကိုချစ်လာစေဖို့ရည်ရွယ်ချက်နဲ့ ပေးဆပ်နေခြင်းက စိတ်ထဲကနွေးထွေးလုံခြုံမှုကိုမခံစားရဘဲ တဖြည်းဖြည်းနဲ့အထီးကျန်တဲ့ခံစားချက်ကိုဖြစ်လာစေပါတယ်။
(၄) ချစ်သူတွေဆိုတာထက် သူစိမ်းတွေလိုဖြစ်လာမယ်
လူနှစ်ယောက်ကြားကဆက်ဆံရေးကအရမ်းတစ်ဖက်သတ်ဆန်နေတဲ့အခါ အဲ့ဒီလူနှစ်ယောက်ကအရမ်းချစ်နေရင်တောင် ကြာလာရင် စိတ်နှလုံးသားချင်းဝေးကွာလာပြီး တဖြည်းဖြည်းနဲ့သူစိမ်းတွေလိုဖြစ်လာနိုင်ပါတယ်။ တစ်ယောက်ကအရမ်းပေးဆပ်လွန်းပြီး တစ်ယောက်ကလစ်လျူရှုလွန်းလာတဲ့အခါ သူစိမ်းဆန်တဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေပါတယ်။
Credit
Unicode
အချစ်ရေးမှာတစ်ယောက်ကအမြဲအလျှော့ပေးလွန်းခြင်းက ဆိုးကျိုးကိုသာပိုဖြစ်စေပါတယ်